NEWS

စစ်မှုထမ်းရန် အမျိုးသမီးများကိုစာရင်းကောက်ယူနေခြင်းမရှိဘူးလို့ စစ်ကောင်စီငြင်းဆိုပေမဲ့ ရပ်ကွက်အချို့မှာအမျိုးသမီးတွေကို စစ်မှုထမ်း ဆင့်ခေါ်မှုတွေရှိနေ

CoverLogo
355 Views
 
စစ်ကောင်စီရဲ့ စစ်မူထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆောင်ဖို့အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ကြေငြာလိုက်ပေမဲ့ ရပ်ကွက်အချို့မှာတော့ အမျိုးသမီးဆင့်ခေါ်မှုတွေအထိပါရှိလာတယ်လို့ သိရပါတယ်။
"သူတို့ကမဟုတ်ဘူးဆိုပြီးသတင်းထုတ်ပြန်တာ တို့သင်္ဃန်းကျွန်းမှာဆိုရင် ဆင့်ခေါ်တာတွေအထိရှိနေပြီ။ ဆင့်ခေါ်စာနဲ့ကိုခေါ်တာ။ စစ်မှုထမ်းကိစ္စအတွက်ဆိုပြီးတောင် စာမှာပါသေး။ သူကတော့ဆွေးနွေးညှိနှိုင်းဖို့ဆိုပြီး အစည်းအဝေးခေါ်တာ။ ကောင်မလေးက စက်ရုံမှာလုပ်တာမဟုတ်ဘူး။ အပြင်ကအလုပ်ကုမ္ပဏီလည်းမဟုတ်ဘူး။ ဘယ်လိုဖြစ်မယ်တော့မသိဘူး"လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်နေပြည်သူတစ်ဦးကဆိုပါတယ်။
ဇန္နဝါရီ ၂၉ရက်နေ့က စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူမှုတွေရှိနေတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာအချို့ရဲ့ မေးမြန်းမှုတွေ အပေါ် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါရှင်းလင်းချက်အရ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးများကို စာရင်းကောက်ယူနေခြင်း မရှိသေးကြောင်းဘူးလို့ ငြင်းဆိုလိုက်တာဖြစ်ပေမဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာတော့ အမျိုးသမီးများ၏ စာရင်းများ ပါရှိနေသလို ရပ်ကွက်ရုံးသို့ဆင့်ခေါ်မှုတွေပါရှိလာတယ်လို့ Myanmar Labour News မှစုံစမ်းသိရှိရသလို စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာအချို့ကပါ စုံစမ်းဖော်ပြထားလာတာတွေ့ရပါတယ်။
မြို့နယ်အချို့တွင် စစ်မှုထမ်းရန် အမျိုးသမီး စာရင်းအချို့ ရပ်ကွက်ရုံးသို့ ရောက်ရှိနေသည်ဟူသော ပြောဆိုမှုအချို့လည်း ရှိနေသလို စစ်မူထမ်းအတွက်အစည်းဝေးဖိတ်ကြားခြင်းဟူသောဆင့်ခေါ်စာများနဲ့ စစ်မူထမ်းဖို့အတွက် အမျိုးသမီးပါအလှည့်ရောက်ရှိလာပြီဖြစ်လို့ သန်ခေါင်စာရင်းမိတ္တူတောင်းယူတာရှိသလို နောက်ဆုံးတိုင်ကြားထားတဲ့ ဧည့်စာရင်းမိတ္တူတောင်းယူတာတွေလည်းရှိနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီကတော့ မီဒီယာ တွေက ပြည်သူ့စစ်မှုထမ်း ဆောင်ခြင်းနှင့်ပတ်သက်ပြီး အများပြည်သူ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေဖို့ ကောလာဟလသတင်း များဖြင့်ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့ ရှင်းလင်းချက်မှာ ထည့်သွင်းတုံ့ပြန်ထားတာဖြစ်ပါတယ်။

Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
၂၀၂၆ခုနှစ် နှစ်စပိုင်းတွင် ထိုင်းမှ မြန်မာ လုပ်သား ၇၅ဦး ကို စစ်ကော်မရှင်ထံ လွှဲပေး
Jan 10, 2026
Cover
OC အထည်ချုပ် စက်ရုံ တောင်းဆိုမှု မပြေလည်ဘဲ မရေမရာ အခြေအနေ ဖြစ်လာနေ
Jan 10, 2026
Cover
Safety Clothing Myanmar အထည်ချုပ် EC စာချုပ် ချိုးဖောက်ပြီး သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ခိုင်း
Jan 09, 2026
Cover
COSTEC စက်ရုံတွင် လုပ်လစာထိုးပေးရန် ၆ ရက်ကြာ တောင်းဆို၊ တနာရီ လုပ်ခ ၂၅ ကျပ်တိုးပေး
Jan 09, 2026
Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Arao အထည်ချုပ်စက်ရုံ ဌာနခေါင်းဆောင်များအား ရာထူးချ
Jan 08, 2026