NEWS

စစ်မှုထမ်းထမ်းရန် အကြောင်းပြ ငွေတောင်းခံမှုများအား တိုင်တန်းနိုင်

CoverLogo
724 Views
 
စစ်မှုထမ်းဥပဒေကို အလွဲသုံးစားပြုကာ ငွေကြေးတောင်းခံတာကို အရေးယူဆောင်ရွက်တဲ့အပြင် ဥပဒေ အကြောင်းပြ ငွေကြေးတောင်းခံတာတွေကို တိုင်တန်းနိုင်တယ်လို့ ဇန်နဝါရီလ (၂၈) ရက် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်မှုထမ်းဥပဒေ အကြောင်းပြ အတင်းအကျပ် ဥပဒေမဲ့ ဖမ်းဆီးတာတွေ ရှိနေပြီး ငွေကြေး တောင်းခံတာတွေက မြို့ကြီးတွေတင်မကဘဲ ကျေးလက်က ပြည်သူတွေပါ ခံစားနေရတာပဲ ဖြစ်ပါတယ်။ ဒီလိုငွေကြေးအဓမ္မတောင်းခံမှုတွေကြောင့် ပြည်သူတွေမှာ အခက်အခဲတွေဖြစ်ပေါ်နေပြီး ထိရောက်တဲ့ အရေးယူမှု မရှိသလောက် ဖြစ်နေတယ်လို့ လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။
ဒီလို ငွေကြေးကောက်ခံတာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြိုနယ်၊ စောင်းအုပ် ကျေးရွာအုပ်စုမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအကြောင်းပြကာ လစဉ်ငွေကြေး ကောက်ခံတာတွေ လုပ်ဆောင်နေတာကြောင့် အခက်အခဲ ဖြစ်နေရတယ်လို ဒေသခံတွေက ပြောဆိုထားပါတယ်။
“ကျွန်တော်တိုဘက်က အုပ်ချုပ်ရေးမှူး ဦးလှငွေက တောင်ယာချောက်ရွာနဲ့ စီသာကံဦးရွာသားတွေကို အရင်က ပြောသလို တစ်အိမ်ထောင်ကို ယောင်္ကျား လေး တစ်ယောက်ရှိရင် တစ်သိန်း၊ နှစ်ယောက်ဆို နှစ်သိန်း၊ လယ်သမားတွေဆို တစ်သိန်းနှစ်သောင်း ပေးရမယ်။ မပေးတဲ့အိမ်တွေကို စကစကိုခေါ်ပြီး စစ်မှုထမ်းရမယ်လို ခြိမ်းခြောက်ပြောဆိုပါတယ်။ တကယ်ဆို ဦးလှငွေက ရွာသားတွေက တင်ထားတာ မဟုတ်ပါဘူး။ စကစလက် ထက်မှာ လူကြီးပြန်လုပ်ပြီး ငွေကြေးကောက်ခံတာတွေ၊ ရပ်ရွာပြည်သူတွေကို မတရားအနိုင်ကျင့် ငွေကောက် ခံတာတွေ လုပ်ဆောင်နေပါတယ်”လို စောင်းအုပ်ကျေးရွာ အုပ်စုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံပိုင် သတင်းစာမှာ ရွှေဘိုမြိုနယ်တွင်း စစ်မှုထမ်းဥပဒေအကြောင်းပြကာ ငွေကြေးအလွဲသုံးစာ လုပ်ဆောင်မှုကို ပြည်သူတစ်ဦးရဲ့ သတင်းပေးပိုချက်အရ သိရှိခဲ့ရပြီး အရေးယူခဲ့တယ်လို ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်မှာ မြိုနယ်အုပ်ချုပ်ရေးမှူး။ မြိုနယ်ရဲမှူးတို ဦးဆောင်တဲ့ဧည့်စာရင်း စစ်ဆေးတဲ့အဖွဲဟာ ရွှေဘိုမြို အတွင်း ဧည့်စာရင်းစစ်ဆေးစဉ် ဧည့်တိုင်ကြားမှုမရှိတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်မှုထမ်း စာရင်းသွင်းမယ်ဆိုပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာ ထွေအုပ်ရုံးရဲ့ ဝန်ထမ်းတစ်ဦးက မိဘတွေထံ ဆက်သွယ်ပြီး ဖမ်းဆီးခံရသူအစား အခြားတစ်ဦးကို ထည့်ပေးမည် ဆိုကာ ကျပ်သိန်း (၁၃၀) တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ရရှိတဲ့ငွေကြေးကို အုပ်စုဖွဲ ခွဲဝေမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဖြစ်စဉ်ကို အရေးယူထားတယ်လို သတင်းထုတ်ပြန်ထား ပါတယ်။
“သူတိုအရေးယူတယ်ဆိုတာတော့ အခုမှပဲ။ သူတို့ပဲ ဖမ်းချင်သလို ဖမ်းတယ်။ ပိုက်ဆံနဲ့ ရွေးခိုင်းတာတွေက ခဏခဏ ကြားနေရတာပဲ။ တကယ်တိုင်လိုရတယ်။ ထိထိရောက်ရောက် ဖြစ်မယ်ဆို တိုင်ကြမှာပဲ။ အခုက မတရားလည်း စစ်မှုထမ်းခိုင်းတာကို ကြောက်ရတာကတစ်မျိုး၊ ဟိုကမခေါ်သေးဘူး သူတိုက ပြန်ပေးဆွဲ ဓားပြတိုက်တာကတစ်မျိုး၊ ခံနေရတယ်”လို ရွှေပြည်သာမြိုနယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြချက်အရတော့ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အသက် (၁၈) နှစ်ကနေ (၃၅) နှစ် အထိ အမျိုးသားတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေအတိုင်း ဆင့်ခေါ်မှာ ဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်တာ ဉပဒေနဲ့အညီ ဆင့်ခေါ်မှု မရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို ဆက်သွယ်သတင်းပေးဖို့ ထုတ်ပြန်ထားပါတယ်။
Photo; ရွှေဘိုမြို ဖြစ်စဉ်မှာ ထုတ်ပြန်ထားသည့် ပုံ

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026