NEWS

စက်သုံးဆီဈေးမြင့်တက်လာသည်အမျှ Food Panda ၀န်ထမ်းများ သတ်မှတ်ကီလိုကြေးအတိုင်းမရဘဲပို့ဆောင်နေရလို့ အော်ဒါပို့ဆောင်မှုရပ်နားထား

CoverLogo
2K Views

မန္တလေး foodpanda Riders တွေဟာ လုပ်အားနဲ့ ထိုက်သင့် မျှတတဲ့ လုပ်အားခ (ကီလိုကြေး) မရရှိတာနဲ့ လက်ရှိ ကီလိုကြေးပမာဏကို ကုမ္ပဏီဘက်က တိကျ ရှင်းလင်းစွာ အသိမပေးတာကြောင့် မန္တလေး foodpanda Riders တွေရဲ့ သဘောတူ ဆုံးဖြတ်ချက် အရ  ဩဂုတ် ၂၅ ရက်ကစပြီး  လုပ်ငန်းခွင်မဝင်ဘဲ အလုပ်ရပ်နားထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမှာရှိတဲ့  Food Panda ၀န်ထမ်းတွေဟာ စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ ပို့ဆောင်ရတဲ့ကီလိုအကွာအေ၀းအလိုက်  သတ်မှတ်ထားတဲ့ကီလိုကြေးတွေမရရှိတာကြောင့်  အခက်အခဲတွေရှိနေတယ်လို့ လည်းသိရပါတယ်။

"အရင်ကဆို အော်ဒါတစ်ကြောင်းကို 7.8 ကီလို အထိပဲအဲ့ထက်ကျော်ရင်အော်ဒါကန်ဆယ်ဖြစ်ပြီ။ ခုကတော့ ဆယ်ကီလိုလည်းသွားရတယ်။ ကျော်လည်းသွားရတယ်။  ၁၃ကနေ၁၆ကီလိုထိတောင် ဇုန်ထဲမှာရှိပါတယ် သွားပို့ပါဆိုလို့သွားရတယ်။ အဲလိုသတ်မှတ်ကီလိုကျော်နေတဲ့ဟာမှာလည်း တစ်ကီလိုဘယ်လောက်နှုန်းနဲ့ ပေးပို့ခိုင်းတယ်ဆိုတာမသိဘူး။ အဲ့ဒါကိုလှမ်းတောင်းတော့ ဇယားချတယ်။ သူတို့ချတဲ့ဇယားနဲ့လည်း ကိုက်ညီမှုမရှိဘူး။ သူတို့ပြတဲ့ဇယားအတိုင်းဆို ပျမ်းမျှတစ်ကီလိုကို အနီးနားဟာဆို ၈၀ ပေးတယ်။  သုံးကီလိုနဲ့အထက်ဆို ၇၅ ကျပ်ဖြစ်သွားတယ်။  ၆ကီလိုနဲ့အထက်ဆို ၇၀နှုန်းဖြစ်သွားတယ်။ ခုကကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာတယ်။ အခြေ ခံအော်ဒါကြေးကိုမတောင်းဘဲ ကီလိုကြေးကို ၇၀ ၈၀ ကနေ  ၁၅၀ ကနေ၁၈၀ကြားကိုပေးဖို့တောင်းဆိုထားတာပါ" လို့ ရိုက်ဒါတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာစက်သုံးဆီဈေးနှုန်းကတစ်လီတာကို ၂၅၀၀ကျော်အထိမြင့်တက်လာပေမဲ့လည်း  Rider တွေရဲ့လိုက်လံပို့ဆောင်ပေးနေရတဲ့ အော်ဒါလမ်းကြောင်းတွေဟာ ယခင်ကသတ်မှတ်ထားတဲ့ ကီလိုအတိုင်းမဟုတ်တော့ဘဲ  သတ်မှတ်ကီလိုထက်ကျော်ပြီး ပိုဝေးတဲ့လမ်းကြောင်းတွေကို ပို့ဆောင်ပေးနေရတာပဲဖြစ်ပါတယ်။  အဲဒီလိုပို့ဆောင်ပေးနေရပေမဲ့ ကီလိုတွက်ချက်ရာမှာတော့ ၇ ကီလိုနဲ့သာတွက်ချက်ပေးတယ်လို့ သိရပါတယ်။

တောင်းဆိုမှုများကြောင့်ရှင်းလင်းပြရာမှာ Rider တစ်ဦးကိုငါးထောင်နှုန်းဖြင့်သာတွက်ချက်ရှင်းပြပြီး ကီလိုတွက်ချက်မှုအများဆုံး ၇၅ကီလိုသာထည့်သွင်းတွက်ချက်ပြရာ အမှန်တကယ်ဖြစ်စဉ်ကတော့ ကီလိုများတဲ့အေ၀းကြောင်းတွေဆိုရင် ၁၀ကီလိုကျော်လို့၁၅ကိလိုသွားရပါက အသွားအပြန် ကီလို၃၀ဆိုရင် ဆီတစ်လီတာကုန်သွားခြင်းဖြစ်တာကြောင့် ဘယ်လိုမှမကိုက်ဘဲ အရှုံးပေါ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။  

"သူတို့ကမြေပြင်ကွင်းဆင်းပြီးမှလုပ်လို့ရမယ်။ ဒါပေမဲ့ခုချိန်ကမြေပြင်ကွင်းဆင်းဖို့အပြင်မပြေလို့  ရုံးမှာရှိတဲ့ဆိုင်ကယ်နဲ့ တစ်ရက်မှဆီဖိုး၅၀၀၀နဲ့တွက်ချက်လိုက်တယ်။  ငါးထောင်ဆိုတာကလည်းဆီနှစ်လီတာတောင်မရပါဘူး။  ၂၅၀၀ပေါက်တယ်ဆိုမှ နှစ်လီတာပဲရတာပါ။"

"အဲ့မှာကျွန်တော်တို့ရှုံးတယ်။  သူတို့က Rider တစ်ယောက်ကတစ်ရက်မှာ  ပျမ်းမျှ၇၅ကီလိုသွားတယ်။ အလုပ်ချိန်၁၀နာရီမှာ ၇၃ကီလိုမီတာပဲသွားတယ်ဆိုပီးဖြေရှင်းပေမဲ့ အကုန်မှားနေပါတယ်။ သူတို့ကအလူပ်ပေးနေတာကိုပဲကျေးဇူးတင်ပါ။  မဟုတ်ရင်အကုန်လုံးကိုဖြုတ်ပြီးသွေးသစ်လောင်းပြီး အသစ်ပြန်စလုပ်ဆောင်ရပါမယ်လို့ ခြိမ်းခြောက်သွားပါတယ်" လို့ Rider တစ်ဦးကဆိုပါတယ်။

လတ်ရှိစက်သုံးဆီမြင့်တက်လာတဲ့ဈေးနှုန်းတွေကြောင့် ပိုမိုခက်ခဲလာခြင်းဖြစ်တာကြောင့်  သတ်မှတ်ကီလိုအတိုင်း ကီလိုအမှန်တွက်ချက်ပေးဖို့ တောင်းဆိုရခြင်းဖြစ်သလို စက်သုံးဆီအရမ်းရှားပြီး ၀ယ်မရတဲ့ကာလတွေကဆိုရင်  Rider တွေဟာ တစ်လီတာဗူးတစ်ဗူးကို ၆၀၀၀ ကနေ ၇၀၀၀ လောက်အထိပေးရတာရှိသလို လက်ရှိမှာလည်းအခြေအနေအရ တစ်လီတာဗူး၀ယ်ထည့်ရပါက သုံးထောင်ပေးထည့်ရတာဟာ ပိုမိုခက်ခဲလာတာကြောင့်  ကာလပေါက်ဈေးနဲ့သင့်တင့်တဲ့ ကီလိုကြေးပေးဖို့တောင်းဆိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

"အဓိကက ကျွန်တော်တို့ရသင့်ရထိုက်တဲ့ ကီလိုကြေးအတိုင်းမရဘူး။ မခံစားရဘူး။  ဒါကြောင့်သူတို့သတ်မှတ်ထားတဲ့ ကီလိုကြေးအမှန်ကိုလည်းမရပါဘူး။  ဒါကြောင့်ကာလပေါက်ဈေးနဲ့ညီမျှတတဲ့ ကီလိုကြေးကိုပေးပါလို့တောင်းဆိုပါတယ်"လို့ ဆိုပါတယ်။

မန္တလေးမှာရှိတဲ့ အစားအသောက်ပို့ဆောင်ရေး ပန်ဒါ၀န်ထမ်းတွေဟာ စာရင်းအရဆိုရင် ၃၀၀ နဲ့ ၄၀၀ ကြားလောက်ခန့်မှန်းပေမဲ့ မြေပြင်တကယ်လုပ်ပြီးလည်ပတ်နေတာကတော့  တစ်ရာပတ်ချာလည်လောက်ရှိကာ  သတ်မှတ်ကီလိုကြေးအတိုင်း ရရှိဖို့ ပြီးခဲ့တဲ့မတ်လကစပြီး သပိတ်မှောက်တောင်းဆိုထားတဲ့အပေါ်မှာလည်း Rider တွေကိုသပိတ်ဆက်မလုပ်ဖို့နဲ့ ဆက်လုပ်ပါက အလုပ်ဖြုတ်ပြီး၀န်ထမ်းသစ်ခေါ်ယူကာ ပြန်စကာ  ခံစားခွင့်မပေးဘဲ အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

ဒီအတွက် foodpanda ကုမ္ပဏီဘက်က မန္တလေး Riders တွေ ကျေနပ်သည်အထိ ဖြေရှင်းညှိနှိုင်းမှုတွေ မလုပ်မချင်း လုပ်ငန်းခွင်ဝင်ရောက်တာကို  ရပ်နားထားမယ်လို့ လည်း Rider တွေက အသိပေးထားပါတယ်။

MyanmarLabourNews
RiderStrike
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026