NEWS

တစ်နေ့လုပ်ခကျပ် ၈၀၀၀ ပေးရန် မြန်မာပေါင်ချိန်လုပ်သားများတောင်းဆို

CoverLogo
2.4K Views

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်မှာရှိတဲ့   မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ  စက်ရုံလုပ်သားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့်   မလောက်ငှတဲ့အတွက် တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေကို  ကျပ်၈၀၀၀ အဖြစ်တိုးမြှင့်ပေးဖို့  ယနေ့စက်တင်ဘာ၁၉ရက်မှာ စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်မတို့တောင်းဆိုတာက ကျပ် ၈၀၀၀ တောင်းဆိုထားတာပါ။  ညီမတို့စက်ရုံအတွက်တောင်းဆိုတာပါ။ ခုတစ်နေ့ကို ၄၈၀၀ ရပါတယ်။ ရက်မှန်ကြေးကလည်းတစ်သောင်းပဲရတယ်။ ကုန်ထုတ်ဆုကြေးဆိုတာကလည်းနပ်မမှန်ဘူး။  ရရင်လည်းသုံးထောင်လေးထောင်ပဲရတယ်။ မက်မောစရာတော့မဟုတ်ဘူ။  တစ်နေ့တစ်နေ့တားဂတ်တွေတိုးတောင်းနေတာ စက်ရုံကလူတွေအကုန်သိကြတယ်။ ဒီနေ့ ၁၆၀ ပေးနိုင်ရင် နောက်နေ့ ၁၈၀ တောင်းတယ်။ နောက်နေ့ ၁၈၀ ပေးနိုင်ရင် နောက်နေ့ ၂၀၀ တောင်းတယ်။ အဲလိုတဖြေးဖြေးတက်လာနေတာ။ လုပ်ခ ၄၈၀၀ ကတော့လုံး၀တက်မလာဘူး။ အဲ့တာကြောင့် တောင်းဆိုတာပါ"လို့ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ  အလုပ်သမားတစ်ဦးက Myanmar Labour News သို့ ပြောပါတယ်။

အဆိုပါစက်ရုံမှအလုပ်သမားတွေဟာ  လက်ရှိမှာအနည်းဆုံးအခကြေးငွေတစ်နေ့၄၈၀၀ကျပ်ရရှိနေပေမဲ့  ရက်မှန်ကြေးလည်းကျပ်တစ်သောင်းသာရရှိတဲ့အပြင် အလုပ်ရှင်ဘက်က စံချိန်တွေကိုတိုးတိုးပြီးတောင်း လာပေမဲ့ လုပ်ခတိုးပေးတာမျိုးမရှိတာကြောင့်  အခုလိုတောင်းဆိုရတာဖြစ်တယ်လို့  သိရပါတယ်။  

အခုလိုအနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့တောင်းဆိုတာဟာ  ၎င်းတို့စက်ရုံလုပ်သားတွေအတွက် ရသင့်ရထိုက်တဲ့နှုန်းထားတစ်ခုကိုသာတောင်းဆိုထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်သမားများ  တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်အဖြစ်၂၀၁၈ခုနှစ်က သတ်မှတ်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ကုန်ဈေးနှုန်းနှင့်  လက်ရှိမြင့်တက်နေတဲ့ကုန်ဈေးနှုန်း တွေမှာ  အဆမတန်ပြောင်းလဲနေတာကြောင့်   လက်ရှိအလုပ်သမားများရင်ဆိုင်နေရတဲ့  အကြပ်အတည်းများအပေါ်  တိုးမြှင့်သတ်မှတ်ပေးရန်လိုအပ်တာဖြစ်ပြီး  ၂၀၁၈ ခုနှစ်သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေ ဥပေဒအရ  နှစ်နှစ်တစ်ကြိမ်ပြောင်းလဲပြုပြင်ပေးရမည်ဆိုတဲ့အပေါ် လည်း  ပြောင်းလဲတိုးမြှင့်သတ်မှတ်ပေးရန်လိုအပ်နေတယ်လို့ အလုပ်သမားတစ်ဦးက  ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၅ ရက်နေ့ကလည်း  လုပ်ငန်းရှင်ဘက်ကတိကျတဲ့ငွေကြေးပမာဏတစ်ခုအနေဖြင့် တစ်နေ့လုပ်အားခတိုးမြှင့်သတ်မှတ်ပေးခြင်းမဆုံးဖြတ်နိုင်သေးခင်ကာလအတွင်း  အလုပ်သမားများလက် ရှိခံစားနေရတဲ့  ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်မလောက်ငှတဲ့အကြပ်အတည်းအပေါ် အထောက်အပံ့ဖြစ်စေရန် ဆန်နှင့်ဆီထောက်ပံ့ပေးခြင်း၊ ရှားပါးစရိတ်ထောက်ပံ့ပေးခြင်းတို့ကို  ပြုလုပ်ပေးရန်ကိုလည်း စာဖြင့်တောင်းဆိုထားတယ်လို့ သိရပါတယ် ။

အဆိုပါစက်ရုံဟာ နိုင်ငံတကာနာမည်ကြီး ကုန်အမှတ်တံဆိပ် Adidas  ချုပ်နေတာဖြစ်ပြီး  ထိုင်ဝမ် နိုင်ငံ Taichung မြို့ မှာ ရှိတဲ့ စက်ရုံကို ပိုင်ဆိုင်တဲ့ company ရုံးချုပ်ကြီးဖြစ်တာကြောင့်  ဒေါ်လာဈေးတက်နေတာနဲ့အညီ  ၎င်းတို့အနေဖြင့်  ကုန်ဈေးနှုးမြင့်မားမှုအကြပ်အတည်းဖြစ်နေတဲ့ မြန်မာလုပ်သားတွေအပေါ်  သင့်တင့်မျှတတဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးဖို့ လိုအပ်နေတာလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

MyanmarLabourNews

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026