NEWS

တည်ဆောက်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေလုပ်ငန်းခွင်ဝင်ဖို့ သင်တန်းပေးနေ

CoverLogo
457 Views
 
အမျိုးသမီးတွေ အနေနဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့တန်းတူအလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမို ရရှိလာနိုင်ဖို့ရည်ရွယ်ပြီး ဆောက်လုပ်ရေး ဆိုင်ရာ အတတ်ပညာတွေ ၄ လ အခမဲ့ ပါဝင်လေ့လာနိုင်တဲ့သင်တန်းကိုဒို့အိမ် Community Organization ကစီစဉ်ကာ သင်ကြားပေးနေ ကြောင်းသိရပါတယ်။
 
အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ် အစီအစဉ်ကို အသက် ၁၈ ကနေ ၄၀ နှစ် အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ စိတ်ပါဝင်စားတဲ့အမျိုး သမီးတွေ အခမဲ့ ပါဝင်နိုင်တယ်လို့ဆိုပါတယ်။
ဒို့အိမ်အနေနဲ့ အမျိုးသမီးတွေကို ဆောက်လုပ်ရေးအတတ်ပညာသင်ပေးတဲ့ ပရိုဂရမ်ကိုကာလ (၃) လနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သင်ဆင်းရမယ့် ကာလ (၁) လ၊ စုစုပေါင်း (၄) လ တာ ပါဝင်လေ့လာဖို့ပြုလုပ်ပေးထားတယ်လို့သိရပါတယ်။
 
ဒါ့အပြင် ပါဝင်လေ့လာတဲ့ကာလ တလျှောက်လုံး လိုအပ်တဲ့ ကျန်း မာရေး အာမခံနဲ့ ထောက်ပံ့မှုတွေ ရရှိနိုင်မှာဖြစ်ကြောင်းနဲ့သင်တန်း ကာလအပြီးမှာတော့ ပြီးမြောက်ကြောင်း အသိ အမှတ်ပြု လက်မှတ်ရရှိနိုင်မှာဖြစ်ပြီး လက်ရှိ ဆောက် လုပ်ရေးနယ်ပယ်အတွင်း ကျွမ်းကျင်သူတွေ ဆီ ကနေ
 
အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရယူနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်ကို စိတ်ပါဝင်စားကာ တည်ဆောက်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင်ဝင်လိုသူအမျိုးသမီးတွေအနေနဲ့ဒို့အိမ်ရဲ့ Facebook messenger ကတစ်ဆင့်ပါဝင်လျှောက်ထားသွားနိုင်တယ်လို့သိရှိရပါတယ်။
 
"အခုကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲလည်း အမျိုးသမီးတွေကဝင်ရောက်လုပ်ကိုင်နေကြပါပြီ၊ပြဿနာတစ်ခုကတော့ အမျိုးသမီး ဆောက်လုပ်ရေးလုပ်သားက အမျိုးသားပန်းရံခေါင်းဆောင်၊ ဆောက်လုပ်ရေးလုပ်သားခေါင်းဆောင်တွေရဲ့ လက်အောက်ကနေပဲ အုတ်သယ်၊ ဘိလပ်မြေ မဆလာသယ် တဲ့နေရာတွေမှာပဲလုပ်ကြရတယ်။
 
အဓိကကတော့ အုတ်စီအချောကိုင်တာတို့၊ သံဂဟေဆက်တာတို့လိုအထိရောက်ဖို့လည်း အမျိုးသမီးတွေအနေနဲ့စွမ်းနိုင်ပါတယ်။အဲ့လို အရေးကြီးတဲ့ဆောက်လုပ်ရေးအဆင့်အတွက် က သင်တန်းတွေလိုတာပေါ့၊ လက်ရှိမှာတော့ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ကလည်း အမျိုးသမီးပန်းရံသင်တန်းကို အခမဲ့ဖွင့်လှစ်နေတာရယ်၊ အခု ဒို့အိမ်ကဖွင့်တဲ့သင်တန်းရယ်ဆိုရင် နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေထဲ အမျိုးသမီးလုပ်သားတွေပါထဲထဲဝင်ဝင်ပါလာနိုင်တော့မယ်ထင်ပါတယ်"လို့ ဆောက်လုပ်ရေးလုပ်ခွင်တခုက အင်ဂျင်နီယာ တယောက်က ပြောပါတယ်။
 
ပြည်တွင်းမှာလုပ်သားရှားပါးတာကို လုပ်ငန်းခွင်အတော်များများကြုံနေရသလို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားလုပ်သားရှားပါးတာကြောင့် အမျိုးသမီးလုပ်သားတွေဝင်ရောက်လုပ်ကိုင်နေကြတာတွေလည်းရှိနေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026