NEWS

ထပ်မံရင်းနှီးမြုပ်နှံလိုက်တဲ့အထည်ချုပ်လုပ်ငန်းနဲ့ဆက်စပ်လုပ်ငန်းတွေကနေလုပ်သား၂၃၀၀ကျော်အတွက်အလုပ်အကိုင်အခွင့်လမ်းရနိုင်မယ်လို့ဆို

CoverLogo
1.7K Views

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်ငန်းအပါအဝင်ဆက်စပ်လုပ်ငန်း၄မျိုးကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မတီကနေ ဒီကနေ့သြဂုတ်လ၂၆ရက်မှာ ခွင့်ပြုပေးပြီး အဲ့ဒီ့ကနေ ဒေသခံလုပ်သား၂၃၀၀ကျော်အတွက်အလုပ်အကိုင်အခွင့်လမ်းများရ ရှိမယ်လို့ သိရပါတယ်။

အဆိုပါရင်းနှီးမြုပ်နှံဖို့ခွင့်ပြုခဲ့တဲ့လုပ်ငန်း၄မျိုးမှာ HDPE,PP Woven and Non-Woven Bags နဲ့ Sacks ဆန် packingအိတ်ပုံစံများထုတ်လုပ်တဲ့လုပ်ငန်းနဲ့CMP စနစ်နဲ့အဝတ်အထည်အမျိုးမျိုးချုပ်လုပ်တဲ့လုပ်ငန်းအစရှိတဲ့ ချုပ်လုပ်တဲ့ လုပ်ငန်းများကိုရင်းနှီးမြုပ်နှံခွင့်ပေးခဲ့ခြင်းဖြစ်ကာ လုပ်ငန်း၄မျိုးမှ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရီကန်ဒေါ်လာ၅ဒသမ ၁၄၃သန်းရှိတယ်လို့ဆိုပါတယ်။

ယနေ့ခွင့်ပြုပေးခဲ့တဲ့အထည်ချုပ်နဲ့ပတ်သက်တဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၄ခုကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၃၆၉ယောက်စာအတွက်ကို ဖန်တီးပေးသွားနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ ရဲ့တာဝန်ရှိသူတွေကထုတ်ပြန်ပြောကြားထားပါတယ်။

အထည်ချုပ်လုပ်ငန်းများနဲ့ပတ်သက်ပြီး အများဆုံး လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းတွေဟာလည်း လက်ရှိမှာ ၉၀ရာခိုင်နှုန်းအထိ လုပ်ငန်းပြန်လည် လည်ပတ်နေပြီးပြည်ပကနေ အော်ဒါမှာယူမှုတွေစက်တင်ဘာလကုန်အထိရှိနေတယ်လို့ဆိုပါတယ်။

အထည်ချုပ် လုပ်ငန်းတွေအတွက်အော်ဒါမှာယူမှုတွေကို ဥရောပနိုင်ငံတွေကနေအမှာအများဆုံးဖြစ်ပြီးလက်ရှိမှာ အော်ဒါနဲ့ကုန်ကြမ်းတွေပြန်လည်ရရှိကာ လည်ပတ်လုပ်ကိုင်နေတယ်လို့ အထည်ချုပ်အဖွဲ့ကတာဝန်ရှိသူကပြောကြားပါတယ်။

လှိုင်သာယာစက်မှုဇုန်အတွင်းမှာ လုပ်သားဦးရေ ၅၀၀ကနေ၁၀၀၀ကျော်အထိရှိတဲ့အထည်ချုပ်စက်ရုံပေါင်း၁၀၀ကျော်ရှိရာ လုပ်ငန်းအများစုမှာ လက်ခစားစနစ်နဲ့လုပ်ကိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာစက်မှုဇုန်အပါအဝင်စက်မှုဇုန်ပေါင်း၂၉ခုရှိပြီးအထည်ချုပ်လုပ်ငန်းပေါင်း ရာချီရှိနေတယ်လို့သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
CHI MEI Garment အထည်ချုပ် စက်ရုံ အချိန်ပို အတင်းအကျပ်ဆင်းခိုင်း
Aug 06, 2025
Cover
ငလျင်ဒဏ်သင့် အာမခံ လုပ်သားများ စက်တင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကျိုးခံစားခွင့်လျှောက်ထားဖို့ကြေညာ
Aug 06, 2025
Cover
Dishang Fashion (Myanmar) အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်
Aug 06, 2025
Cover
အလုပ်ပိတ်ရက်အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရ
Aug 05, 2025
Cover
ဂျပန်မှ မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူဖို့ ကမ်းလှမ်း၊ အမျိုးသမီး လုပ်သား အများဆုံးပါဝင်
Aug 04, 2025
Cover
လစာတိုးပေးရေးတောင်းဆိုတဲ့အပေါ် စက်ရုံစစ်ဆေးရေးအဖွဲ့က အလုပ်ရှင်ဘက်ကရပ်တည်ဖြေရှင်းလို့ အလုပ်သမားတွေနစ်နာ
Aug 04, 2025
Cover
ဖမ်းဆီးခံထားရတဲ့အလုပ်သမားအရေးလုပ်ဆောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုဟုဆို
Aug 04, 2025
Cover
အာဏာသိမ်းပြီးနောက် အလုပ်သမားရေးရာဝန်ကြီး ၅ ဦးအထိအပြောင်းအလဲဖြစ်၊ ဘာမှမမျှော်လင့်ကြောင်း ပြည်သူတွေတုန့်ပြန်
Aug 04, 2025