NEWS

စံချိန်တိုးတောင်းပြီး အိုတီ( အချိန်ပို)အခမဲ့ ဆင်းခိုင်းနေတဲ့အပြင် ဥပဒေမဲ့အလုပ်ထုတ်မှု့တွေပါရှိနေလို့ Myanmar Tencent Fashion အထည်ချုပ်အလုပ်သမားတွေအခက်ကြုံနေရ

CoverLogo
1.9K Views

အလုပ်သမားများမချုပ်လုပ်နိုင်တော့တဲ့အထိအပ်ထည်စံချိန်တွေမတရားတိုးမြှင့်ထားတဲ့အပြင် စံချိန်မပြည့်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အချိန်ပိုအလကားဆင်းခိုင်းတာတွေ၊ စံချိန်မပြည့်ရင်ခြိမ်းခြောက်ပြောဆိုတာတွေ၊ ဥပဒေမဲ့အလုပ်ထုတ်နေတာတွေရှိနေတာကြောင့် Myanmar Tencent Fashion အထည်ချုပ်စက်ရုံကအလုပ်သမားတွေအခက်ကြုံနေရတယ်လို့နစ်နာသူအလုပ်သမားများရဲ့ပြောကြားချက်အရသိရပါတယ်။

အဆိုပါစက်ရုံဟာတရုတ်လူမျိုးပိုင်စက်ရုံတစ်ရုံဖြစ်ပြီးတော့
အမှတ်42/86၊ ချယ်ရီလမ်း၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်မှာ Myanmar Tencent Fashion Garment အမည်ဖြင့်အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေကာ အလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။

"စက်ရုံမှာခွင့်ရက်က မရတဲ့အ​​ ပြင်​တနင်္ဂနွေ OT ရက်များကိုအလကားဆင်းပေးနေရတယ် အလုပ်သမားများမချုပ်လုပ်နိုင်သောစံချိန်များကိုလည်းတောင်းခံပြီးစံချိန်မပြည့်လျှင်လည်း၀မ်တိန်ထိုးပေးရသည့်‌အပြင်အလုပ်ပါထွက်ရမည်ဟု စူပါတွေက ခြိမ်းခြောက်တယ် အလုပ်သမားတွေကိုလဲ ကိုလည်းဥပဒေမဲ့အလုပ်ထုတ်မှုများစွာလည်းရှိပါတယ်"လို့နစ်နာသူအလုပ်သမားတဦးကစက်ရုံရဲ့လုပ်သားအခွင့်အရေးချိုးဖောက်မှု့တွေကိုပြောပါတယ်။

ဒါ့အပြင်စက်ရုံဖက်က အလုပ်သမားတွေကိုစံချိန်မပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ညနေ(၆)နာရီမှ(၈)အထိအိုတီ (အချိန်ပို) အလကားထပ်ဆင်းခိုင်းနေတဲ့အပြင်လုပ်ငန်းခွင်အတွင်းနေထိုင်မကောင်းဖြစ်လာလျှင် ဆေးခန်းပြရန်အတွက် ဂိတ်ပြင်ထွက်ခွင့်တောင်းခံလို့လဲမရသည့်အခြေအနေဖြစ် ကြုံတွေ့နေရတယ်လို့သိရပါတယ်။

"လုပ်ငန်းခွင်အတွင်၌အသက်မပြည့်သေးသော ကလေးငယ်(၃၀)ကျော်လည်းရှိနေပါတယ် အဲ့ဒါကိုအခုလိုအလုပ်သမားအခွင့်အရေးတွေမတရားချိုးဖောက်နေတာပါ"လို့နစ်နာသူအလုပ်သမားတွေဖက်ပြောပါတယ်။

လက်ရှိအခြေအနေမှာအလုပ်သမားတွေဖက်ကကူညီဖြေရှင်းပေးမယ့်စက်ရုံမှာသမဂ္ဂမရှိပေမယ့် အလုပ်သမားတွေဖက်က OT အလကားဆင်းပေးနေရခြင်းနှင့်အပြစ်တစ်စုံတစ်ရာမရှိပဲဝမ်တိန်ထိုးခိုင်းခြင်းမပြုလုပ်ရန်ဥပဒေမဲ့အလုပ်ထုတ်ခြင်းမပြုလုပ်ရန်တို့ကိုတောင်းဆိုနေကြပါတယ်။

Myanmar Tencent Fashion Garment အထည်ချုပ်စက်ရုံဟာ Singer အမှတ်တံဆိပ်အထည်များချုပ်လုပ်ပြီးစျေးကွက်ကိုပြန်လည်တင်ပို့နေတဲ့စက်ရုံတခုဖြစ်တယ်လို့လဲသိရပါတယ်။

 


Related posts

Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026