NEWS

စစ်မှုထမ်းဥပဒေ ဗန်းပြပြီး ငွေကြေးတောင်းခံမှုတွေကြောင့် သောကပွေနေရ

CoverLogo
409 Views

အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းရန်အတွက်ဆိုကာ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်ကြားလူငယ်တွေကို အဓမ္မခေါ်ဆောင်ပြီး စစ်သင်တန်းပေးကာ  ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ရင်ဆိုင်ဖို့ လူသားတံတိုင်းအဖြစ်အသုံးပြုနေတာဖြစ်ပါတယ်။ 

အပတ်စဉ်တခုလျှင် လူငယ် ၅၀၀၀ ခေါ်ယူမယ်လို့ လည်း သတင်းပြန်ကြားရေးက ထုတ်ပြောထားပါတယ်။ လက်ရှိမှာတော့ အပတ်စဉ် ၄ အထိ လူငယ်တွေခေါ်ယူလျှက်ရှိပြီး အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခေါ်မယ်ဆိုပြီးပြောထားပါသေးတယ်။ 

အဆိုပါ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီမှာ စတင်အသက်သွင်းကာ အချို့ကို ပြည်သူ့စစ်သင်တန်းများပေးခြင်း၊ လူငယ်တွေကို စစ်သင်တန်းများပေးခြင်းတွေပြုလုပ်နေသလို စစ်ကောင်စီ လက်အောက်ခံ ရပ်/ ကျေးအဆင့် တွေမှာ ကျန်ရှိနေတဲ့ အိမ်ထောင်စုတွေကို အကြောင်းပြ ငွေကြေးကောက်ခံလျှက်ရှိနေတာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွ မြို့နယ် ရွာသစ်ပိုင် ကျေးရွာမှာလည်း  စစ်မှုထမ်းရန် သွားရောက်သူတွေ အတွက်ဆိုကာ ရွာလူကြီးနဲ့ဆယ်အိမ်မှူး တွေ  က မကြာခဏ ငွေကြေးတောင်းခံ နေပြီး မပေးပါက စစ်တပ်နဲ့တိုင်ကာဖမ်းခိုင်းမယ်ဟုဆိုကာ ခြိမ်းခြောက်ငွေတောင်းခံနေလို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

၎င်းရွာ မှာ အိမ်ခြေ ၁၀၀၀ခန့်ရှိပြီးရွာ လူကြီး ဦးစိန်းဌေး နဲ့ ဆယ်အိမ်မှူးဖြစ်သူ ဦးတင်မောင်လွင်၊ ဦးသံခဲ၊ ဦးသန်းစိုးတို့က  စစ်မှုထမ်းရန် သွားရောက်တဲ့သူတွေအတွက်ဆိုကာ တစ်အိမ်ကို ၄၅၀၀၀ မှ ၅၀၀၀၀ ကျပ်ထိ ကောက်ခံတာ  ၃ ကြိမ်ရှိပြီးဖြစ်ပြီး ယခုတစ်ခါ   ထပ်မံ ပြီး ၂၅၀၀၀ ကျပ် ပေးရန် တောင်းခံနေတယ်လို့ ဒေသခံပြည်သူတွေထံ က သိရပါတယ်။

"ရွာလူကြီးနဲ့အဖွဲ့တွေက စစ်မှုထမ်းတဲ့ သူတွေ အတွက် တစ်အိမ်ကို လေးသောင်းကျပ်၊ ငါးသောင်းကျပ် စီ ကောက်တာ သုံးကြိမ်ရှိပြီ အခု တခါ ထပ်ကောက်တယ် တစ်အိမ်ကို ၂၅၀၀၀ ကျပ် ဆိုပြီး ပြည်သူတွေမှာ စားဝတ်နေရေး အတွက် ကျပ်တည်းနေကျတဲ့အချိန်ကို သူတို့တွေက စစ်မှုထမ်း ဥပဒေ နဲ့ ခြိမ်းခြောက် တယ် ကိုယ့်သားသမီး မပါစေချင်ရင် ပိုက်ဆံပေးရမယ် မပေးနိုင်ရင်  စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းမယ်ဆိုပြီးခြိမ်းခြောက်တာတွေ လုပ်နေတာ အတော်ကို့ဆိုးဝါးပါတယ်""လို့သုံးခွမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းရိုင်ကျေးရွာမှာလည်း အလားတူ ငွေကြေးကောက်ခံမှုတွေကြောင့် အခက်တွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

"တပြည်လုံးနီးပါးပဲ အခုဆို အသက် ၆၅ နှစ်အောက် အမျိုးသားတွေပါ စစ်သင်တန်းပေးမယ်ကြားနေရတာ၊ ဘယ်သူမှမလွတ်ဖူး။ စကစ လက်အောက်ရှိနေတဲ့ ပြည်နယ် တိုင်းတွေကို အကုန်စတေးမှာ ၊ စကစ လက်အောက်ခံ ရပ်/ ကျေး အုပ်ကြီးတွေကလည်း  လူမပေးရင် ငွေပေးဆိုတဲ့ အပေါက်မျိုးတွေလုပ်လာတာ ငွေက အလကားရတာမဟုတ်ဘူး။ ခုကုန်ဈေးနှုန်းနဲ့ ထမင်းမငတ်အောင် မနည်းရုန်းနေရတာ ဒီကောင်တွေကိုမကျေနပ်ဖူး"လို့  ရန်ကုန်တိုင်း တွံ့တေးမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။ 

အခုလို ခြိမ်းခြောက်ပြီး တောင်းနေတဲ့ အတွက် ပြည်သူ တွေ အနေနဲ့   စားဝတ်နေရေး ခက်ခဲ နေတဲ့ ကြားကသဘောဆန္ဒမရှိပဲ ပေးနေရတယ်လို့ ဆိုပါတယ်။

ယခုကဲ့သို့ စစ်မှုထမ်းဥပဒေ ဗန်းပြကာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရာအိမ်မှုး ဆယ်အိမ်မှုး တို့က ငွေကြေးအဓမ္မ ကောက်ခံ တာတွေ ကို နိုင်ငံတဝန်း ရှိ မြို့နယ် ကျေးရွာ အချို့ မှာ ဖြစ်ပေါ်နေပြီး ပြည်သူတွေက တိုင်ကြားတာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလည်း နှိမ်နှင်းပေးလျက်ရှိကြောင်း သိရပါတယ်။

ဓါတ်ပုံ- ပြည်သူ့စစ်လော်ဘီချန်နယ်( ဧရာဝတီတိုင်း၊ မအူပင် ပြည်သူ့စစ်အမှတ်စဉ် ၁)

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026