NEWS

တနင်္ဂနွေပိတ်ရက်ပါမနားရဘဲ အချိန်ပိုလုပ်ကိုင်နေရ

CoverLogo
657 Views

တရုတ်နိုင်ငံသားပိုင် Beaume International Garment Mfg Limited မှာ အများပြည်သူရုံးပိတ်ရက်တွေကိုပါ ပိတ် ရက်မပေးဘဲ အချိန်ပိုတွေ ခေါ်ယူနေတဲ့အပြင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ကူညီဖြေရှင်းပေးရ မယ့် WCC ကော်မတီကလည်း အထည်စံချိန်ပြည့်မီရေးကိုသာ တောင်းခံပေးနေတယ်လို့ စက်ရုံအလုပ်သမားတွေ က ပြောပါတယ်။ 

 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင် အား (၉၀၀) ကျော်ကို လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာ မရှိဘဲ စက်ရုံမှာ ဂျပန်အော်ဒါတွေဖြစ်တဲ့ I’Z FRONTIER၊ NEO ENGINEER GEAR တံဆိပ်နဲ့ ဂျာကင်၊ ဂျင်းဘောင်းဘီ၊ ရောင်ပြန်အင်္ကျီ၊ မိုးကာအင်္ကျီတွေ ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။ 

 

“အလုပ်ချိန်က နံနက်(၈)နာရီ (၁၅)မိနစ်ပါ။ အလုပ်ပြန်ချိန်က (၆)နာရီ (၄၅)ပါ။ စနေ‌နေ့ဆိုရင်လည်း နံနက်(၈)နာ ရီ (၁၅)မိနစ်ကနေ ည(၁၂)နာရီထိ အချိန်ပို ဆင်းရပါတယ်။ အလုပ်သမားတွေက အချိန်ပိုအိုတီတွေကို ညဘက်အ ထိ မဆင်းချင်လည်း အလုပ်ရှင်က ဖိအားပေးတော့ အချိန်ပိုတွေကို မဆင်းချင်လည်း ဆင်းရပါတယ်။ အရေးကြီး တဲ့အော်ဒါရှိတယ်ဆိုရင် မိုးလင်းပေါက် အချိန်ပိုအိုတီဆင်းရပါတယ်။ ဒီလိုခဏခဏဖြစ်နေတော့ ရေရှည်ကျတော့ ကျန်းမာရေး ထိခိုက်တာတွေ ရှိလာပါတယ်။ အလုပ်သမားတွေကလည်း အချိန်ပိုတွေ မဆင်းချင်ကြတော့ပါဘူး။  တနင်္ဂနွေနေ့နဲ့ အခါကြီးရက်ကြီးတွေလည်း အလုပ်မပိတ်ဘဲ အချိန်ပိုတွေဆင်းခိုင်းပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ယောက် က ပြောပါတယ်။ 

 

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တွေကို မတရားတောင်းခံနေပြီး အထည်စတိုင်ပေါ် မူတည်ကာ လူ(၆၀) ရှိတဲ့ စက်လိုင်းတစ်လိုင်းကို တစ်နာရီကို အထည် (၄၀၀)၊ (၅၀၀)၊ (၆၀၀) အထိ တောင်းခံသလို တစ်ချို့အထည်စတိုင် တွေကို ၆၀ ၅၀ အထိ တောင်းခံနေတာ " လို့ပြောပါတယ်။ 

 

အလုပ်ရှင် တောင်းခံတဲ့ အထည်စံချိန်မရပါက စူပါတွေက  ရိုင်းစိုင်းစွာ ပြောဆိုနေတယ်လို့ ဆိုပါတယ်။ 

 

ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ရောက်ရှိပြီး ပါက နေထိုင်မကောင်းတာ၊ မိသားစု အရေးပေါ်ကိစ္စဖြစ်ပေါ်တာတို့ကိုလည်း ဂိတ်ပတ်တောင်းရင် မပေးတာ ကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ 

 

“လုပ်ငန်းခွင်ထဲမှာ WCC ရှိပါတယ်။ ဒါပေမယ့် WCC က အလုပ်သမားတွေ အခက်အခဲကို ဖြေရှင်းပေးတာ မရှိပါ ဘူး။ အလုပ်ရှင်ပြောတာကိုပဲ လိုက်လုပ်ပေးနေတာပါ။ အခုဆို WCC က သူ့အလုပ်မဟုတ်ဘဲနဲ့ စက်လိုင်းထဲမှာ အထည်စံချိန်တောင်းတာကိုပဲ လုပ်နေပါတယ်။ နောက်ပြီး အလုပ်ထဲက အိမ်သာမြောင်းက ရေမြောင်းနဲ့ဆက်ထား တာကို အနံဆိုးတွေ ထွက်နေပါတယ်။ အလုပ်ရှင်က အနံ့ဆိုးထွက်နေတာက အလုပ်သမားတွေ ကျန်းမာရေး ထိခိုက်မှုရှိလည်း ဘာမှလုပ်ပေးတာမရှိပါဘူး”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

စက်ရုံမှာ အသက်မပြည့်သေးတဲ့ (၁၄)နှစ်၊ (၁၅)နှစ်၊ (၁၆)နှစ် ကလေးအများစုကို အလုပ်ခန့်ထားပြီး နေ့စားအလုပ် သမားအနေနဲ့ ခိုင်းစေနေပါတယ်။

 

လုပ်သက် (၅)လ၊(၆)လရှိတဲ့ အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်း မခန့်ဘဲနဲ့ နေ့စားအလုပ်သမားအနေနဲ့ပဲ ခိုင်းစေနေပါတယ်။ 

 

လက်ရှိ စက်ရုံအလုပ်သမားတွေက ဒီလိုအခွင့်အရေး ချိုးဖောက် ခံနေရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။

 

စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အိမ်သာမြောင်းက အနံ့ဆိုးထွက်နေတာကို ပြုပြင်ဆောင်ရွက်ပေးဖို့၊ စံချိန်တောင်းရာမှာ  ​ေ-ာက်

နဲ့ခိုင်းနှိုင်းပြီး ရိုင်းစိုင်းစွာ မပြောဖို့၊ အလုပ်သမားတွေကို ဖိအားပေးပြီး အိုတီမဆင်းခိုင်းဖိုးနဲ့ ည(၁၂)နာရီအထိ မိုးလင်းပေါက် မဆင်းခိုင်းဖို့၊ WCC က အထည်စံချိန်မတောင်းဖို့ စတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026