NEWS

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သားမိသားစုထိုင်းအစိုးရထီ ဘတ် ၆ သန်းဆု ဆွတ်ခူး

CoverLogo
117 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း ခွင် တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာ ထိုင်းအစိုးရ ထီ ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဘတ် ၆ သန်းဆု ဆွတ်ခူးခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၂၁၃၃၈၈ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ပြီး ကံထူးရှင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ထီဆုကြီး ကံထူးခဲ့တဲ့ မြန်မာလုပ်သားဇနီးမောင်နှံဟာ ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အလုပ်ကပြန်လာချိန် ၎င်းတို့ရဲ့ သားလေးကို ထီလက်မှတ်သွားဝယ်ခိုင်းရာမှ ၎င်း ထီလက်မှတ်ကနေ ဘတ် ၆ သန်းဆုပေါက် တာဖြစ်တယ်လို့ သိရပါတယ်။
ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးဟာ ဆုငွေထုတ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ် ကိုရဲမင်းအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံတဲ့ အတွက် MHAC ရုံးအဖွဲ့က မေလ ၆ ရက်နေ့မှာ နေ့ချင်းပြီးဆုငွေထုတ်ယူပေးခဲ့ပြီး ကာ ယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုရဲမင်းဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းအစိုးရထီရဲ့ အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက်တဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အခုအကြိမ်အပါအဝင် ဆုငွေထုတ်ယူရာမှာလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ရာ မှာ နှစ်စောင်တွဲ ကံထူးရှင် (၇) ဦး အပါအဝင် ကံထူးရှင် (၅၇) ဦးအထိ ရှိပြီဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
Hope one စက်ရုံ အခွင့်အရေးများ လျှော့ချ
Jun 18, 2025
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ Casico Garment အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်
Jun 18, 2025
Cover
ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက် အတွက် အထည်ချုပ်အသင်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆို
Jun 18, 2025
Cover
New Plus စက်ရုံမှာ ဘာတွေ ဖြစ်နေလဲ
Jun 18, 2025
Cover
Shi An Myanmar အထည်ချုပ် နားရက် တနင်္ဂနွေနေ့ပါ အချိန်ပို လုပ်ကိုင်ခိုင်း
Jun 18, 2025
Cover
Tianjin Fashion Milestone စက်ရုံ ကြိုပို့ယာဉ် နောက်ကျမှု အလုပ်သမားများ အခက်တွေ့
Jun 18, 2025
Cover
Chisheng စက်ရုံလုပ်သားများအား နို့တစ်ပေးအလုပ်ထုတ်မည်ဟု စက်ရုံမန်နေဂျာ ပြောဆို
Jun 18, 2025
Cover
Rong Da အထည်ချုပ် စက်ရုံနှင့် အလုပ်သမားများ သဘောတူညီမှုရ၊ တောင်းဆိုမှု ပြီးဆုံး
Jun 18, 2025