NEWS

ထားဝယ်တွင် ဆီတင်သင်္ဘော မီးလောင်မှုကြောင့် ၈ဦးသေဆုံး ၃ ဦးထိခိုက်ဒဏ်ရာရကာ ၁ ဦးပျောက်ဆုံးနေ

CoverLogo
513 Views

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာ မှာ ဖြစ်ပွားခဲ့တဲ့ ဆီတင်သင်္ဘော မီးလောင်တာကြောင့် သေဆုံးသူ ၈ ဦး အထိ ရှိတယ်လို့ ထားဝယ်မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အောက်တ်ိုဘာ ၁၄ရက် ညနေ ၄ နာရီ ခန့်က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ မီချီလီဆီတင်သင်္ဘာမီးလောင်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ 

မီးလောင်မှုကြောင့်  အမျိုးသား (၇)ဦး၊အမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး၊ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး တို့မှာ ဆေးရုံ မှာ ဆေးကုသမှုခံနေရကာ အမျိုးသားက (၁)ဦးကတော့ ပျောက်ဆုံးနေတယ်လို့မီးသတ်တပ်ဖွဲ့ ထံက သိရပါတယ်။ 

""သေဆုံးတဲ့အထဲမှာ ဆီတင် အချ တို့ဆီဖြည့်တာတို့ လုပ်နေတဲ့ အလုပ်သမားတွေ များတယ် ဘာကြောင့် လောင်တယ်ဆိုတာကိုတော့ မသိရသေးဘူး မီးလောင်အားကအတော်လေးပြင်းတယ် လောင်စာ ဆိုတော့ မီးသတ်တပ်ဖွဲ့တွေနဲ့လူမှုကူညီရေးအဖွဲ့တွေလည်း အတော်ကြာကြာ ငြိမ်းသတ်လိုက်ရတယ်""လို့ ထားဝယ်မြို့ကဒေသခံတစ်ဦးကပြောပါတယ်။ 

မီးလောင်မှု ကို နယ်စပ်ရေးရာဝန်ကြီးမှ အနီးကပ်ကွပ်ကဲ၍ ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးမှူးဦးဆောင်ကာ ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လှုမှုကူညီရေးအသင်းများ၊ ပြည်သူလူထုများနှင့် ပူးပေါင်းကာ မီးသတ်စက်ယာဉ် 12 စီးဖြင့် Foam အမြုပ်ဆေးရည်အသုံးပြုကာ ငြိမ်းသတ်ခဲ့ရာ အောက်တိုဘာ၁၅ ရက် မနက် ၈ နာရီခွဲ ခန့်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ ဖြေရှင်းပေးဖို့ လိုလားနေ
Oct 12, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025