NEWS

တနင်္ဂနွေ အလုပ်ပိတ်ရက်ပေးစေလို။

CoverLogo
652 Views

#အလုပ်သမားရေးရာ ပေးစာကဏ္ဍ

ပေးစာ ဖော်ပြပေးစေချင်ပါတယ်၊ Myanmar RUIXIN shoes စက်ရုံကပါ။ 

ကျမတို့တွေ အရင်လထဲက ot အိုတီ တရက်မှ မနားပဲဆင်းနေရလို့ပါ၊ တနင်္ဂနွေနေ့ ot ကို အတင်းလက်မှတ်ထိုးခိုင်းပါတယ်။ မထိုးရင် ခေါ်ဆူပါတယ်။ စနေနေ့တောင် ၇ နာရီခွဲ  ထိဆင်းရပါတယ်။ 
လစာထုတ်ရက်ဆို ၅ နာရီ ဆိုပြီး ပိုက်ဆံထုတ်တာ နောက်ကျလို့ဆိုပြီး ၆ နာရီခွဲမှ ပြန်ခိုင်းပါတယ်။

အိမ်သာမှာဆိုလဲ ဆပ်ပြာမရှိပါဘူးရှင့်  စစ်ဆေးရေးလာတဲ့နေ့ပဲ ထားပေးပါတယ်၊ လာရင်လဲ ot မရှိပါဘူး အပတ်တိုင်း ပိတ်ပါတယ်လို့ ညာဖြေခိုင်းပါတယ်ရှင့်။ ကျမတို့ ot မဆင်းချင်ပဲနဲ့ဆင်းနေရပါတယ်ရှင့်။

ကူညီပေးပါနော် အိုတီနေ့တိုင်းဆင်းရပါတယ်။
အလုပ်၀င်ချိန် မနက် ၇ ခွဲ ကနေ ည ၇ ခွဲပါ။ စနေနေ့ထိ အဲ့တိုင်းဆင်းရပါတယ်ရှင့်
တနင်္ဂနွေဆို ညနေ ၅ နာရီအထိပါရှင့် မဆင်းရင် ခေါ်ဆူပါတယ်ရှင့်။

အခုထိတရက်မှ မနားရသေးပါဘူးရှင့်။
စနေနေဆို ၅ နာရီနဲ့ တနင်္ဂနွေနေ့လေး ပိတ်စေချင်ပါတယ်။
စက်ရုံက လူဦးရေများပါတယ်။ 

တနင်္ဂနွေအပါ တလလုံးဆင်းမှ လစာ ၅ သိန်း ဝန်းကျင်ပါ။
တနင်္ဂနွေနေ့လေး လက်ငင်းရှင်းပေးရင် ပိုကောင်းပါတယ်။
မဆင်းရရင်တော့ပိုကောင်းတာပေါ့ရှင့်။
ရက်မှန်ကြေး ၂၀၀၀၀ နဲ့ ကျွမ်းကျင်ကြေးဆိုပြီး ၁၀၀၀၀ ထည့်ပေးပါတယ်ရှင့်။

ရက်မှန်ကြေးလေး အခြားစက်ရုံတွေ ပေးသလောက်လေး ပေးစေချင်ပါတယ်ရှင့်
အခြားဝန်ထမ်းတွေလဲ ot ဆင်းရလို့ ထွက်သွားတဲ့သူတွေ အများကြီးပဲရှင့်။
လစာထုတ်ရက်တောင် စော"မပြန်ရပါဘူး။
လပြည့်နေ့လဲ မပိတ် အမျိုးသားနေ့လဲ မပိတ်ပါဘူး။

တနင်္ဂနွေနေ့လေး ပုံမှန်ပိတ်စေချင်ပါတယ်ရှင့်
လစာထုတ်ရက်လေးလဲ ၄ နာရီလောက်လွှတ်ပေးစေချင်ပါတယ်။
မနက်ဆို ကားက ၆ နာရီလောက်စီရတယ် ညကျတော့လဲ မိုးချုပ်
အကုန်လုံး ပင်ပန်းနေတာလေ
ပိတ်ရက်မရှိဆိုတော့ ပိုဆိုးတာပေါ့
ဘယ်သူမှ မဆင်းချင်ပါဘူး
မဆင်းရင်လဲ နောက်တခါကျ မလာတော့ဖို့ ဆူပါတယ်
အိမ်သာမှာလဲ ဆပ်ပြာလေးထားစေချင်ပါတယ်။

(E6-8)မြစံပယ်လမ်း မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာဖွင့်ထားတာပါ။ S.Oliver ၊ Jana ၊ Scarebella တံဆိပ်တွေချုပ်တာပါ။

အလုပ်သမားတစ်ဦး။

 


Related posts

Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026