NEWS

စစ်ကောင်စီကျူးလွန်မှုတွေအပေါ် အလုံးစုံပိတ်ဆို့မှုချမှတ်နိုင်ရေး ILO အုပ်ချုပ်ရေးအဖွဲ့ ညီလာခံတွင် ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးမှ တင်ပြဆွေးနွေးသွားမည်

CoverLogo
376 Views

အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်ထားတဲ့ လူသတ်မှု၊ မတရားဖမ်းဆီးအကျဉ်းချမှု၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု တွေ အပေါ် အရေးယူရေးနှင့် အလုံးစုံပိတ်ဆို့မှုပြုလုပ်နိုင်ရေးအတွက် လက်ရှိကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ညီလာခံမှာ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးက တင်ပြဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body ) ၂၀၂၄-၂၀၂၇ ခုနှစ် သက်တမ်းအတွက်  Worker Deputy Member အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါဖြိုးစန္ဒာစိုးက  ကိုယ်စားလှယ်အနေဖြင့် ရွေးချယ်ခြင်းခံရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပနေတဲ့  ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ (112th International Labour Conference-ILC) ကို အပြည်ပြည်ဆိုင်ရာမှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တတ်ရောက်ဆွေးနွေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံမှ NUG ဦးဆောင်သော  သုံးပွင့်ဆိုင်(အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) မှ ကိုယ်စားပြု အမည်စာရင်း တင်သွင်းကာ ဒေါ်ဖြိုးစန္ဒာစိုးက မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်းကိုယ်စားပြုအဖြစ် တက်ရောက်ကာ   စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရန် နည်းလမ်းများထဲမှ စစ်ကောင်စီ၏ ကိုယ်ကျိုးစီးပွားရေးနှင့် လူသတ်လက်နက် ဝယ်ယူနေသည့် ဝင်ငွေစီးဆင်းမှုများ အလုံးစုံပိတ်ဆို့နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုကို အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန်  ညီလာခံတွင် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် ILO စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ 
စစ်ကောင်စီ ခေါင်းဆောင်သော မြန်မာစစ်တပ်သည် ပြည်သူ ၄,၀၀၀ ဦးကျော်ကို သတ်ဖြတ်ခြင်း၊ ၂၆,၀၀၀ နီးပါးဖမ်းဆီးခြင်းနှင့်  ILO တွင် လိုက်နာကျင့်သုံးပါမည်ဟု မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးသည့် အချက်များဖြစ်သည့် ILO Convention 87 လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်နှင့် ILO Convention 29 အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဠာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း နှင့် အလုပ်သမားများကို ခေတ်သစ် ကျွန်ပြုခိုင်းစေခံရသည့် လုပ်ရပ်များသာ ဖန်တီးနေကြောင်း သက်သေအထောက်အထားနှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ ချိုးဖောက်ကျူးလွန်မှုတွေအပေါ်  Article  33 အရ အလုံးစုံ စီးပွားရေး ပိတ်ဆို့အရေးယူ ဆောင်ရွက်နိုင်ပါရန် ILO ညီလာခံသို့  မြန်မာနိုင်ငံ အလုပ်သမားအင်အားစု ကိုယ်စားပြု တတ်ရောက်လျက်ရှိသောဒေါ်ဖြိုးစန္ဒာစိုးက တင်ပြဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းအနေနဲ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်  ဇွန်လ (၁၀)ရက်နေ့မနက်ပိုင်းတွင် UN အဆောက်အအုံရှိ Broken Chair နေရာတွင် "စစ်အာဏာရှင်လက်အောက်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားအခွင့်အရေး လုံးဝ မရှိနိုင်ကြောင်း၊ စစ်အာဏာရှင် ကျရူံးရေးအတွက် အရှိန်အဟုန်မြှင့် တိုက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်းနှင့် ILO အနေဖြင့် မနှစ်က စုံစမ်းစစ်ဆေးရေးကော်မရှင်က အတည်ပြုထားသည့် စစ်ကောင်စီ၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအပေါ်  Article 33 အရ စစ်တပ် ဝင်ငွေ စီးဆင်းမှုစီးပွားပိတ်ဆို့ အရေးယူတင်သွင်းသွားရာတွင် ထောက်ခံအားပေးရန်" စည်းရုံးလှုံဆော်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026