NEWS

တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိသင်္ဘော နစ်မြုပ်ခဲ့လို့ ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၉ ဦးအနက် ၄ ဦးပြန်လည်တွေ့ရှိထား

CoverLogo
367 Views

တိုင်ဖွန်းမုန်တိုင်း Gaemi ကြောင့် ထိုင်၀မ်ကမ်းလွန်ရေပြင်မှာ MV FU SHUN အမည်ရှိ တန်ဇန်းနီးယားအလံတင် သင်္ဘော နစ်မြုပ်ခဲ့လို့ မြန်မာသင်္ဘောသား ၉ ဦးပျောက်ဆုံးလျှက်ရှိရာ အင်ဒို ၆ ဦးနဲ့မြန်မာ ၄ ဦးပြန်လည်တွေ့ရှိထားပြီလို့ သိရပါတယ်။ 

"ခုည ၉နာရီလောက်ကနောက်ဆုံးသိရတာက အင်းဒို၆ယောက်မြန်မာ၄ယောက် save ထားပြီလို့သိရတယ်။ ဒီဘက်ကမြန်မာမိသားစု၀င်နဲ့ ပျောက်ဆုံးနေတဲ့သူနဲ့အဆက်သွယ်ချိတ်ဆက်မိထားတယ်လို့ သိရတယ်။ ဒီဘက်ကနေချက်ချင်းသိရဖို့ဆက်သွယ်ရဖို့ကမလွယ်ကြဘူးဖြစ်နေတယ်။ ဘာလို့ဆိုဘယ်လိုင်းကနေထွက်တယ်ဆိုတာ မသိရဘူး သူတို့ရာထူးအမှန် သင်္ဘောအမှန်နဲ့ထွက်တာမဖြစ်နိုင်ဘူးလို့တော့ထင်ရတယ်။ ခုလည်းမိသားစု၀င်နဲ့ချိတ်ဆက်မိပြီး သူတို့သူဌေးကဟိုတယ်ခေါ်သွားပြီဆိုပြီး ၄ယောက်အမည်ပါထုတ်ပြောလာလို့ သိရတာ"လို့  မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်နဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။  

ထိုင်ဝမ် ကုန်တွင်းပိုင်းကို၀င်ရောက်စဉ်  တိုင်ဖွန်း Gaemi ဝင်ရောက်တိုက်ခတ်ခဲ့လို့ကျွန်းရဲ့ ကမ်းလွန်ရေပြင်မှာ ဆိုးဝါးတဲ့ရာသီဥတု အခြေအနေကြောင့် MV FU SHUN အမည်ရှိတန်ဇန်းနီးယားအလံတင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာမှာ လူနှစ်ဦးသေဆုံးပြီးမြန်မာသင်္ဘောသား ၉ ဦးပါ  ပျောက်ဆုံးလျက်ရှိတာကြောင့်  ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ အင်ဒို နိုင်ငံသား ၆ဦးနဲ့မြန်မာနိုင်ငံသား၄ဦးကို ကယ်တင်ထားပြီး ဆက်လက်ရှာဖွေနေတာဖြစ်တယ်လို့မြန်မာ သင်္ဘောသားအလုပ်သမားအသိုင်းအဝိုင်းမှ သိရပါတယ်။  

ကျွန်းရဲ့တောင်ပိုင်း ကမ်းလွန်မှာ ကုန်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာက ယင်းသသင်္ဘောပေါ်ပါ မြန်မာသသင်္ဘောသား ၉ ဦးတို့က အသက်ကယ်အင်္ကျီတွေဝတ်ကာသင်္ဘောကို စွန့်ခွာကာရေထဲခုန်ချပြီးရေစီးမှာ မျောနေခဲ့ကြတာဖြစ်သလို  ကယ်ဆယ်ရေးသမားတွေက နီးစပ်ရာ ထိုင်ဝမ်ကုန်သင်္ဘောတစ်စင်းကို ဆက်သွယ်ကာ အကူအညီပေးဖို့ အကြောင်းကြားခဲ့တာလို့ ထိုင်၀မ်မီးသတ်တာ၀န်ရှိသူကဆိုထားပြီး  အဆိုပါတန်ဇန်နီးယားအလံလွှင့်သင်္ဘောဘယ်လို နစ်မြုပ်သွားခဲ့တာလဲဆိုတာကိုတော့ အတိအကျပြောဆိုခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။  

အဆိုပါ Gaemi ဟာ ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ထိုင်ဝမ် ကုန်တွင်းပိုင်းကို အမြင့်ဆုံး လေတိုက်နှုန်း တနာရီ ၁၁၈ မိုင်နှုန်းနဲ့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဉ်ဟာ ၈နှစ်အတွင်း ထိုင်ဝမ်ကို အားအပြင်းဆုံး တိုင်ဖွန်းအဖြစ် ဝင်ရောက်လာတဲ့ Gaemi ဖြစ်သလို  ထိုင်၀မ်နိုင်ငံရဲ့အာဏာပိုင်တွေဟာ လူထောင်နဲ့ချီကို ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးထားခဲ့တာဖြစ်တယ်လို့လည်း  သိရပါတယ်။  

ဒါ့အပြင် ထိုင်ဝမ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ Gaemi ဟာ ဖိလစ်ပိုင်မှာလည်း ရာသီအလိုက် မိုးရွာသွန်းမှုတွေကို ပိုမိုဆိုးဝါးသွားစေခဲ့လို့  ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့်လူသေဆုံးမှုတွေဖြစ်ခဲ့တဲ့အပြင် ရေနံတင်သင်္ဘောတစ်စင်း မနီလာကမ်းလွန်မှာ နစ်မြုပ်သွားတာကြောင့် လောင်စာဆီယိုဖိတ်မှုကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိတယ်လို့လည်း  သိရပါတယ်။

photo-Reuters

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026