NEWS

စားအုန်းဆီ စာအုပ်နဲ့ခွဲတမ်းထုတ်ယူရန် စက်ရုံလုပ်သားများအတွက် အခက်အခဲရှိနေ

CoverLogo
350 Views

လက်ရှိမှာစားအုန်းဆီဝယ်ယူခွင့်ကိုရပ်ကွက်အလိုက်ဆီစာအုပ်နဲ့ရောင်းချနေတာကြောင့် အဆောင်တွေမှာငှားရမ်းနေထိုင်တဲ့စက်ရုံအလုပ်သမားတွေအခက်အခဲရှိနေပါတယ်။

စစ်ကောင်စီလက်ထက်မှာရာအိမ်မှူး​တွေကတစ်ဆင့်အိမ်ထောင်စုအလိုက်ဆီစာအုပ်တွေရောင်းချပြီးမိသားစုတစ်စုကိုကျပ်ငါးဆယ်သားနှုန်းဝယ်ယူခွင့်ပေးနေတာပါ။

ဆီစာအုပ်တွေကိုတော့သန်းခေါင်စာရင်းနဲ့နေထိုင်သူ‌၊ ဧည့်စာရင်းနဲ့နေထိုင်သူပါ‌ ​ငွေ‌​ကြေးနဲ့ဝယ်ယူရတာပါ။

"အရင်ကတော့ဆီကတ်လေးရရင်သူများကိုပိုက်ဆံလေးနည်းနည်းပေးပြီးစုထုတ်ခိုင်းတယ်။နောက်တော့ဧည့်စာရင်းမှာပါတဲ့သူကိုယ်တိုင်လာရမယ်။လက်မှတ်ထိုးရမယ်ဆိုတော့အဆင်မပြေဘူးလေ။စက်ရုံဆိုတာတရက်နားရင်ရက်မှန်ကြေး၊ဒေးကြေး၊အထည်ကြေးအကုန်ထိတာပဲ။စာအုပ်နဲ့လူကိုယ်တိုင်ထုတ်ဆိုတာအဆင်မပြေဘူးလို့"လို့အဆောင်နေစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

ဆီကိုယ်စားလှယ်တွေကစားဆီရောင်းချရာမှာလည်းအကြွေအခက်အခဲကိုအကြောင်းပြပြီးအချိုမှု့န်ထုပ်တွေပူးတွဲရောင်းချတာ၊ အကြွေအစွန်းထွက်ကိုပြန်မအမ်းတာ၊ ဆီကိုသတ်မှတ်ကျပ်သားအပြည့်မပေးတာတွေလည်းလုပ်ဆောင်နေကြပါတယ်။

"စာရွက်ထဲမှာ နံနက်(၆)နာရီကစဝယ်လို့ရပါတယ်တဲ့။ကိုယ်ကလူကြီးဆို‌‌​တော့ (၈)လောက်အရောက်သွားတာပေါ။တကယ်ရောင်းတော့(၁၀)နာရီခွဲမှရောင်းတယ်။အကြီးက‌​တော့ ‌​ဈေးထဲထိနှစ်​ခေါက်သွားလိုက်ရတယ်။‌‌အခုမှစပြီးဆီကတ်ရဖူးလို့သွားထုတ်တာ။ဆီစာအုပ်ကော၊ ခွဲတမ်းစာရွက်ကောပါတာတောင်ဈေးရုံးကလက်မှတ်မပါလို့ဆိုပြီးထပ်သွားယူခိုင်းတယ်။တကယ်ဆိုဆီစာအုပ်ကော၊ခွဲတမ်းစာရွက်ကောပါတာကိုလူကတန်းစီစောင့်ပြီးမှမရောင်းနိုင်ဘူးပြောတယ်။အခုကလေ ခေတ်ပျက်မှသူတို့ကတောင်ပြည်သူအချင်းချင်းကိုယ်ချင်းစာစိတ်မရှိတော့ဘူး"လို့ ဆီထုတ်ယူရာမှာအခက်အခဲဖြစ်ခဲ့သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာအဆောင်တွေမှာနေထိုင်သူအလုပ်သမားတွေဆီကတ်ထုတ်ယူရာမှာအဆင်ပြေနိုင်ဖို့အတွက်အဆောင်မှူးတွေကကိုယ်စားထုတ်ယူခွင့်နဲ့ပိတ်ရက်တွေမှသာထုတ်ယူနိုင်ဖို့ရပ်ကွက်တချို့မှာညှိနှိုင်းတာတွေလုပ်ဆောင်နေတယ်လို့ရာအိမ်မှူးတချို့ရဲ့ပြောဆိုချက်အရသိရပါတယ်။

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026