NEWS

စစ်ဖြစ်နေတဲ့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ​ကြောင့် မြေမြှုပ်မိုင်းတွေ နေရာ​ရွေ့နိုင်လို့သတိပြုရန်အသိပေးထား

CoverLogo
533 Views

စစ်ပွဲဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် မြေမြှုပ်မိုင်းတွေ နေရာရွေ့နိုင်တဲ့အတွက် သတိပြုလိုက်နာရမယ့် စည်းကမ်းချက်များကို တော်လှန်ရေးအဖွဲ့အစည်းတွေက  စက်တင်ဘာလ (၁၉)ရက် ထုတ်ပြန်အသိပေးထားပါတယ်။ 

မြန်မာနိုင်ငံ တစ်ဝှမ်းရေကြီးရေလျှံတာတွေကြောင့် စစ်ပွဲများဖြစ်ရာဒေသတွေ မှာ မြေပြို၊တောင်ပြို တာတွေကြောင့် မြုပ်ထားတဲ့ မြေမြုပ်မိုင်းတွေ နေရာရွေ့ကာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နိုင်တဲ့အထိ အန္တရာယ်ရှိနေတယ်လို့ဆိုပါတယ်။ 

ဒါကြောင့်  မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်တဲ့အတွက် စစ်ပွဲတွေဖြစ်ပေါ်နေတဲ့ ဒေသတွေ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ဘေးကင်းလုံခြုံကြောင်း ကြေညာပြီးမှသာလျှင် နေရပ်သို့ပြန်ဖို့  အရေးကြီးတယ်လို့ အသိပေးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

စစ်ဘေးအပြင် ရေဘေးသင့်နေတဲ့ ဒေသတွေကပြည်သူတွေအနေနဲ့ ရေအောက်ကို သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲ လမ်းလျှောက်ခြင်းမပြုပါရန်၊ လေးလံသော ပစ္စည်းများကို မြေကြီးပေါ်ကိုချတဲ့အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားပါ"လို့ သတိပေးထားပါတယ်။ 

ဒါ့အပြင် မိမိမသွားရောက်ဖူးသောနယ်မြေတွေကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းက ရှောင်ကျဉ်တာ၊ အမျိုးအမည်မသိတဲ့ သံသယဖြစ်ဖွယ်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းက ရှောင်ကျဉ်ရန် နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တွေ့ရှိခဲ့ပါက တာဝန်ရှိသူတွေကို ချက်ချင်းအကြောင်းကြားဖို့၊ ကလေးသူငယ်တွေကို အန္တရာယ်ရှိတဲ့နေရာနဲ့ဝေးရာမှာထားပါလို့ ဆိုပါတယ်။ 

အန္တရာယ်ရှိကြောင်း တခြားသူတွေကို သတိပေးရမှာဖြစ်သလို တကယ်လို့ မိမိရှေ့မှာ မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်တင်ပေးနိုင်ဖို့ ရှေးဦးသူနာပြုစုနည်းတွေကို လေ့လာဖို့ လည်းတော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်အသိပေးထားပါတယ်။ 

ရာဂိမုန်တိုင်း ရဲ့အရှိန်ကြောင့် စက်တင်ဘာ၁၀ ရက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာပြည်ရဲ့ ရေဘေးအတွင်းမြို့ပေါင်း၅၀ ကျော် ရေဘေးဒဏ်ခံစားရ ရာမှာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်း အတွင်းက စစ်ဖြစ်တဲ့ဒေသတွေ ပါဝင်နေပြီး စစ်ဘေးနဲ့ရေဘေး စတဲ့ဘေးအန္တရာယ်၂မျိုးစလုံးကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်း စစ်ဖြစ်တဲ့ဒေသတွေက ပြည်သူတွေယနေ့ အထိခံစားနေကြရဆဲဖြစ်နေပါတယ်။ 

 


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026