NEWS

ဆောင်းဦးရွှေနေစက်ရုံအတွင်း ယောင်ပြ သမဂ္ဂဖွဲ့စည်းဖို့ ကြိုးပမ်းမှုတွေ ရှိနေ

CoverLogo
1.1K Views
 
ဆောင်းဦးရွှေနေ (Saung Oo Shwe Ney) စက်ရုံအတွင်း ယောင်ပြသမဂ္ဂ Yellow Union တွေ ဖွဲ့စည်းဖို့ စက်ရုံတာဝန်ရှိသူတချို့က ကြိုးစားနေတယ်လို့ စက်ရုံသမဂ္ဂတာဝန်ရှိသူ တဦးက ပြောပါတယ် ။ ဒီလို ဖွဲ့စည်းဖို့ ကြိုးစားနေတာ ၂ လလောက်ရှိနေပြီလို့လည်း ဆက်ပြောပါတယ်။
 
“ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်း အစည်းအဝေးတွေမှာ သမဂ္ဂတရပ် ထပ်မံဖွဲ့စည်းမယ်ဆိုပြီး HR မန်နေဂျာ က ပြောခဲ့တယ်။ ဒီနောက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ သမဂ္ဂထဲက ထွက်သွားတဲ့ ခေါင်းဆောင်နှစ်ဦးကို စည်းရုံးတယ်။ သူတို့ နှစ်ဦးကို အခွင့်အရေးတွေပေးတယ်၊ နောက် WCC အဖွဲ့ထဲ ထည့်ဖို့တောင် စက်ရုံတာဝန်ရှိသူတွေက စီစဉ်ခဲ့ တာ။” လို့ စက်ရုံသမဂ္ဂ တာဝန်ရှိသူ တဦးက ပြောပါတယ် ။
 
ယောင်ပြသမဂ္ဂ Yellow Union ဆိုတာ အလုပ်ရှင်နဲ့ စက်ရုံတာဝန်ရှိသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ သမဂ္ဂတွေ ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ လုပ်ငန်းခွင်အတွင််း အလုပ်သမား အခွင့်အရေး အထောက်အကူပြုနိုင်ဖို့ သမဂ္ဂတွေကို လွတ််လပ်စွာ ဖွဲစည်းဖို့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ စံနှုန်းနဲ့ မြန်မာနိုင်ငံက အလုပ်သမားဥပဒေတွေမှာလည်း တည့်သွင်း ပြဌာန်းထား ပါတယ်။ ဒါပေမဲ့ စက်ရုံလုပ်ငန်း တချို့မှာတော့ အလုပ်ရှင်ဘက်က သမဂ္ဂတွေကို ဦးဆောင် ဖွဲ့စည်းပြီး အလုပ်သမားအခွင့်အရေးတွေကို ချိုဖောက် နေတာတွေလည်း ရှိနေပါတယ်။
 
“ဒီကာလထဲမှာ ဆောင်းဦးရွှေနေမှာ အလုပ်သမားပြဿနာတွေ တော်တော်များ ဖြစ်တယ်။ အဲဒါ ပြဿနာ တွေက တကယ် ဖြစ်တာပဲ။ မြို့နယ် အလုပ်သမားရုံးအထိတောင် တိုင်တာတွေရှိတယ်။ ဒါပေမဲ့ တချို့ကိစ္စ တွေ ညှိနှိုင်း တော့ သမဂ္ဂမပါဘဲ ဆောင်ရွက်တာတွေ ရှိတယ်။ WCC ကတော့ အမြဲပါတယ်။ ဒါက သမဂ္ဂကို ဖြိုခွင််း ဖို့ ကြိုးစား တာလို့ ပြောလို့ရပါတယ် ။ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာမှာ စက်ရုံအတွင််းအလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ပြရမှာ သတင်းတု တွေဆိုပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ နီးစပ်သူတွေက ရေးသားတာတွေလည်းရှိနေတယ်လို့ ပြောပါ တယ်။ ဆောင်းဦးရွှေနေစက်ရုံသမဂ္ဂအဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီး သမဂ္ဂခေါင်းဆောင်တွေအပေါ် စက်ရုံ ရုံးဝန်ထမ်း တချို့က ငွေကြေးအရှုတ်တွေရှိတယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားပြီး သမဂ္ဂပုံရိပ် ကျဆင်းဖို့နဲ့ ဖြိုခွဲဖို့ ကြိုးစားခဲ့ တယ်လို့ ခေါင်းဆောင်တချို့က အထောက်အထားတွေနဲ့ ပြောပါတယ်။ စက်ရုံသမဂ္ဂအနေနဲ့ ငွေကြေး ရှင်းတမ်း တွေကို တိတိကျကျ ထုတ်ပြန် ပေးတဲ့အပြင် အလုပ်သမားတွေ အကူအညီတောင်းနေတဲ့ ကိစ္စတွေကို ချက်ချင်း ဖြေရှင်းပေးတယ်လို့ ဆိုပါတယ်။
 
“ အလုပ်ရှင်က ဒါဆို ဒါလုပ်အဖွဲ့မျိုးကိုပဲ လိုချင််တာ၊ ကျွန်မတို့သမဂ္ဂကတော့ ကိစ္စတခုခုဆို စက်ရုံအလုပ်သမား နစ်နာ တာမျိုး လက်မခံဘူး၊ တလောကဆို စက်ရုံတာဝန်ရှိသူက အလုပ်သမားတွေ ရက်ပျက်ရင် အရင်လို ရက်မှန်ကြေး ၊ ဒေးကြေးလိုတွေ ပြန်ဖြတ်ဖို့ ပြောတာကို လုံးဝ လက်မခံခဲဘူး။ ယောင်ပြသမဂ္ဂတွေ ဖြစ်လာရင် တော့ အလုပ်ရှင် ပြောသမျှ ခေါင််းငြိမ့်နေတော့ အလုပ်သမားတွေက နစ်နာနေမှာပဲ ” လို့ သမဂ္ဂ ခေါင်းဆောင် တဦးက ပြောပါတယ်။
 
Saung Oo Shwe Nay အထည်ချုပ်စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန် ၊အလယ်လမ်း ၃ လမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံလုပ်သား ၁၈၀၀ ကျော်က SMOG ၊ H&M နဲ့ DIVIDED တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့လည်း သိထားရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026