NEWS

တချို့အလုပ်သမားတွေဆိုရင် ကိုယ့်အခွင့်အရေးက ဘာမှန်းတောင်မသိဘူး။ InterviewWithMyanmarLabourNews

CoverLogo
2.1K Views

Myanmar Pou Chen  သမဂ္ဂဖွဲ့စည်းတဲ့အခြေအနေကို ရှင်းပြပေးပါအုံး။

သမဂ္ဂဆိုတာကလေ အလုပ်သမားအခွင့်အရေးတွေ မဆုံးရှုံးဖို့ ကိုယ့်အခွင့်အရေးတွေ ရပိုင်ခွင့်တွေ ရဖို့ရယ် တဦယောက်ထဲနဲ့တောင်းဆိုလို့မရတဲ့အရာတွေကို သမဂ္ဂအဖွဲ့နဲ့ တောင်းဆိုမယ်ဆိုတဲ့အရာတွေရယ် ပြီးတော့ တချို့အလုပ်သမားတွေဆိုရင် ကိုယ့်အခွင့်အရေးက ဘာမှန်းတောင်သိဘူး ၊ အဲ့လိုမသိတဲ့ဝန်ထမ်းတွေအတွက် ညီမတို့သမဂ္ဂကနေ သင်တန်းတွေပေးတယ် အဲ့လိုရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာပါ။

ဘယ်အချိန်မှာစတင်ဖွဲ့စည်းခဲ့တာပါလဲ ။

၂၈ ၈ ၂၀၂၁ မှာ စတင်ဖွဲ့စည်းခဲ့တာပါ။တနှစ်ကျော်သွားပါပြီ။

အနည်းဆုံးလုပ်ခလစာ ၈၀၀၀ ကျပ်တိုးမြှင့်ပေးဖို့တောင်းဆိုထားတဲ့အပေါ် ရှင်းပြပေးပါအုံး။

ညီမတို့စက်ရုံမှာဆိုရင် လုပ်ရတဲ့ တားဂတ်က လည်း အရမ်းများတယ်။  နောက်တခုက ဒီနေ့ ၂၀၀ ရရင် နောက်နေ့ ၃၀၀ တောင်းတယ် ဒီနေ့ ၃၀၀ ပေးနိုင်ရင်နောက်နေ့ ၄၀၀ တောင်းတယ် အဲ့လိုပုံစံမျိုးကြီးကို ဖြစ်နေတာပေါ့နော်  အဲ့အတွက် တားဂတ်ကိုသာ ပိုတောင်းနေတယ် လုပ်ခလစာက တိုးမလာဘူး။ တခါတလေ ဆို ကိုယ်လုပ်ရင် လုပ်သလောက်မရတဲ့ ဆုကြေးမျိုးတွေတောင်ရတယ် ။ အဲ့လိုမျိုးတွေလည်း ဖြစ်တယ် အခုဆို သိတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ အရမ်းတက်တယ် ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ တချို့ဆို အိမ်တောင်ပြန်မပို့နိုင်တော့ ဘူး ကိုယ့်ဟာနဲ့ကို တောင် လောက်ငှအောင်စားနေရတဲ့ အနေအထားမျိုးတွေတောင်ရှိပါတယ်။အဲ့တာကြောင့်တောင်းဆိုရခြင်းဖြစ်ပါတယ်။

စက်ရုံဘက်ကလည်း ဒီလိုဆွေးနွေးဖို့တော့ပြောနေပြီ ဒါကိုလည်းထပ်ပြီးဆွေးနွေးသွားမှာပါ အဲ့ကျရင် ထပ်ပြီးပြောပေးပါ့မယ်။

ခုလို အာဏာသိမ်းကာလမှာ သမဂ္ဂဖွဲ့စည်းတဲ့အပေါ် ဘာများအခက်အခဲတွေ ကြုံတွေ့နေရပါသလဲ။

နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တော့ မရှိဘူးပေါ့နော် စက်ရုံမှာကလည်း ဒီလိုပဲ အတိုက်အခံကတော့ ရှိတာပေါ့နော် နိုင်ငံရေးနဲ့ ပတ်သက်တာတော့မရှိပါဘူး။

ညီမတို့က ပုံစံ ၇ တော့မကျသေးဘူးပေါ့ တင်ထားတဲ့ အခြေအနေမှာပဲရှိသေးတယ် ပုံစံ ၇ မကျသေးလို့ အသိအမှတ်မပြုသေးဘူးဆိုတာမျိုးတော့ လုပ်ဆောင်နေတယ်။ ပုံစံ ၆ တော့ကျပြီးသွားပြီ နောက်ထပ်ထပ်တက်နေတာပေါ့။

၅ / နဲ့ ၈/ တွေကို အလုပ်ထုတ်ပယ်နေတယ်ဆိုတဲ့ သတင်းတွေလည်း အလုပ်သမားတွေကြားမှာ ထွက်ပေါ်နေပါတယ်။ စက်ရုံထဲမှာရော အဲ့လိုကိစ္စမျိုးတွေရှိလား။

ညီမတို့စက်ရုံမှာ‌တော့ ဒါမျိုးမရှိသေးဘူးပေါ့ ရှိခဲ့တယ်ဆိုရင် ဒါခွဲခြားဆက်ဆံတာဖြစ်တယ် ခွဲခြားဆက်ဆံတာဖြစ်တဲ့အတွက် တချို့စက်ရုံတွေမှာဆိုရင် လျော်ကြေးပေး တာရှိတယ် မပေးတာတွေလည်း ရှိတယ် တချို့ကျတော့လည်း ဒီတိုင်းလစာပဲပေးပြီး သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်အတိုင်းပဲ လစာပေးပြီးထုတ်လိုက်တာတွေလည်းရှိတယ် တကယ်လို့ ညီမတို့က ထုတ်ခဲ့မယ်ဆိုလို့ရှိရင် လျော်ကြေးရအောင်တောင်းပေးပြီးတော့မှ ထွက်ခိုင်းမယ်ပေါ့ အဲ့လိုမျိုးတော့ရှိပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဘယ်လို ချိတ်ဆက်လှုပ်ရှားမှုတွေ ပြုလုပ်ပါသလဲ။

လုပ်ငန်းခွင်ထဲမှာ တယောက်နဲ့တယောက်တော့ ချိတ်ဆက်ထားတာတော့ ရှိတာပေါ့ ချိတ်ဆက်တဲ့အခါကျတော့ အလုပ်လုပ်နေတဲ့ အချိန်တွေကတော့ ချိတ်ဆက်လို့ အဆင်မပြေဘူးလေ ဒီလိုပဲထမင်းစားနားချိန်တွေမှာပဲ ချိတ််ဆက်ရတာပေါ့။

သမဂ္ဂကိစ္စရပ်တွေကျတော့ ထမင်းစားနားတဲ့အချိန်မှာတော့ လုပ်လို့ ရတယ် သူတို့လည်းပြောပိုင်ခွင့်မရှိဘူးပေါ့နော် ညီမတို့ကို လာပြောခဲ့ရင်လည်း ပြန်ပြောပိုင်ခွင့်ရှိတယ် ထမင်းစားချိန်မှာ ညီမတို့ စုစည်းတယ် အစည်းအဝေးလုပ်တယ်ဆိုရင်တောင်သူတို့ ပြောပိုင်ခွင့်မရှိပါဘူး ကိုတွေ ရဲ့ နားနေချိန်ဖြစ်နေလို့ လေ။

သမဂ္ဂဖွဲ့တဲ့အပေါ် ဝေဖန်တာ ခြိမ်းခြောက်ခံရတာရှိလား။

အဲ့လိုတော့ မကြုံရပါဘူး။ဒါကလည်း စက်ရုံကိုသိသွားအောင်ကြေညာတဲ့သဘောမျိုး ဖြစ်ပါတယ် ဒီလူတွေဟာ ခေါင်းဆောင်တွေပါဆိုတာ အဖွဲ့ဝင်တွေရော စက်ရုံမှာရှိတဲ့ဝန်ထမ်းတိုင်းရော အကုန်လုံးကို သိစေချင်လို့ ကြေညာထားတာပါ့။ တိုက်ခိုက်တာတော့ မရှိပါဘူး။

ခုလောလောဆယ်တော့ အတွင်းရေးမှူးဆိုရင်တော့ ရာထူးချခံရတဲ့အနေအထားမျိုးထိတော့ရောက်သွားတယ် သမဂ္ဂထဲဝင်ထားလို့ပေါ့နော် အဲ့အတွက်လည်း ရင်ဆိုင်နေရပါတယ်အမှုက ။ အခုက ခုံရုံးထိ ရောက်ချင်တဲ့သဘော စက်ရုံဘက်ကလည်း ခုံရုံးထိတက်ချင်လည်းတက်ဆိုတဲ့ အနေအထားမျိုးလာထားတယ် ပေါ့နော် အခုချိန်ထိ အီးစီတွေအကုန်တိုင်ပင်ဆွေးနွေးနေတုန်းရှိပါသေးတယ် သူက အရင်က ဝန်ထမ်းပေါ့ ဝန်ထမ်းကနေ သူ့ကို လီတာ ခန့်လိုက်တယ် သူ့ကိုခန့်တယ်ဆိုတာကလည်း သမဂ္ဂခေါင်းဆောင်မှန်းသိသိနဲ့ ခန့်လိုက်တာ  ပြီးတော့မှ ပြန်ပြီးတော့ ဝန်ထမ်းပြန်လုပ်ခိုင်းတယ် အဲ့လိုလုပ်ပြီးတော့မှ ခေါင်းဆောင်သင်တန်းမတက်ထားလို့ ဆိုပြီးအကြောင်းပြတာ ခေါင်းဆောင်သင်တန်းဆိုတာက ဘယ်သူမှလည်း မတက်လိုက်ရပါဘူး ဒါပေမယ့် သူတို့ပြောတဲ့ အကြောင်းပြချက်ကတော့ ခေါင်းဆောင်သင်တန်းမတက်ထားလို့ ရာထူးချတာ လို့ ဆိုပြီး ဖြစ်သွားတယ်ပေါ့ ။

သမဂ္ဂဖြိုခွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး  Brand ကိုဆန္ဒပြတဲ့ လှုပ်ရှားမှုကရော။

အရင်တုန်းက ပုံစံ ၇ ရဖို့အတွက်ကို ၁၀ ရာခိုင်နှုန်း ကောက်ခံတဲ့လက်မှတ်တွေ ပေါ့နော် လက်မှတ်တွေကောက်ခံရတဲ့အချိန်တုန်းက သူတို့ကဘယ်လိုပြောလဲဆိုတော့ စက်ရုံနည်းမှာ နည်းနည်းအကြီးပိုင်းတွေ ခေါင်းဆောင်တွေက သူတို့ရဲ့ လက်အောက်ကလူတွေကိုမှာတယ် ဘယ်လက်မှတ်ပဲဖြစ်ဖြစ် တခြားကပဲဖြစ်ဖြစ် လက်မှတ်တွေထိုးလို့ တခုခုဖြစ်သွားရင် ငါတို့ တာဝန်မယူဘူးနော်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ခြိမ်းခြောက်တယ်ပေါ့နော်။ အဲ့တော့ ဝန်ထမ်းတွေက ကြောက်အားလန့်အားနဲ့ ကိုယ်တွေ လက်မှတ်ထိုးခိုင်းရင်တောင်မှ မထိုးရဲတဲ့အထိဖြစ်သွားကြတယ် တချို့တွေဆို အား မသိဘူးငါတို့ကြောက်တယ် လာမပြောနဲ့ အဲ့လိုမျိုးတွေတောင် ကြောက်အားကန်အားရှိအောင် ဖြစ်သွားခဲ့တယ် အဲ့လိုမျိုးဖြစ်သွားတာကြောင့် လုပ်ခဲ့တာပါ။ ပိုင်ရှင်က ထိုင်ဝမ် နိုင်ငံသားပိုင် စက်ရုံပါ Adidas Brands ချုပ်လုပ်တာပါ။

အခက်အခဲတွေကြားမှာ လုပ်ကိုင်ရတာ ဘယ်လိုခံစားရလဲ။

ပြောရရင်တော့ ကြောက်တယ်ပေါ့ လူသားတယောက်ပဲလေ ဒီလိုကာလကြီးမှာ အရင်ခေတ်လိုမဟုတ်တော့ဘူးလေ ဒီလိုကာလမှာလုပ်ရတဲ့အတွက် ရင်တော့တုန်တာပေါ့ ဒါပေမယ့် ပြန်စဉ်းစားတာပေါ့ အော် ငါတို့ကနိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး အလုပ်သမားအခွင့်အရေးဘဲ သင်တန်းတွေပို့ချတယ် အလုပ်သမားတွေကို မျှဝေပေးမယ် ဒီလောက်ပဲလုပ်နေတာ ဘာမှ အများကြီးလဲ လှုပ်ရှားနေတာမဟုတ်ဘူး ဘာမှကြောက်စရာမဟုတ်ဘူး ဆိုပြီးတော့ ပဲလုပ်တယ် ။ ဒါပေမယ့် ငါတို့ရှိတယ်ဆိုတာသိရမယ်ဆိုတဲ့ပုံစံမျိုးတွေတော့လုပ်တယ်ပေါ့နော်။ စက်ရုံထဲမှာဆိုရင်လည်းသမဂ္ဂရှိတယ်ဆိုတဲ့ ဟာကို ပြောပြတယ် လူမှုကွန်ယက်  စာမျက်နှာတွေမှာလည်းတင်တယ် ခေါင်းဆောင်တွေကလည်းကြောက်တာပဲလေ ဘာမှမကြောက်နဲ့ ဘာမှမဖြစ်ဘူးဆိုပြီးတယောက်နဲ့တယောက် ဒီလိုပဲအားပေးရတာပေါ့ ဝါသနာပါတာလည်း တမျိုးပေါ့ ဒါကြောင့်လည်း လုပ်ဖြစ်သွားတာ ပါ အရမ်းကြီးသတ္တိရှိနေလို့လည်းမဟုတ်ပါဘူး။

သမဂ္ဂခေါင်းဆောင်တယောက်အနေနဲ့ လက်ရှိ အခြေခံအလုပ်သမားတွေရဲ့ စားဝတ်နေရေးအခြေအနေကို  ဘယ်လိုများတွေ့မြင်ရပါသလဲ။

အခုက စက်ရုံမှာ ဖယ်ရီမရှိဘူးလေ တချို့က ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်လာကြတာရှိတယ် အဲ့အချိန်ကျရင် ဆီဖိုး ရှိတယ် ညီမတို့ဆိုရင် ကားစီးတာ ၄၀၀ ပေးရတယ် အဲ့ဒါကိုမကိုက်လို့ ဈေးတက်ချင်သေးတယ် ၅၀၀ လောက်ပေးရမယ်လို့ ပြောနေတယ် စက်ရုံကို ထန်းခြောက်ပင်ဘက်ကသွားမယ်ဆိုရင် ကား ၂ ဆင့်စီးရတာ သူ့ကားစီးမှ အဆင်ပြေမှာ YBS စီးရင် ၆၀၀ ဆိုတော့ သူ့ကားစီး ရင်တန်တယ်ပေါ့ ။ ခုက ၄၀၀ နဲ့မကိုက်တော့တဲ့အနေအထား ဖြစ်လာတယ်။ ဆီလည်း ဈေးတက်တယ် စားအုန်းဆီဆိုရင်လည်း ဈေးတက်တယ် အဆောင် လခတွေဆိုလည်းမိုးတွင်းမှာ အဆောင်ပြင်ရလို့ ရေဝင်လို့ ဆိုပြီး လခတွေ တိုးတောင်းတာတွေရှိတယ် အဲ့လိုမျိုး အကုန်လုံးက တက်နေတာ ချည်းပဲ မတက်တာဆိုလို့ ကိုတွေရဲ့ လစာ ပဲရှိတယ် ရှားပါး စရိတ်ဆိုတာလည်း ညီမတို့စက်ရုံမှာမရှိဘူး ဆုကြေးဆိုတာလည်းမက်မောလောက်စရာမဟုတ်ဘူး အဲ့လိုမျိုးဆိုတော့ အဲ့လိုတောင်းဆိုရတာပါ ဒါတောင်မှ ဝန်ထမ်းတွေက ၁၀၀၀၀ ထိတောင်တောင်းချင်ကြတာ။

ထမင်းကတော့ စက်ရုံထဲကို မုန့်ပေးမသယ်ဘူး သကြားလုံးက အစပေါ့ ထမင်း‌တော့ တနပ်စာကြွေးတယ် ကိုယ်ကြိုက်သလောက်တော့ စားလို့ရတယ် တနပ်စာသက်သာတာပေါ့။

ဖြေကြားပေးတာ ကျေးဇူးအထူးတင်ရှိပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026