NEWS

ထိုင်းရောက် မြန်မာအလုပ်သမားများအားထိရောက်စွာအကူအညီပေးနိုင်ရေး NUG အလုပ်သမားရေးဝန်ကြီးဌာနနှင့် ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီ​သောအဖွဲ့အစည်းများဆွေးနွေး

CoverLogo
1.4K Views

ယမန်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ခဲ့တယ်လို့သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ပေးနိုင်ရေး ဖွဲ့စည်းထားသော မြန်မာရွှေ့ပြောင်းအလုပ် သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ)တို့၏ ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၁-၁၁-၂၀၂၁ တနင်္ဂနွေနေ့ ညနေပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွှတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီး ဦးကျော်နီ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကော်မတီ(ထိုင်းနိုင်ငံ) မှတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရမှ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား များနှင့်စပ်လျဉ်း၍ ထိရောက်စွာ ကူညီဆောင်ရွက် ပေးနိုင်ရန် ထိုင်းနိုင်ငံအစိုးရမှ အမျိုးသားညီညွှတ်ရေးအစိုးရကို အသိ အမှတ်ပြု လက်ခံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ်နှင့် CI သက်တမ်းကုန်ဆုံးတော့မည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသက်တမ်းတိုးနိုင်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်‌ရေးတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့အလုပ်သမားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။


Related posts

Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026