NEWS

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားများအား ဖမ်းဆီးခြင်းမဟုတ်ဟု ပြောဆိုပြန်

CoverLogo
852 Views

လုပ်ခလစာ တိုးမြှင့်ဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖမ်းဆီးထားတာ မဟုတ်ဘဲ တခြားကိစ္စနဲ့ စစ်ဆေး မေးမြန်းတာ ဖြစ်တယ်လို့ ဇူလိုင် ၁၄ ရက်က ဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။ 

 

အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာ ကြောင့် ဖမ်းဆီးခံခဲရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ရန်ကုန်ရုံးက လူမှုကွန်ရက် မှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိဘူး ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေ ဖမ်းဆီးခံရမှုဟာ ပြဋ္ဌာန်းချက် အမှတ် ၈၇ နဲ့လည်း သက်ဆိုင်ခြင်းမရှိဘဲ လုပ်ခလစာ တိုးမြှင့် ပေးဖို့ တောင်းဆိုလို့ ဖမ်းဆီးတာ မဟုတ်ဘဲ တခြားအကြောင်းကိစ္စတွေနဲ့ စစ်ဆေးမေးမြန်းနေတာလို့ ဖော်ပြ ပါတယ်။

 

ဒါ့ပေမဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ Sun Apparel စက်ရုံနဲ့ ဟိုစိန့် အထည်ချုပ် စက်ရုံက အလုပ်သမားခေါင်းဆောင်တွေ အပါဝင် Action Labour Right က ကူညီရေးအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲ တပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ဖမ်းဆီးခဲ့ ပါတယ်။ 

 

ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားအများစုက အမျိုးသမီးတွေဖြစ်ပြီး အဲဒီအထဲက Sun Apparel အမျိုးသား အလုပ်သမား တစ်ဦးကတော့ လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

 

စစ်ကောင်စီက အလုပ်သမားနဲ့ကူညီရေးအဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးပြီးနောက် ရက်သတ္တပတ် ၂ ပတ်ကြာမှ အလုပ်သမားတွေကို ဆူပူအုံကြွအောင် သွေးထိုးတယ်လို့ စွပ်စွဲပြီး တရားခံတွေလို့ သုံးနှုန်းကာ တရားဥပဒေအရ ထိရောက်စွာ အရေးယူ မယ်လို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

 

ဒီလို ထုတ်ပြန်ထားပေမဲ့ အလုပ်သမား ဝန်ကြီးဌာနတော့ တလကြာ ချုပ်နှောင်ခံထားရပြီး တရားရုံးချိန်း တကြိမ်ရောက်ထားတဲ့ အလုပ်သမားတွေကို “စစ်ဆေးမေးမြန်းနေရခြင်း”လို့ အံဩဖွယ်ရာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

 

တရက် လုပ်ခလစာတိုးတောင်းရာမှာ ဦးဆောင်ခဲ့တဲ့ အလုပ်သမား ၁၀ ဦးကို အလုပ်ထုတ်ခဲ့လို့ ဟိုစိန့်အထည်ချုပ် စက်ရုံအတွင်းအလုပ်သမားတွေ ဆန္ဒထုတ်ဖော်နေစဉ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စက်ရုံအတွင်း ဝင်ရောက်ပြီး “စစ်အုပ်ချုပ်ရေးလက်အောက်မှာ ဘာသမဂ္ဂမရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 

 

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားနဲ့ ကူညီရေးအဖွဲ့ဝင် ၁၀ ဦးဟာ လာမဲ့ ဇူလိုင် ၂၁ ရက်မှာ ဒုတိယအကြိမ်ရုံးချိန်း ရင်ဆိုင်ရမယ်လို့ Myanmar Labour News က သတင်းရရှိထားပါတယ်။ 

 

တရက်လုပ်ခလစာ တိုးမြှင့်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေနဲ့သမဂ္ဂအဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုကြောင့် Sun Apparel Myanmar စက်ရုံက ချုပ်လုပ်တဲ့ ဂျာမနီ ကုန်အမှတ်တံဆိပ် JAKO နဲ့ ဟိုစိန့် အထည်ချုပ် စက်ရုံက ချုပ်လုပ်တဲ့ စပိန်ကုန်အမှတ်တံဆိပ် Zara တို့ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း အပ်နှံတာတွေ မပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026