NEWS

တစ်နှစ်အတွင်း ပုသိမ်စက်မှုဇုံအလုပ်သမား ၆၀၀၀ ​ကျော်အလုပ်လက်မဲ့ ဖြစ်

CoverLogo
1.3K Views

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်းမှာ  ဧရာဝတီတိုင်း ပုသိမ်စက်မှုဇုန်က  အထည်ချုပ်စက်ရုံတစ်ရုံ ယာယီရပ်နားခဲ့ရပြီး ကျန်စက်ရုံများတွင်လည်း အလုပ်သမားဥပဒေများကိုပေါ်ပေါ်တင်တင်ချိုးဖောက်လာကြတယ်လို့ အလုပ်သမား​တွေထံကသိရပါတယ်။

"အာဏာသိမ်းတဲ့ချိန်ကစလို့ကျွန်မတို့အလုပ်သမားတွေ အလုပ်သွားအလုပ်ပြန်ချိန်တွေဆို သူတို့က သေနပ်ကြီးတကားကားနဲ့မူးရူးနေတာ  အဆောင်ပြန်တဲ့ချိန်တွေဆိုလည်း ရိသဲ့သဲ့ပြောတာတွေ ရှိတယ် ။စက်ရုံထဲမှာဆိုလဲ အပြစ်မရှိအပြစ်ရှာအလုပ်ထုတ်တယ်။ဝန်ထမ်းတွေဆန္ဒမပါဘဲ HRကနေ အလှူငွေတွေဖြတ်တယ်။ အထည်စံချိန်တွေဆိုလည်း ဒီနေ့ ၅၀ရရင်နောက်နေ့၆၀တောင်းတယ် မရရင်လီတာတွေကနေဆဲတယ်။ ခွင့်ပေးသင့်တဲ့အခြေနေတွေမှာလဲခွင့်တွေမပေးဘူး။ ဥပဒေပါခွင့်တွေယူဖို့တောင်အတော်ခက်ခဲတယ်။covidကာလ ၆ပေအကွာလဲမရှိတော့ဘူး ၊လက်ဆေးဆပ်ပြာတွေလဲရှိချင်တဲ့ချိန်မှရှိတယ် အလုပ်ဆင်းချိန်တွေဆိုလည်း ရောထွေးပြီးဆင်းကြတယ် "လို့ လက်ရှိစက်ရုံဆင်းနေတဲ့ဝန်ထမ်းတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းအလုပ်သမား ၆၀၀၀ ဝန်းကျင်အလုပ်လက်မဲ့ဖြစ်ခဲ့ ရပြီး စားဝတ်နေရေးနှင့် အလုပ်ပြန်လည်ရရှိရန်ခက်ခဲနေကြဆဲ ဖြစ်တယ်လို့ စာရင်း​တွေအရသိရပါတယ်။

"စက်ရုံယာယီပိတ်သိမ်းပြီးကတည်းကကျွန်မတို့ အားချင်းမပြန်သေးဘဲ တခြားစက်ရုံတွေမှာသွားလျှောက်တော့လဲမခေါ်ဘူး၊ ရွာပြန်တော့လဲ အလုပ်မရှိတဲ့ အတွက် မိသားစုစားဝတ်နေရေးပါခက်ခဲနေကြရတယ်"လို့အလုပ်ယာယီပိတ်သိမ်းထားသောစက်ရုံမှဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်စက်မှုဇုံတွင်  စစ်တပ်မှအာဏာမသိမ်းခင်ချိန်ထိ စက်ရုံ၊ အလုပ်ရုံ( ၈ )ရုံရှိပြီး အလုပ်သမားဦးရေ (၁၅၀၀၀)ဝန်းကျင်အလုပ်လုပ်ကိုင်လျှက်ရှိပြီး  မြန်မာနစ်တင်း (သိုးမွှေးအထည်ချုပ်စက်ရုံသည် ၂၀၂၁ခုနှစ်၊ နှစ်ဝက်တွင် အလုပ်ယာယီပိတ်သိမ်းခဲ့ပြီး အလုပ်သမား ၅၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026