NEWS

စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး

CoverLogo
230 Views

Max Technology  စက်ရုံ တောင်းဆိုမှုမှာ ပါဝင်နေတဲ့ အလုပ်သမားတွေနဲ့ သမဂ္ဂအဖွဲဝင်တွေကို စက်ရုံအတွင်း ဝင်ရောက်ခွင့်မပြုဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ညှိနှိုင်းမှုကာလအတွင်း အလုပ်သမားတွေကို အလုပ်ထုတ်ပယ်တာ မပြုလုပ်ဆို့ အလုပ်သမားဦးစီးဌာနက စက်ရုံဘက်ကို ညွှန်ကြားထားပြိးနောက် အခုလို ဝင်ခွင့်မပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“ ဇွန်လ ၂၄ ရက် ဒီ မနက်အလုပ်ဝင်တော့ စက်ရုံထဲ ပေးမဝင်တော့ဘူး။ HR တွေ ၊ ရုံးပိုင်းက ဝန်ထမ်းတွေ၊ လုံခြုံရေးတွေက အတင်းအကျပ်ထားမြစ်တယ်။ ဝင်ခွင့်မေပေးတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။  
Max Technology  စက်ရုံ နားကြပ်၊ အားသွင်းကြိုးလို အီလက်ထရောနစ် ထုတ်လုပ်ရေး စက်ရုံဖြစ်ပြီး ဇွန်လ ၂၂ ရက်မှာ ဆန္ဒပြ အလုပ်သမား ၆၂ ဦးကို အလုပ်ထုတ်ပယ်ကြောင်း ကြေညာခဲ့တာပါ။ ဒီနောက်  ရွှေပြည်သာမြိုနယ် အလုပ်သမားညွှန်ကြားရေးမှူးနဲ့ အလုပ်သမားရေးရာတာဝန်ရှိသူတွေက  အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်တိုကြား ညှိနှိုင်းခဲ့ပေမဲ့ ပြောလည်မှုမရခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။


“ညှိနှိင်းဖြေရှင်းတဲ့ ကာလ ဖြစ်လို့ အလုပ်သမားတွေကို  အလုပ်မထုတ်ဖို့ အလုပ်ရှင်ဘက်ကို တာဝန်ရှိသူ တွေက ညွှန်ကြားထားတယ်၊ ဒါကို စက်ရုံဘက်က လိုက််နာမှုမရှိတာ ။ ” လို့ ညှိနှိုင်းရေးမှု ပါဝင်သူ အလုပ်သမားတဦးက ပြောပါတယ်။ 


တောင်းဆိုမှုကို  ဇွန်လ ၁၆ ရက်  စတင်ခဲ့တာ ဖြစ်ပြီး  ၂၂ ရက်မှာ ညှိနှိုင်းမှု စတင်ခဲ့ပေမဲ့ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အလုပ်သမားတွေ တောင်းဆိုမှုအတွက် အတွက် အလုပ်ခွင်မှာ နေရာတစ်ခု လုပ်ပေးဖို့ အလုပ်သမားဦးစီးမှူးက   စက်ရုံကို ညွှန်ထားတာလို့ အလုပ်သမားတွေက ပြောပါတယ်။


“၂၃ ရက်မှာလည်း အရင်တောင်းဆိုတဲ့ နေရာမှာပဲ နေကြပါတယ်။ ဒီ ၂၄ရက်ကြ စက်ရုံထဲကို အဝင်မခံဘူး။” လို့  အလုပ်သမားတွေက ပြောပါတယ်။ 


စူပါတစ်ဦးကို အပြစ်မရှိဘဲ ရာထူးချတာ၊ သမဂ္ဂအဖွဲဝင်တွေကို ဌာနပြောင်းရွှေ့ ခွဲခြားဆက်ဆံတဲ့   နိုင်ငံခြားသားတာဝန်ရှိသူကို အရေးယူပေးဖိုနဲ့ အလုပ်သမားပြဿနာတွေကို  ဖြေရှင်းမပေးတဲ့ မန်နေဂျာကို အရေးယူပေးဖို့တို့ကို  အလုပ်သမားတွေက တောင်းဆိုထားပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026