NEWS

တစ်လလျှင် အချိန်ပိုနာရီ ၂၀၀ အထိလုပ်ကိုင်နေရ၊ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အလုပ်ထုတ်မည်ဟုခြိမ်းခြောက်ခိုင်းစေခံနေရဟုဆို

CoverLogo
734 Views

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ( သမကုန်းအနီး) မှာဖွင့်လှစ်ထားတဲ့ Dixinda Garment အထည်ချုပ်စက်ရုံမှာ အချိန်ပိုအလွန်အကျွံခိုင်းစေမှုတွေ ပြုလုပ်နေပြီး အချိန်ပိုဆင်းရန်ငြင်းဆန်ပါက ခွဲခြားတာ အလုပ်မှထုတ်ပယ်တာတွေအထိ ကျူးလွန်နေပြီးအထည်စံချိန်ကိုလည်း အလွန်အကျွံတောင်းခံနေလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၁၄၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ အဆိုပါစက်ရုံမှာ အလုပ်မသားသမဂ္ဂ ဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ စက်ရုံမှာ KIDS SPORTS အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအထည်စံချိန် အဆမတန်တောင်းခံနေပြီး တစ်နာရီလျင် အလုပ်သမားဦးရေ ၄၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းလျှင် လိုင်းပေါက်အထည် ၁၂၀ တောင်းခံနေပြီး အလုပ်ချိန် ၁၀ နာရီအတွက် အထည် ၁၂၀၀ ချုပ်လုပ်ပေးနေရပြီး အထည်အရေအတွက် ပြည့်မီခြင်းမရှိပါက အောစူပါ စူပါ ဝန်ထမ်းများမှ ရိုင်းစိုင်းစွာပြောဆိုမှုများ နေ့စဉ်ကြုံတွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အချိန်ပိုဆင်းရမဲ့ကိစ္စကိုလည်း ကြိုပြောတာမရှိဘူး ဆင်းဆိုဆင်းလိုက်ရတာ တစ်လလုံးနားရက်မရှိဘူး ညလုံးပေါက်တွေ မဆင်းမနေရ ဆင်းပေးနေရပါတယ် အလုပ်သမားက မဆင်းချင်ဘူးဆိုရင် အောစူပါ စူပါတွေက နောက်‌နေ့ အလုပ်လာစရာမလိုတော့ ဘူးလို့ ပြောတယ် ခွဲခြားဆက်ဆံတယ် အလုပ်ကနေထုတ်ပစ်တာတွေလုပ်တယ် အလုပ်သမားတွေက ရွေးချယ်စရာမရှိဘူးလေ ညလုံးပေါက်ဆင်းခိုင်းရင်လည်းဆင်းရတာပဲ အချိန်ပို ဘယ်လောက်ထိဆင်းရလဲဆို တစ်လကို အချိန်ပို အိုတီ နာရီ ၂၀၀ ကျော်တယ် အခုလို အချိန်ပိုတွေ မတရားဆင်းရတာ အခုကာလမှာ ပေါ်တာဆွဲတာတွေလည်းရှိတော့ စိုးရိမ်နေရတယ် "လို့ အလုပ်သမားကပြောပါတယ်။

အခုလို အချိန်ပိုကို အလွန်အကျွံခိုင်းစေမှုတွေ ကြောင့် အနားယူချိန်မရဘဲ အလုပ်သမားတွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေ များလာပြီး နေမကောင်းပါက ခွင့်ခံစားခွင့်များ ခံစားခွင့်မရခြင်း ခွင့်တိုင်ကြားသော်လည်းခွင့်မပေးသည့်အတွက်ကြောင့် တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ဖြတ်တောက်ခံရတဲ့အပြင် ရက်ပျက်တဲ့ အတွက် အငြိုးအတေးထားခြင်းပါခံနေရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာနေ့စားအလုပ်သမားတွေ အများအပြားခိုင်းစေနေပြီး မလိုအပ်ပါက အလုပ်မှ ဥပဒေမဲ့ထုတ်ပယ်မှုတွေပြုလုပ်ပြီး အလုပ်သမားရုံးက လာရောက်စစ်ဆေးလျင် ကြိုတင်အသိပေးထားတာကြောင့် နေ့စားသမားတွေကို ပုန်းအောင်းခိုင်းထားခြင်း လုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်များကို ကြိုတင်သင်ကြားပေးပြီး ဖြေဆိုစေခြင်းတို့ကြောင့် ချိုးဖောက်ခံရမှုတွေကို ပြောဆိုတိုင်ကြားဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ဝင်ချိန်မှာ နံနက် ၈ နာရီဖြစ်ပေမဲ့လည်း အောစူပါ စူပါတွေက ၇ နာရီ ၃၀ မှာပင်ဝင်ရောက်ချုပ်လုပ်ခိုင်းနေတာတွေ ပြုလုပ်နေတာလို့လည်းအလုပ်သမားကပြောပါတယ်။

အလုပ်သမား တွေရဲ့ တောင်းဆိုချက်အနေနဲ့ အလုပ်ရှင်ဘက်မှအလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကို ခံစားခွင့်ပေးရန် အချိန်ပိုအိုတီများကိုအလုပ်သမားသဘောဆန္ဒမပါပဲ အချိန်ပိုအိုတီများမခေါ်ရန်နှင့် အချိန်ပိုအိုတီများမနား မနေအောနိုက်၊အောလင်းဆင်းခိုင်းခြင်းများမပြုလုပ်ရန်၊ အလုပ်ရှင်ဘက်မှအလုပ်သမားများ အလုပ်တက်ချိန်ရောက်မှသာ အလုပ်ခိုင်းစေရန်၊ အောစူပါ၊စူပါများမှ အလုပ်သမားများကို ရိုင်းစိုင်းစွာဆဲဆိုခြင်းမပြုလုပ်ရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026