NEWS

ဆုယူ (ခေါ်) ဟုန်ရှင်း ရာသီအလိုက်ငါးဖမ်းလုပ်ငန်းက အလုပ်သမား ၁ ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဒုက္ခရောက်နေ

CoverLogo
802 Views

လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန် အမှတ်(၇၆) ကမ်းနားလမ်းတွင် တည်ရှိတဲ့ ဆုယူ (ခ) ဟုန်ရှင်း ရာသီအလိုက်ငါးဖမ်းလုပ်ငန်းကုမ္ပဏီမှ အလုပ်သမားတစ်ဦးဟာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ဆေးကုသရန်အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။

"ဖေဖော်ဝါရီလက သင်္ဘောပေါက်ကွဲမှုဖြစ်ခဲ့တာ။ အစကသူတို့ကလခပေးမယ်။ ဆေးကုသနေတဲ့ကုန်ကျစရိတ်ခံမယ်ပြောထားတာ။ ဒါပေမဲ့၃လပိုင်းထိပဲပေးပြီးတော့ လခမပေးတော့ဘူး။ အလုပ်သမားကရက်ချိန်းတွေမှာဆေးကုရတာ အဆင်မပြေဘူး အခက်အခဲဖြစ်လာတယ်။ လခမရတာ ၂လ ကျော်ပြီ" လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးသူကဆိုပါတယ်။

အဆိုပါငွေပင်လယ်ကုမ္ပဏီဟာ ဆုယူ (ခေါ်) ဟုန်ရှင်း ရာသီအလိုက်ငါးဖမ်းလုပ်ငန်း မှာ ၂၀၁၉ ခုနှစ် အလုပ်စတင်ဝင်ရောက်ခဲ့ကာ  ယခုနှစ်ဖေဖော်ဝါရီလက ရာသီအလိုက်ငါးဖမ်းလုပ်ငန်းနားချိန်တွင် အာရှလွန်းတင်ခုံ၌ လွန်းတင်ရာတွင် (၂၃ ရက် ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၃ ခုနှစ်)တွင် ဆီကန်ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ရာထိခိုက်မှု‌ရှိသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု သွားရောက်​ခံယူခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားရဲ့တိုင်ကြားမှူကို 
လက်ရှိမှာတော့ဌာနဆိုင်ရာလေးခုနဲ့ပေါင်းစပ်ပြီး အလုပ်ရုံနဲ့အလုပ်သမားဦးစီးဌာနရုံးမှာ ဇွန်လ၁၉ရက်နေ့မှာ ညှိနှိုင်းခဲ့ပေမဲ့ ကုမ္ပဏီဘက်က ဆုံးဖြတ်ချက်ချပေးနိုင်မဲ့သူ ရောက်ရှိလာခြင်းမရှိတာကြောင့် လာမဲ့သောကြာနေ့ဇွန်လ၂၃ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ နစ်နာသူအလုပ်သမားအလုပ်စတင်ဝင်ရောက်စဉ်ထဲက  ဆုယူ (ခေါ်)ဟုန်ရှင်း ရာသီအလိုက် ငါးဖမ်းလုပ်ငန်းကုမ္ပဏီသည် သင်္ဘော (၁၈) စီးရှိပြီး အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

လာမဲ့ရက်ချိန်းမှာ ပြီးပြတ်သည်အထိ ဆွေးနွေးညှိနှိုင်းမှုမရှိပါက  အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်းမရှိတဲ့အပေါ်နဲ့ ပေါက်ကွဲမှုဖြစ်တဲ့အပေါ်မှာ တာ၀န်ယူမှုမရှိတဲ့အပေါ်စတဲ့ အချက်နှစ်ချက်နဲ့ တရားစွဲဆိုဖို့ရှိတယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026