NEWS

ထိုင်းဖက်ကမြန်မာ MOU အလုပ်သမားတွေခေါ်ယူဖို့ကွာရန်တင်းဝင်ကြေးကြောင့်ကြန့်ကြာနေပြန်

CoverLogo
1.4K Views

ထိုင်းနိုင်ငံဖက်ကပြည်ပအလုပ်သမားခေါ်ယူတော့မယ်လို့သတင်းတွေထွက်လာပြီးနောက် ထိုင်း - မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်,လုပ်ကိုင်ကြမည့် အလုပ်သမားများကို လာမည့် မတ်လ (သို့မဟုတ်) ဧပြီလဆန်းပိုင်တွင် စတင်စေလွှတ်နိုင်တော့မှာဖြစ်တယ်လို့ Myanmar Labour News ရဲ့ထိုင်းနိုင်ငံဆိုင်ရာသတင်းအရင်းအမြစ်ကဆိုပါတယ်။

မြန်မာ MOU လုပ်သားတဦးအနေနဲ့ထိုင်းနိုင်ငံကိုတရားဝင်လာရောက်လုပ်ကိုင်မယ်ဆိုရင်နှစ်နိုင်ငံနယ်စပ်ဂိတ်တွေမှာကွာရန်တင်းဝင်ရမှာဖြစ်ပြီးကွာရန်တင်းဝင်ကြေးအဖြစ်အလုပ်သမားတဦးကို ဘတ် ၇၀၀၀ နဲ့ ၈၀၀၀ ကြားမြန်မာငွေငါးသိန်းနီးပါးပေးဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။

"ထိုင်းဖက်ကလဲမြန်မာဖက်ကအဆင်သင့်မဖြစ်သေးဘူးဆိုပြီးဘောလီဘောပုတ်နေတယ်ဗျာ မဲဆောက်ကကွာရန်တင်းစင်တာကလဲလူနဲနဲလေးဆန့်တာ၊ ရနောင်းမှာကတော့နှစ်ထောင်လောက်ဆန့်တဲ့ဟာလုပ်ထားတယ် ကွာရန်တင်းစင်တာဝင်ကြေးကလဲ အလုပ်သမားတယောက်ကိုဘတ် ၈၀၀၀ လောက်ပေးရမှာဆိုတော့မြန်မာဖက်ကထိုင်းအလုပ်ရှင်တွေပေးဖို့တောင်းဆိုထားတယ်"လို့ထိုင်းနိုင်ငံရှိသတင်းအရင်းအမြစ်ကပြောပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံဘက်မှ MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့  သွားရောက်လုပ်ကိုင်ကြမည့် အလုပ်သမားများက အဆင်သင့် ဖြစ်နေသော်လည်း ထိုင်းဘက်က မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ထိုင်နိုင်ငံသို့ ဝင်ရောက်သည့်အခါ ကျန်းမာရေး စီစစ်မှုများပြုလုပ်ပြီး ကွာရန်တင်းဝင်ရန် နေရာဌာနများ အဆင့်သင်မဖြစ်သေး၍၊ အလုပ်သမားများ စေလွှတ်နိုင်ရေးကိစ္စ နှောင့်နှေးကြန့်ကြာနေရတယ်လို့မြန်မာဖက်ကတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ထိုင်း - မြန်မာ နယ်စပ်၊ မြဝတီ - မဲဆောက်ဂိတ်မှ  အလုပ်သမားဦးရေအများဆုံး စေလွတ်ရန် ကြိုတင်ပြင်ဆင်ထားသော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လူဦးရေ ၅၀၀ ခန့်သာ ဝင်ဆန့်သည့် ကွာရန်တင်းစင်တာ တစ်ခုတည်းသာ ရှိသေးတယ်လို့လဲသိရပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ထိုင်းနိုင်ငံနှင့် နစ်နိုင်ငံသဘောတူ MOU ကိစ္စရပ်များအစည်းအဝေးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်အခါ ကွာရန်တင်းဝင်ရသည့် ကုန်ကျစရိတ်ကို ထိုင်းလုပ်ငန်းရှင်မှ တာဝန်ယူပေးရန်နှင့် ကျန်းမာရေးစစ်ဆေးမှု ကုန်ကျစရိတ်အပါအဝင် အခြားလိုအပ်သည့် အချက်အလက်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန သို့ တောင်းဆိုထားပါတယ်။

"ခုခေါ်တာတော့အထည်ချုပ်နဲ့ပန်းရံတွေများတယ်ဒါတွေပဲရှိတာပဲ အသားငါးစက်ရုံကတော့ရှားတယ်"လို့ထိုင်းရောက်မြန်မာလုပ်သားတဦးကဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့် လိုင်စင်ရ အေဂျင်စီအရေအတွက်မှာ ၁၁၄ ခု ရှိကြောင်း သိရပြီး ယင်း လိုင်စင်ရ အေဂျင်စီများက ယခင်က ဝန်ဆောင်စရိတ် ကောက်ခံရာတွင် တစ်ဦးကို  ငွေကျပ် ၁၅၀၀၀၀ သာ ကောက်ခံသော်လည်း၊ ယခုအခါတွင် ထိုင်း+ မြန်မာ ငွေကြေးအပြောင်းအလည်းကြောင့် ငွေကျပ် ၃၀၀၀၀၀ အထိ ကောက်ခံသွားမှာဖြစ်‌ကြောင်း သိရပါတယ်။

 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026