NEWS

စက်သုံးဆီ ဈေးကြီးလို့ လယ်ထွန်စက်အစား ခိုင်းနွားများပြန်လည် အသုံးပြုလာရ

CoverLogo
516 Views

ယခုနှစ်မိုးစပါးရာသီမှာ စက်သုံးဆီဈေးနဲ့ အထွေထွေကုန်ကျစရိတ်တွေ အဆမတန်မြင့်တက်နေပြီး  ထွန်စက်ငှားရမ်းခဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတာကြောင့် လယ်ယာ ထွန်ယက်ရာမှာ ထွန်စက်အစား  ခိုင်းနွားတွေကိုပြန်လည်အသုံးပြုလာကြတယ်လို့ နိုင်ငံအနှံ့က တောင်သူလယ်သမားတွေထံကသိရပါတယ်။

စက်သုံးဆီ ဒီဇယ် တစ်လီတာ ကို ရန်ကုန်ဈေးကွက်မှာ ၂၈၀၀ ကျော်ရှိနေပြီး နယ်မြို့ တွေ မှာ ဝယ်ယူ နိုင်တဲ့ အခြေနေ ပေါ်မူတည်ပြီး တစ်လီတာ ၃၀၀၀ ကျော်မှ ၄၀၀၀ ကျော် အထိ ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း  စက်သုံးဆီ ဈေးတွေ ယခင်ထက် အဆများစွာ ဈေးမြင့်တက်သလို ဒေါ်လာဈေး မြင့်တက်တာတွေ ကြောင့်လဲ လယ်ယာသုံးစက်ပစ္စည်းတွေလည်း ဈေးကြီးမြင့်လာတယ်လို သိရပါတယ်။

လက်ရှိမိုးစပါးစိုက်ပျိုးချိန်မှာ ထွန်ယက်ဖို့အတွက် ကုန်ကျစရိတ်အကြမ်းဖျဉ်းအနေနဲ့ အလုပ်သမားခ တရက်လျင် ကျပ် ၁၅၀၀၀ ကျပ် ဝန်းကျင် ၊ လယ်ထွန်စက်ငှားခ ၂ ကျော့ အပြီးအစီး တစ်ဧကလျင် ကျပ် ၁၄၀၀၀၀ ဝန်းကျင် ၊ မြေဩဇာတအိတ်လျင် (ဖော့စဖိတ် )  ၁၂၅၀၀၀ ဝန်းကျင် ၊ ပင်ပွားချိန် ပုလဲ( ၃ ရစ်) ၁၀၀၀၀၀ ဝန်းကျင်၊ သဘာဝမြေဩဇာ ကြက်ချေးတအိတ် ၅၀၀၀ နှုန်း ၊ နွားချေး တအိတ်လျင် ၁၅၀၀ ဝန်းကျင်  ၊ ပိုးသတ်ဆေး  တစ်ဧက ၆၀၀၀၀ ကျပ်ဝန်းကျင် ၊  သက်ငယ်   မျိုးစပါး တစ်ဧက ၅၀၀၀၀ ဝန်းကျင်၊  မျိုးစပါးမျိုးသန့်  တစ်ဧက ၈၀၀၀၀ ဝန်းကျင်၊ ဆေးဖြန်းလုပ်သားခ၊ ရေချိန်ညှိခြင်းစတဲ့အထွေထွေကုန်ကျစရိတ်တွေအပြင် ၊ ရိတ်ခြွေခ  တစ်ဧက ၁၂၀၀၀၀ ဝန်းကျင် ( ယခင်နှစ်ပေါက်ဈေး) ရှိနေတာ ဖြစ်ပါတယ်။ 

"အခုက ကိုယ့်အိမ်မှာ စက်ရှိရင်တောင် စက်သုံးဆီ ဈေး က မြင့်နေတော့ တွက်နေရတယ် အလွယ်တကူ ဝယ်မရတာ ကရှိသေးတော့ အရင်လို ခိုင်းနွားနဲ့ပဲ ထွန်ယက်ကြတာ များတယ် အာဏာသိမ်းလိုက်မှ စက်မှုလယ်ယာကနေ အောက်ကိုဆင်းပြီး အရင်လို နွားနဲ့ ပဲ ထွန်ယက်နေရတယ်"လို့ ပဲခူးတိုင်းက လယ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာ လယ်ယာ စိုက်ပျိုးသူအများစု မှာ ထွန်စက်များအစား  ခိုင်းနွားများ ကို ဝယ်ယူ သုံးစွဲ လာတဲ့ အတွက် ခိုင်းနွားဈေးကွက် လည်း မြင့်လာတယ်လို နွားမွေးမြူရေး လုပ်ငန်းရှင်တွေထံ က သိရပါတယ်။

"အခုစိုက်ပျိုးရာသီ မှာ  နွားမွေးမြူရေး ဈေးကွက်က လှုပ်လာတယ်   ခိုင်းနွား တံပိုး မတင်ရသေးတဲ့ အကောင် တောင် ၁၄သိန်း ၁၅သိန်း ရှိတယ် တကယ့်ခိုင်းနွားကောင်းတွေဆို ၂၅သိန်း လောက်အထိ ရှိတယ်"လို့ မန္တလေး တိုင်း ဝမ်းတွင်းမြို့နယ်က နွားမွေးမြူသူတစ်ဦးကပြောပါတယ်။

အခုလို နွားဈေးကွက် ပြန်ကောင်းလာတဲ့ အတွက် တပိုင်တနိုင် လွှတ်ကြောင်းစနစ်နဲ့ ဆိတ်မွေးမြူသူတွေဟာ နွားမွေးမြူရေး ဘက်ကို ပြောင်းလဲ မွေးမြူ လာတာ ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026