NEWS

တစ်နေ့လုပ်ခ ၁ ဒေါ်လာအောက်ကိုကျဆင်းလာ

CoverLogo
504 Views

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့တစ်နေ့လုပ်ခလစာဟာလည်း  တစ်ဒေါ်လာအောက်သို့ ကျဆင်းလာနေတာကိုတွေ့ရပါတယ်။ 

"ဒီအတိုင်းဆိုရင် လုပ်ခလစာတွေတိုးပေးကြမှပဲရတော့မယ်။ မဟုတ်ရင်တော့အကုန်အပြင်ရောက်ကုန်ကြတော့မယ်"လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။  

ပြည်တွင်းအလုပ်သမားတစ်ယောက်ရဲ့ အနိမ့်ဆုံးအခကြေးငွေ တစ်နေ့လုပ်ခလစာကို  ဒေါ်လာပေါက်ဈေးအရ  ၃ ဒေါ်လာအထက်သတ်မှတ်ခဲ့တာဖြစ်ပေမဲ့ ယခုလက်ရှိစစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းအဆမတန်မြင့် တက်နေချိန်မှာ ဒေါ်လာပေါက်ဈေးဟာ တစ်ဒေါ်လာကျပ် ၆၀၀၀ ကျော်အထိမြင့်တာလာချိန်မှာ  လူသုံးကုန် စားသောက်ကုန်များအားလုံးလည်း တစ်ပြိုင်တည်းမြင့်တက်လာတာပဲဖြစ်ပါတယ်။ 

အဲ့ဒီလိုအဆမတန်မြင့်တက်နေပေမဲ့လည်း  အလုပ်သမားတွေရဲ့လုပ်ခလစာကတော့ လက်ရှိဒေါ်လာပေါက်ဈေးအရ အလုပ်သမားတွေရရှိနေတဲ့ ၄၈၀၀ နဲ့ထောက်ပံ့ကြေးတစ်ထောင်အပါ  တစ်နေ့လုပ်ခနှုန်းထားဟာ တစ်ဒေါ်လာအောက်အထိ ကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်ကသတ်မှတ်အတည်ပြုခဲ့တဲ့  တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မူတည် တွက်ချက်ထားခြင်းဖြစ်ပြီး နှစ်,နှစ်တစ်ကြိမ် ပြင်ဆင်တိုးမြင့်သတ်မှတ်ပေးရန် သတ်မှတ်ထားပေမယ့် လည်း  ၂၀၂၀ ခုနှစ်မှာပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့သလို  ၂၀၂၂ ခုနှစ်များတွင်လည်း ပြင်ဆင်နိုင်ခဲ့တာမရှိတဲ့အပြင် ကိုဗစ်ရောဂါကြောင့် လုပ်ငန်းရှင်တွေကလုပ်ခလစာတိုးမြှင့်ပေးဖို့ ငြင်းဆန်ခဲ့ကာ ၂၀၂၃ ခုနှစ်အောက်တိုဘာမှသာ ထောက်ပံ့ကြေးဟုဆိုကာ ကျပ်တစ်ထောင်တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။

CMP စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား ၂၀၂၃ အောက်တိုဘာလ ၁ ရက်မှစပြီး အနည်းဆုံးအခကြေးငွေကို မူလ သတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ပေါ် အပိုထောက် ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ၅၈၀၀ ကျပ် ခံစားခွင့်ပြုလိုက်တယ်လို့ကြေငြာခဲ့ပေမဲ့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ခေတ်နဲ့လျော်ညီမှုအရ လက်ရှိဒေါ်လာဈေးအပေါ်အခြေခံကာ တစ်နေ့လုပ်ခကိုအနည်းဆုံးကျပ် ၁၀၀၀၀ နဲ့အထက်သတ်မှတ်ပေးသင့်တယ်လို့ သုံးသပ်ပြောဆိုနေကြတာရှိသလို အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေဟာလည်း ဆက်တိုက်ရှိနေတာပဲဖြစ်ပါတယ်။  

ဒေါ်လာဈေးအရအလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခလစာဟာ တစ်ဒေါ်လာအောက်သာရရှိတာကြောင့် ပြည်တွင်းအလုပ်သမားတွေအပေါ်မှာ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ခလစာတိုးမြှင့်မှုမရှိပါက ပြည်ပနိုင်ငံကိုရွေးချယ်မှုတွေကသာ ဆက်လက်ပြီးပိုများလာမယ်လို့  သုံးသပ်မှုတွေရှိနေပါတယ်။

လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်  အလုပ်သမားတွေရဲ့လုပ်ခလစာဟာလုံလောက်မှုမရှိတဲ့အပြင် ခက်ခဲလွန်းတဲ့ အနေအထားကိုရောက်လာတာကြောင့် အလုပ်သမားတွေဟာလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ သပိတ်မှောက်တာတွေအထိ ပြုလုပ်ခဲ့ကြပေမဲ့ ဖမ်းဆီးခံရခြင်းနဲ့ခြိမ်းခြောက်ခံရ တာတွေကြုံခဲ့ရပြီး  လုပ်ခလစာတိုးမြှင့်တာကိုတော့  အာဏာသိမ်းစစ်တပ်ထံမှာသာ တောင်းဆိုဖို့ လုပ်ငန်းရှင်တွေဘက်က တုန့်ပြန်ထားပါတယ်။

 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026