NEWS

စစ်တပ်ခေါ် ခြိမ်းခြောက်သည့် အထည်ချုပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရသေးဟုဆို

CoverLogo
972 Views

ဇန်နဝါရီလကတည်းက ရရှိရမယ့်  လုပ်ခလစာ၂လစာတောင်းယူတာကို စက်ရုံပိုင်ရှင် အမျိုးသမီးက စစ်တပ်ခေါ်ပြီးခြိမ်းခြောက် ခံခဲ့ရတဲ့  Likes View Tex Garment Co.Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လက်ရှိအချိန်အထိ ကျန်ရှိ‌နေတဲ့ လစာမရရှိသေးဘူးလို့ သိရပါတယ်။

လုပ်ခလစာ မပေးတဲ့အတွက် အလုပ်သမားတွေဘက်က လှိုင်သာယာမြို့နယ် အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"အခု မြို့နယ်မှူးကနေ တဆင့် တောင်းထားတယ် ဒီလ၂၀ရက်နေ့ ပေးမယ်ပြောပေမယ့် သူ့တို့ကြည့်ရတာ ပေးမယ့်ပုံမပေါ်ဘူး"လို့  အထည်ချုပ် စက်ရုံဝန်ထမ်းတဦးက ပြောပါတယ်။

စက်ရုံအလုပ်သမား‌တွေ နဲ့ ပိုင်ရှင်ဆိုသူ အမျိုးသမီးတို့ နှစ်ဖက်ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ အပ်ထည်ချုပ်ပြီးသွားရင် လုပ်ခလစာ အပြည့်ပေးချေပါ့မယ်လို့ ပါရှိပေမယ့် လက်ရှိအချိန်အထိ ပေးချေတာမရှိတဲ့အတွက် အခုလို တိုင်ကြားရတာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

"သူက ဟိုတစ ဒီတစ ပေးချင်တာ ၊ အလုပ်သမားရုံးမှာကြတော့စက်ရုံက ပစ္စည်းတွေရောင်းပြီး ပေးမယ်လို့ ပြောပေမယ့် အခုမီးစက်ကြီးကို ကျွန်မတို့ ရှေ့တင် ရောင်းတာပဲ။ အဲ့ဒါကိုခုထိမပေးသေးဘူး"လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီ စက်ရုံက‌နေ ကျန်ရှိ‌နေတဲ့ လစာ၂လစာ နီးပါးမရရှိသေးတဲ့ အလုပ်သမားဦးရေဟာ ရာဂဏန်းနီးပါးရှိနေပြီး စက်ရုံပိုင်ရှင်ဆိုသူအမျိုးသမီးကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လစာပေးချေရမယ့် အလုပ်သမားတွေကို လုပ်ခလစာမပေးသေးပေမယ့် စက်ရုံဘက်က အလုပ်သမား အသစ်တွေခေါ်ယူလုပ်ကိုင်နေတယ်လို့လည်း အလုပ်သမားတွေဘက်က​ ပြောပါတယ်။

"အရင်ကဆို မပေးဘဲနေလို့ မရဘူး။ အခုကျတော့ သူကပြန်တာတောင် မီးတန်းယာဥ်နဲ့ ပြန်တာ ။ အလုပ်သမားတွေကိုလည်းခြောက်ထားတော့ အလုပ်သမားရုံးသွားတိုင်ရတာ"လို့ လစာမရသေးတဲ့ အလုပ်သမားတဦးက ပြောပါတယ်။

အဲဒီစက်ရုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မွေးမြူးရေးဇုန် (၅) ၊ အမှတ် ၆ ၊ ရွှေရင်အေးဘုရားလမ်းက  Likes View Tex Garment Co.Ltd အမည်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး ရွှေပြည်သာဘက်က အပ်ထည်တွေ ချုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026