NEWS

တစ်လလျှင် ၁၂ ရက်သာ အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ဦးရဲ့ပေးစာ

CoverLogo
1.2K Views

ကျွန်တော် တစ်ခါမှ မပြောဘူးပါဘူး။ ဘယ်ကို မှလည်း မတိုင်ဘူးပါဘူး။ ၀န်ထမ်းချင်းချင်း ကိုယ်ချင်းစာလို့ပါ။  COVID ကာလပိတ်ရက်မှာ အလုပ်ရှင်မှ ထောက်ပံ့ ကြေး ၅၀၀၀၀ တစ်ခါပဲရတယ်။

ကျန်တဲ့ ပိတ်ရက် လတွေမှာထောက်ပံကြေး ဘာမှ မရဘူး အာဏာမသိမ်းခင်တတည်းက ဝန်ထမ်းတွေအ တွက် လူ့မှုဖူလုံရေးကဒ်လည်း လုပ်မပေးပါဘူး။လူ့မှုဖူလုံရေးကဒ်လုပ်မပေးတဲ့တွက် Covid ကာလမှာ ဘာထောက်ပံကြေးမှမရပါဘူး။၅၀၀၀၀ တစ်ခါပဲ သူတို့ပေးပါတယ်။

(6/7 -2021) လပိုင်းမှာလည်း ၀န်ထမ်းတွေကို အလှည့်ကျဆင်းခိုင်း တစ်ပတ် ၃ ရက် ဆင်းခိုင်းပြီး Sunday ပိတ်ရက်တွေကို မပေးပါဘူး။၁၂ ရက် စာပဲ ပေးပါတယ်။ ခုဆိုပိုတောင် ဆိုးလာပါပြီ Sunday ပိတ်ရက်ပဲဖြစ်ဖြစ် တစ်ခြား ပိတ်ရက်ပဲ ဖြစ်ဖြစ် လုံးဝမပေးဘူးလို့ တောင်ဖွင့်ပြောလာပါပြီ ။ တော်တော် တရားလွန်ပါတယ်။

ဆင်းတဲ့ ၁၂ ရက်ခကိုလည်း အခြေခံလစာ ကို ၃၀ နဲ့ စားပြီး ပေးပါတယ်။ ဒီကုမ္ပဏီ က တရုတ်လူမျိုးနဲ့ အိမ်ထောင်ကျနေတဲ့ ဇနီးဖြစ်တဲ့ သူနံမည်နဲ့ တည်ထောင်ထားတာပါ။ David Snow Co.Ltd. Luxury Vinyl Floor ပါ။

David Snow ကတော့ Sale / Marketing ပါ။ Sale .Marketing . Installion အကုန်လုပ်ပါတယ်။ Uni asia ကတော့ အလူမီနီယံ စက်ရုံပါ။ Production_Installion. Marketing  လုပ်ပါတယ်။ ကုမ္ပဏီက ပိုင်ရှင်တစ်ဦးတည်းပါပဲ။ Covid ပိတ်ရက် တုန်းကလည်း တချို့ ဝန်ထမ်း တွေကို ခုချိန်ထိ ပြန်မခေါ်ပါဘူး။ဝန်ထမ်းအင်အားက ၅၀ ဝန်းကျင်ပါ ခုတော့ မပြည့်တော့ပါဘူး။

ပြန်ခေါ်မယ် အထင်နဲ့  စောင့်ရင်း စောင်.ရင်းနဲ့ တစ်ချို့ဆိုပြန်ခေါ်ဖို့ မရှိတော့ပါဘူး။ ပထမတစ်ခါလည်း အလုပ်သမားတွေ တွက် ရပိုင်ခွင့် တွေ ပြောပေးတဲ့သူတွေကို နစ်နာကြေးပေးပြီ: ထုပ်ပစ်လိုက်ပါတယ်။ ဒီအခြေအနေတွေတွေ အားလုံးကို သိစေချင်ပါတယ်။ခုချိန်က ဝန်ထမ်းတွေက ဘာမှလုပ်မရဘူးလေ။ စားဝတ်နေရေးငဲ့နေရတာနဲ့သူတို့လုပ်တာမဟုတ်မှန်းသိရက်နဲ့လည်းငြိမ်နေရတာပေါ့ လို့ ဝန်ထမ်းတစ်ဦးက ပေးပို့လာတာပါ။

နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ တိုင်စာ သို့မဟုတ် ရင်ဖွင့်စာပေးပို့လိုပါက Myanmar Labour News  FB Messanger ကနေ ပေးပို့နိုင်ပါတယ်။
 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026