NEWS

ထိုင်းနိုင်ငံတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာ(၄၃)ဦး ဖမ်းဆီးခံရ

CoverLogo
1.2K Views

ထိုင်းနိုင်ငံ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ Army PR Center ကသတင်းထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီလ ၁၁ ရက် မနက် ၃ နာရီက ပရာကျွတ်ခီရီခမ်မြို့နယ်မှာ ၂၃ ယောက် ၊  ညနေ ၃  နာရီခွဲမှာ ၈ ယောက် နဲ့  ကန်ကျနဘူရီခရိုင်မှာ လမ်းပြ ၁ ယောက် အပါအဝင်  ၁၂  ယောက် စုစုပေါင်း ၄၃  ယောက်ကို ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

 


တရားမဝင်မြန်မာလုပ်သား ၄၃ ဦးတို့က  ထားဝယ်၊ ပဲခူး၊ ရန်ကုန်နဲ့ မော်လမြိုင်ဒေသကနေ လာခဲ့ကြတာလို့ သိရပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ဖို့ ပွဲစားခအနေဲ့ တစ်ယောက် ကို ဘတ် ၁၅၀၀  ကနေ  ၂၅၀၀၀  အထိ ပေးခဲ့ရပါတယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၃  ဦးကို နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ခရိုင်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026