NEWS

ထပ်မံရင်းနှီးမြုပ်နှံလိုက်တဲ့အထည်ချုပ်လုပ်ငန်းနဲ့ဆက်စပ်လုပ်ငန်းတွေကနေလုပ်သား၂၃၀၀ကျော်အတွက်အလုပ်အကိုင်အခွင့်လမ်းရနိုင်မယ်လို့ဆို

CoverLogo
1.9K Views

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်ငန်းအပါအဝင်ဆက်စပ်လုပ်ငန်း၄မျိုးကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မတီကနေ ဒီကနေ့သြဂုတ်လ၂၆ရက်မှာ ခွင့်ပြုပေးပြီး အဲ့ဒီ့ကနေ ဒေသခံလုပ်သား၂၃၀၀ကျော်အတွက်အလုပ်အကိုင်အခွင့်လမ်းများရ ရှိမယ်လို့ သိရပါတယ်။

အဆိုပါရင်းနှီးမြုပ်နှံဖို့ခွင့်ပြုခဲ့တဲ့လုပ်ငန်း၄မျိုးမှာ HDPE,PP Woven and Non-Woven Bags နဲ့ Sacks ဆန် packingအိတ်ပုံစံများထုတ်လုပ်တဲ့လုပ်ငန်းနဲ့CMP စနစ်နဲ့အဝတ်အထည်အမျိုးမျိုးချုပ်လုပ်တဲ့လုပ်ငန်းအစရှိတဲ့ ချုပ်လုပ်တဲ့ လုပ်ငန်းများကိုရင်းနှီးမြုပ်နှံခွင့်ပေးခဲ့ခြင်းဖြစ်ကာ လုပ်ငန်း၄မျိုးမှ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရီကန်ဒေါ်လာ၅ဒသမ ၁၄၃သန်းရှိတယ်လို့ဆိုပါတယ်။

ယနေ့ခွင့်ပြုပေးခဲ့တဲ့အထည်ချုပ်နဲ့ပတ်သက်တဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၄ခုကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၃၆၉ယောက်စာအတွက်ကို ဖန်တီးပေးသွားနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ ရဲ့တာဝန်ရှိသူတွေကထုတ်ပြန်ပြောကြားထားပါတယ်။

အထည်ချုပ်လုပ်ငန်းများနဲ့ပတ်သက်ပြီး အများဆုံး လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းတွေဟာလည်း လက်ရှိမှာ ၉၀ရာခိုင်နှုန်းအထိ လုပ်ငန်းပြန်လည် လည်ပတ်နေပြီးပြည်ပကနေ အော်ဒါမှာယူမှုတွေစက်တင်ဘာလကုန်အထိရှိနေတယ်လို့ဆိုပါတယ်။

အထည်ချုပ် လုပ်ငန်းတွေအတွက်အော်ဒါမှာယူမှုတွေကို ဥရောပနိုင်ငံတွေကနေအမှာအများဆုံးဖြစ်ပြီးလက်ရှိမှာ အော်ဒါနဲ့ကုန်ကြမ်းတွေပြန်လည်ရရှိကာ လည်ပတ်လုပ်ကိုင်နေတယ်လို့ အထည်ချုပ်အဖွဲ့ကတာဝန်ရှိသူကပြောကြားပါတယ်။

လှိုင်သာယာစက်မှုဇုန်အတွင်းမှာ လုပ်သားဦးရေ ၅၀၀ကနေ၁၀၀၀ကျော်အထိရှိတဲ့အထည်ချုပ်စက်ရုံပေါင်း၁၀၀ကျော်ရှိရာ လုပ်ငန်းအများစုမှာ လက်ခစားစနစ်နဲ့လုပ်ကိုင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာစက်မှုဇုန်အပါအဝင်စက်မှုဇုန်ပေါင်း၂၉ခုရှိပြီးအထည်ချုပ်လုပ်ငန်းပေါင်း ရာချီရှိနေတယ်လို့သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026