NEWS

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားများအား ဖမ်းဆီးခြင်းမဟုတ်ဟု ပြောဆိုပြန်

CoverLogo
789 Views

လုပ်ခလစာ တိုးမြှင့်ဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖမ်းဆီးထားတာ မဟုတ်ဘဲ တခြားကိစ္စနဲ့ စစ်ဆေး မေးမြန်းတာ ဖြစ်တယ်လို့ ဇူလိုင် ၁၄ ရက်က ဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ထုတ်ပြန်ထားပါတယ်။ 

 

အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာ ကြောင့် ဖမ်းဆီးခံခဲရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ရန်ကုန်ရုံးက လူမှုကွန်ရက် မှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိဘူး ဆိုပြီး အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

 

အလုပ်သမားတွေ ဖမ်းဆီးခံရမှုဟာ ပြဋ္ဌာန်းချက် အမှတ် ၈၇ နဲ့လည်း သက်ဆိုင်ခြင်းမရှိဘဲ လုပ်ခလစာ တိုးမြှင့် ပေးဖို့ တောင်းဆိုလို့ ဖမ်းဆီးတာ မဟုတ်ဘဲ တခြားအကြောင်းကိစ္စတွေနဲ့ စစ်ဆေးမေးမြန်းနေတာလို့ ဖော်ပြ ပါတယ်။

 

ဒါ့ပေမဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ Sun Apparel စက်ရုံနဲ့ ဟိုစိန့် အထည်ချုပ် စက်ရုံက အလုပ်သမားခေါင်းဆောင်တွေ အပါဝင် Action Labour Right က ကူညီရေးအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲ တပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း ဖမ်းဆီးခဲ့ ပါတယ်။ 

 

ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားအများစုက အမျိုးသမီးတွေဖြစ်ပြီး အဲဒီအထဲက Sun Apparel အမျိုးသား အလုပ်သမား တစ်ဦးကတော့ လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

 

စစ်ကောင်စီက အလုပ်သမားနဲ့ကူညီရေးအဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးပြီးနောက် ရက်သတ္တပတ် ၂ ပတ်ကြာမှ အလုပ်သမားတွေကို ဆူပူအုံကြွအောင် သွေးထိုးတယ်လို့ စွပ်စွဲပြီး တရားခံတွေလို့ သုံးနှုန်းကာ တရားဥပဒေအရ ထိရောက်စွာ အရေးယူ မယ်လို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ခဲ့ပါတယ်။ 

 

ဒီလို ထုတ်ပြန်ထားပေမဲ့ အလုပ်သမား ဝန်ကြီးဌာနတော့ တလကြာ ချုပ်နှောင်ခံထားရပြီး တရားရုံးချိန်း တကြိမ်ရောက်ထားတဲ့ အလုပ်သမားတွေကို “စစ်ဆေးမေးမြန်းနေရခြင်း”လို့ အံဩဖွယ်ရာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

 

တရက် လုပ်ခလစာတိုးတောင်းရာမှာ ဦးဆောင်ခဲ့တဲ့ အလုပ်သမား ၁၀ ဦးကို အလုပ်ထုတ်ခဲ့လို့ ဟိုစိန့်အထည်ချုပ် စက်ရုံအတွင်းအလုပ်သမားတွေ ဆန္ဒထုတ်ဖော်နေစဉ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စက်ရုံအတွင်း ဝင်ရောက်ပြီး “စစ်အုပ်ချုပ်ရေးလက်အောက်မှာ ဘာသမဂ္ဂမရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။ 

 

ဖမ်းဆီးခံထားရတဲ့ အလုပ်သမားနဲ့ ကူညီရေးအဖွဲ့ဝင် ၁၀ ဦးဟာ လာမဲ့ ဇူလိုင် ၂၁ ရက်မှာ ဒုတိယအကြိမ်ရုံးချိန်း ရင်ဆိုင်ရမယ်လို့ Myanmar Labour News က သတင်းရရှိထားပါတယ်။ 

 

တရက်လုပ်ခလစာ တိုးမြှင့်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေနဲ့သမဂ္ဂအဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုကြောင့် Sun Apparel Myanmar စက်ရုံက ချုပ်လုပ်တဲ့ ဂျာမနီ ကုန်အမှတ်တံဆိပ် JAKO နဲ့ ဟိုစိန့် အထည်ချုပ် စက်ရုံက ချုပ်လုပ်တဲ့ စပိန်ကုန်အမှတ်တံဆိပ် Zara တို့ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း အပ်နှံတာတွေ မပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025