NEWS

စားအုန်းဆီဈေးပိုမိုမြင့်တက်လာပြီး ရောင်းလိုအားနှင့်၀ယ်လိုအားမမျှတဖြစ်နေ

CoverLogo
1.1K Views

စားအုံးဆီဈေးတွေဟာ  ပိုမို့မြင့်တက်လာပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရဲ့ သက် သာသောနှုန်းထားနဲ့ လိုက်လံရောင်းချပေးနေတာဟာ ရောင်းလိုအားနဲ့၀ယ်လိုအားမမျှတဖြစ်နေတယ်လို့  ပြည်သူတွေက ပြောဆိုလာပါတယ်။

"စားဆီတွေကဈေးထဲမှာလည်းဈေးတက်လာတယ်။ တပိဿာကို ၁၂၀၀၀ ပေးနေရပြီ။   သူတို့ဆီကုန်သည်မှာလည်းဈေးတက်လာတယ်။ အရင်တခေါက်လာရောင်းတုန်းက တပိသာကို ၃၇၀၀ နဲ့လာရောင်းပေးတာ။ ခုတပိဿာကို ၅၀၀၀ ဖြစ်သွားတယ်။ တပိဿာမရဘူး။  ငါးဆယ်သားပဲရတယ်။ အာမလေးအဲ့ဒါတောင်မှလေ  မနက်၄နာရီကတည်းကအိပ်ယာထပြီး ၅နာရီလောက်ကတည်းကစပြီးတန်းစီထားရတယ်။ ဆီကားမရောက်သေးဘူး လူကအတော်များပြီးရန်ဖြစ်တဲ့သူကဖြစ်နေပြီ။ ဆီလည်းရောက်လာရောမရတဲ့သူကမရဘူး။ ရောင်းအားနဲ့၀ယ်အားမမျှဘူးလို့ ဆီတန်းစီဝယ်ယူခဲ့တဲ့  အိမ်ရှင်မတစ်ဦးကဆိုပါတယ်။

မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီတစ်ပိဿာကို ကျပ်၃၇၀၀နှုန်းနဲ့လိုက်လံရောင်းချပေးခဲ့ပြီးနောက် ယခုအခါကျပ် ငါးထောင်နဲ့ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ ရပ်ကွက်များထဲသို့ လိုက်လံရောင်းချပေးနေတာပဲဖြစ်ပါတယ်။

ဆီကုန်သည်တွေအနေနဲ့လည်း  လူထုကို ဆယ်ရာခိုင်နှုန်း ရည်ညွှန်းပေါက်ဈေးနဲ့မဖြစ်မနေပြန်လည်ရောင်းချပေးရတာဖြစ်ပြီး အဲ့ဒီလိုလိုက်လံရောင်းချပေးနေပဲ့လည်း  ၀ယ်လိုအားများပြားလွန်းကာ လုံလောက်စွာရော င်းချပေးနိုင်ခြင်းမရှိတာကြောင့် လာရောက်တန်းစီသူတိုင်း မရတဲ့အခြေအနေမှာရှိနေပြီး ရန်ဖြစ်ပွားတာတွေလည်း  မကြာခဏဖြစ်ပွားနေတာပါ။

ဒါဟာ ဆီတန်းစီရာမှာ တချို့က ဆီပုံးတွေသာချထားပြီး ဆီစပေးပြီဆိုတာနဲ့ဆီပုံးနေရာမှာ လူက ရောက်လာတာကြောင့် တန်းစီလက်စ ရှိနှင့်သူတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာ၊ ကြားဖြတ်တန်းစီတယ်ဆိုပြီး အငြင်းပွားတာတွေလည်း မကြာခဏ တွေ့မြင်နေရတာဆို ဆီရောင်းချသူတစ်ဦးကဆိုထားပါတယ်။

စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်ပေးထားတဲ့ စားအုန်းဆီအခြေခံရည်ညွှန်းဈေးက တစ်ပိဿာကို ကျပ် ၄၈၆၀ ဖြစ်ပေမဲ့ပြင်ပစားအုန်းဆီ ပေါက်ဈေးဟာ တစ်ပိဿာကို ကျပ် ၁၂၀၀၀ ကျော် ထိ မြင့်တက်နေပြီဖြစ်တယ်လို့  ဈေးကွက်တွေကနေစုံစမ်းသိရှိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် အကျဥ်းသားမိသားစုဝင်တွေ ထောင်ဝင်စာပို့ရေး ပိုမိုခက်ခဲလာ
Aug 25, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ
Aug 18, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို
Aug 17, 2025
Cover
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ
Aug 14, 2025
Cover
လွတ်ရက်စေ့ပြီး ထောင်ဗူး၀တွင် ပြန်အဖမ်းခံရသည့် နိုင်ကျဉ်း ၇၄ ဦး အထိ ရှိလာ
Aug 11, 2025
Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ
Aug 11, 2025