NEWS

တန်​ဆောင်မုန်း လပြည့်ည ရန်ကုန်မှာ ပံ့သကူ​​ကောက်သူများ​နေ

CoverLogo
638 Views

ဒီကနေ့ ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူစွန့်တဲ့ ငွေသားကောက်ယူသူများပြားနေပြီး ကားလမ်းမထက်တိုးဝှေ့ကောက်ယူတာတွေလည်းရှိနေပါတယ်။ 

ဒီလိုကားလမ်းမတွေထက်မှာလူစုလူဝေးနဲ့စောင့်ဆိုင်းကောက်ယူတာဟာ ပြီးခဲ့တဲ့နှစ်ကစတင်များပြားလာတာဖြစ်ပါတယ်။ 

ဒီလိုအခြေအနေကြောင့်လည်း အရှိန်နဲ့​မောင်းလာတဲ့ကား​ တိုက်မိတာ ​ကြောင့် လူအချို့ထိခိုက်မှုတွေရှိခဲ့ပါတယ်။ 

"အရှေ့တင်ကလေးလေးလဲကျတာ ကားကအရှိန်မပါလို့တော်သေးတာပေါ့။လူစုလူဝေးနဲ့လိုက်ကြတာ ကြဲသွားတဲ့ပိုက်ဆံကိုလုကြတာက အပျော်ကနေအပျက်ဖြစ်မှာစိုးရတယ်။‌​တွေ့တာကအရွယ်စုံပါပဲ။ယောင်္ကျားလေး၊ မိန်းကလေး၊ လူကြီး၊ ကလေးအစုံပဲ။တစ်ချို့ကျတော့လည်းအပျော်ရှာတာကိုလုပ်နေတာ ကား​တွေ ​တော့ အရှိန်​လျှော့​မောင်း​စေချင်တယ် "လို့ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးကပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာပြည်သူတစ်ချို့ဟာစားဝတ်နေရေးအခက်အခဲကြောင့် လူစုလူ​ဝေး နဲ့ မိသားစုလိုက်ပံ့သကူငွေကြေးရှာဖွေတာတွေရှိလာပါတယ်။ 

"မနှစ်ကမှဒီလိုလမ်းမပေါ်တွေမှာပံ့သကူပစ်မယ့်ကား‌​တွေ ကိုလူစုလူဝေးနဲ့ရပ်စောင့်ကြတာတွေ့ရတာ။အဆင်မပြေတဲ့လူတွေလည်းအရမ်း များနေတာ ။ ​ ချစ်ဖို့ကောင်းတဲ့ဓလေ့ကတဖြေးဖြေးအကျည်းတန်လာတယ်တော့ခံစားမိတယ် "လို့ပြည်သူတစ်ဦးကပြောပါတယ်။ 

ဒီလိုလူစုလူ‌​ဝေးနဲ့ပံ့သကူ​ကောက်ယူတာ‌​တွေ ‌​ကြောင့် အသေးစားထိခိုက်မှုတွေရှိတတ်တာ​ကြောင့် သတိထားသွားလာကြဖို့ လူမှုကယ်ဆယ်ရေးအသင်းအချို့ကလည်းထောက်ပြပြော‌ဆိုထားပါတယ်။ 

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026