NEWS

စက်သုံးဆီစျေးမြင့်တက်လာချိန် အော်ဒါကြေးနည်းပါးစွာပေးတာကြောင့် မန္တလေးက Food Panda အစားအသောက်ပို့ဆောင်သူများ လုပ်ငန်းခွင်မဝင်ဘဲသပိတ်မှောက်

CoverLogo
1.2K Views

စက်သုံးဆီ ဈေးနှုန်းတွေ တလီတာ ၂၀၀၀ ကျော်အထိ မြင့်တက်နေချိန်မှာ ကုမ္ပဏီဖက်က အော်ဒါကြေးတိုးမြှင့်မပေးတာကြောင့်မန္တလေးက Food Panda သမားတွေဟာ ဒီနေ့ မတ်လ ၁၄ ရက်နေ့ မနက်ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြတယ်လို့သိရပါတယ်။

ဒီလိုသပိတ်မှောက်ပြီးမကြာခင်မှာပဲကုမ္ပဏီဖက်က
သူတို့လုပ်ငန်းအတွက်လူသစ်ခေါ်ယူတာတွေကိုပြုလုပ်ခဲ့တယ်လို့ Rider တွေဖက်က MLN ကိုပြောပါတယ်။

"Rider အသစ် ဘယ်လောက်ခေါ်ခေါ် အဟောင်းတွေကို ဖြုတ်ပိုင်ခွင့်မရှိဘူး rider တစ်ဦးချင်းဆီမှာ ကိုယ်ပိုင် account ရှိတယ် အဲ့ဒီ account ရှိနေသ၍ ဘယ်ချိန် အလုပ်ဆင်းဆင်း ဆင်းပိုင်ခွင့်ရှိတယ်။ ခုက အသစ်ထပ်ခေါ်တယ်ဆိုတော့ အဟောင်းတွေကို မင်းတို့ဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး အသစ်ထပ်ခေါ်ယုံပဲသဘောဗျ"လို့ Food panda rider သမားတဦးက MLNကိုပြောပါတယ်။

မန္တလေးမြို့မှာတော့ ရန်ကုန်လိုစက်ဘီးနဲ့မဟုတ်ပဲ Food Panda Rider သမားတွေဟာ မှာယူတဲ့ အစားအသောက်တွေကို ဆိုင်ကယ်နဲ့ လိုက်ပို့ရတာဖြစ်ပြီး လက်ရှိမှာ စက်သုံးဆီဈေးတွေ မြင့်တက်နေတဲ့အပြင် Food Panda ဖက်က အော်ဒါကြေးကိုတိုးမြှင့်မပေးတဲ့အပြင် စားသုံးသူဖက်ကရော rider တွေဖက်ကိုပါရာခိုင်နှုန်းနဲ့ ခေါင်းပုံဖြတ်နေတယ်လို့အလုပ်သမားတွေဖက်ကဆိုပါတယ်။

"မင်းအောင်လှိုင်လိုပဲ ဘယ်သူတေတေ ငတေမာပြီးရောဗျ ‌မင်းအောင်လှိုင်ကလည်း ပြည်သူအပေါ်ဂရုမစိုက်သလို Foodpanda ကလည်း rider အပေါ် ဂရုမစိုက်ဘူး"လို့ rider သမားတဦးကပြောပါတယ်။

အခုလိုအော်ဒါကြေးမတိုးပေးတာအပြင် Rider သမားတွေကိုဥပဒေမဲ့အလုပ်ဖြုတ်တာနားခိုင်းတာတွေကိုပါလုပ်ဆောင်နေတဲ့အပြင်မန္တလေးက Rider တွေနဲ့စားသုံးသူတွေအသုံးပြုနေတဲ့Food Panda
အက်ပလီကေးရှင်းကိုပါဒီကနေ့မနက်ကစပြီးရပ်နားပစ်လိုက်တယ်လို့သိရပါတယ်။

"Rider တွေကို  သူတို့သဘောနဲ့သူတို့ဖြုတ်ပိုင်
ခွင့်မရှိပါဘူး Rider တွေ အနေနဲ့ နားချင်ရင် နားပိုင်ခွင့်ရှိပါတယ် အရင်က ဆီဈေးနဲ့ဆိုရင်တော့ လောက်ငှပေမယ့် အခုကမလောက်ငှတော့ဘူး အခုအဖြစ်က မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုပဲ order ကြေးနည်းနည်းနဲ့ ဆက်လုပ်နေရတဲ့သဘောဗျလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် နားပဲအဲ့ နားတဲ့သူတွေနေရာမှာ လူသစ်ထပ်ဖြည့်မယ်သဘောဗျ"လို့ Rider သမားတဦးကMLNကိုပြောပါတယ်။

Food Panda စားသောက်ကုန်ပို့ဆောင်ရေးကုမ္ပဏီဟာမြန်မာနိုင်ငံမှာ ၂၀၁၇ ခု နှစ်ဝန်းကျင်လောက်မှာလုပ်ငန်းစတင်ခဲ့တာဖြစ်ပြီးမ ဂျာမနီနိုင်ငံအခြေစိုက်ကုမ္ပဏီတခုလဲဖြစ်ပါတယ်။

Food Panda ကုမ္ပဏီဟာ   ဟာစားသောက်ကုန်ပို့ဆောင်သူဝန်ထမ်းတွေအပေါ်လုပ်အားခေါင်းပုံဖြတ်တာတွေ၊ ဖိနှိပ်တာတွေ၊တာဝန်ယူတာဝန်ခံမှု့မရှိတာတွေကြောင့်မကြာခဏဆိုသလိုပြဿနာတက်လေ့ရှိတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့လဲဝန်ထမ်းတွေဆီကတဆင့်သိရပါတယ်။


 


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025