NEWS

တကောင်း နီကယ်စက်ရုံ လည်ပတ်မှု ရပ်ထားပြီး အလုပ်သမား ၇၅ ရာခိုင်နှုန်း အလုပ်ရပ်နားနေရ

CoverLogo
1.6K Views

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက တကောင်းတောင် နီကယ်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက် စက်ရုံလည်ပတ်မှုကို ရပ်နားထားကာ အလုပ်သမားအများအပြားကိုလည်း အလုပ်ကရပ်နားထားသလို လုပ်ခလစာတွေလည်း လျှော့ချထားတယ်လို့ သိရပါတယ်။

နီကယ်စက်ရုံမှာ ကုန်ကြမ်းဌာန၊ သဲမီးဖိုဌာန၊ သတ္ထုရည်ကြိုဌာန၊ ဓာတ်ခွဲခန်းဌာန၊ လုံခြုံရေးဌာန၊ စားဖိုဌာန၊ စိမ်းလန်းဌာန၊ ကားကြီးဌာန စတဲ့ လုပ်ငန်းခွင်တွေရှိပြီး စက်ရုံလည်ပတ်ခြင်းမရှိတဲ့နောက် အလုပ်သမားဦးရေရဲ့ ၄ပုံ ၃ပုံခန့်ကို ရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။နီကယ်စက်ရုံမှာ အလုပ်သမားပေါင်း ၁၂၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

အလုပ်ကနေ ရပ်နားခံထားရတဲ့ အလုပ်သမားတစ်ဦးက"စက်ရုံကို အခုဆင်းတဲ့သူတွေက လုံခြုံရေးသဘောမျိုးနေရတာ၊ဌာနမှာရှိတဲ့ပစ္စည်းတွေစောင့်ရင်းနဲ့လေ၊ ပျောက်မှာစိုးလို့နဲ့၊ ပြုပြင်ရေးဆိုလား အဲ့လိုမျိုးထားတာပဲ"လို့ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်တွေ၊ လုံခြုံရေး အစောင့်တွေနဲ့၊ စက်ရုံမီးလင်းရေးလုပ်ဆောင်ရတဲ့ အလုပ်သမားတချို့သာ အလုပ်ဆင်းကြရတယ်လို့ သိရပါတယ်။

အလုပ်သမားခေါင်းဆောင်တွေအတွက် ခေါင်းဆောင်ကြေးကိုလည်း ထက်ဝက်အထိဖြတ်ချထားတယ်လို့ သိရပါတယ်။ အလုပ်သမားအများအပြားကိုတော့ လုပ်သက်အလိုက် အခြေခံလစာပေးထားဆဲဖြစ်ပြီး အလုပ်ဆင်းကြရသူတွေအနေနဲ့ အခြေခံလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ထမင်းစားရိတ် စတဲ့ ပုံမှန်ရခဲ့တဲ့နှုန်းထားရဲ့ သုံးပုံနှစ်ပုံခန့်သာ ရရှိကြတော့တယ်လို့ သိရပါတယ်။

အလုပ်ရပ်နားခံထားရသူတွေထဲက လုပ်သက်နှစ်နှစ် အထက်ရှိသူတွေကို လစာ ၁၇၀၀၀၀ ကျပ် ပေးမှာဖြစ်ပြီး၊ လုပ်သက်နှစ်နှစ်အောက်သာ ရှိကြသူတွေကို လစာ ၁၅၀၀၀၀ ကျပ် ပေးမှာ ဖြစ်တယ်လို့ သိရှိထားကြောင်း နီကယ်စက်ရုံလုပ်သားတွေကပြောပါတယ်။

အလုပ်သမားအများအပြားရပ်နားခံထားရပြီး နယ်ဝေးကအလုပ်လာလုပ်သူတချို့ကလည်း ၎င်းတို့ဒေသကိုပြန်သွားကြတယ်လို့ သိရပါတယ်။

နီကယ်စက်ရုံရဲ့ တာဝန်ရှိသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တည်းခိုစေတာ ၊ဧည့်ခံပေးတာတွေ လုပ်ခဲ့ပြီး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာတဲ့အတွက် စက်ရုံကိုသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဇန်နဝါရီလ ၇ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026
Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026