NEWS

စစ်ကောင်စီအာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြသော နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ(၂၁၃၁)ထက်မနည်းရှိလာ

CoverLogo
878 Views

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းယူဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများရဲ့ဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၃၁) ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန် ချက်အရသိရပါတယ်။

“ကိန်းဂဏန်းတွေအရတော့  AAPPရဲ့စာရင်းတွေအရ ကျဆုံးသူအရေအတွက်နှစ်ထောင့်တစ်ရာကျော်ရှိ လာတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူ နွေဦးတော်လှန်ရေးပါ၀င်သူတွေ CDM သမားတွေနဲ့ Supporting လုပ်ဆောင်သူတွေရဲ့နေအိမ်တွေကိုလည်းမတရားချိတ်ပိတ်သိမ်းဆည်းထားတာ ၆၇၈လုံးရှိလာပြီ။ ဒါကAAPPရဲ့ လက်လှမ်းမီသလောက်စုစောင်းထားတဲ့အချက်အလက်တွေပေါ့။  လက်အလှမ်းမမီတဲ့ကျဆုံးမှုတွေ ဖမ်းဆီးခံထားရမှုတွေဆိုတာ ဘယ်လောက်ကျန်နေအုံးမယ်ဆိုတာ မသိနိုင်ပါဘူး” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက  ပြေပါတယ်။

လက်ရှိမှာ AAPPရဲ့လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ယခုလ ဇွန်လကုန်ထိ စစ်ကောင်စီရဲ့မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၆၇၈) ခုထက်မနည်းရှိခဲ့ပြီး  မတရားစစ်အာဏာသိမ်းယူဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများရဲ့ဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာလည်း(၂၁၃၁) ဦးအထိ ရှိလာပြီလို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  ဇူလိုင်လ ၂၇ ရက်ညနေပိုင်းက နောက်ဆုံး အပ်ဒိတ်သတင်းအချက်အလက်ကို ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်၂၇ရက်နေ့မှာတင်မှာပဲ  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ (၈) ဦးတို့ ကျဆုံးသွားခဲ့တယ်လို့ အချက်အလက်များကောက်ယူနိုင်ခဲ့ပြီး အဆိုပါအရေအတွက်ဟာ  AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်၍ ၎င်းတို့ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၀၈) ဦးရှိပြီး (၁၃၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။

အဆိုပါပြစ်ဒဏ်ကျခံရသူများထဲမှ (၇၄) ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိကာ  ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၀၆၈) ဦး ရှိတယ်လို့ ၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026