NEWS

စက်သုံးဆီစျေးထပ်မံမြင့်တက်လာ သုံးဘီးဆိုင်ကယ်ကယ်ရီများဆီမရောင်းတော့၍ အခက်အခဲကြုံ

CoverLogo
4.8K Views

ပြည်တွင်းစက်သုံးဆီစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာ ၂၃၂၀ ကျပ်မှ ၂၈၅၅ ကျပ်အထိ ဆက်လက်မြင့်တက်လာပြီး သုံးဘီးဆိုင်ကယ်နဲ့ဆိုင်ကယ်တွေကို ဆီမရောင်းတော့တာကြောင့် ကယ်ရီတွေ 
အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

'' ဆီကခုမနက်ဆိုထည့်လို့ကိုမရတော့ဘူး။ ဆီဆိုင်တွေက သုံးဘီးတွေနှစ်ဘီးတွေကို ပေးမရောင်းတော့ဘူး။ ကားတွေပဲရောင်းနေတယ်။ကားတွေလည်း အကုန်မရဘူးထင်တယ်။ ကျွန်တော်တို့တော့ လမ်းဘေးဆိုင်လေးမှာ လိုက်ရှာဝယ်နေရတယ်'' လို့ သုံးဘီဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုပါတယ်။

စက်သုံးဆီဈေးတွေဟာ  ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၃၂၀ သတ်မှတ်ထားပြီး နေရာဒေသကို လိုက်၍ စျေးနှုန်းပြောင်းလဲကာ အမြင်ဆုံးစျေးနှုန်းမှာ တစ်လီတာလျှင် ၂၈၅၅ ကျပ် ဖြစ်နေပြီး 
ဆီဆိုင်တချို့ ဆီအရောင်းရပ်ခြင်းနဲ့ ဆီဆိုင်အချို့မှာ ဆိုင်ကယ်များကိုဆီရောင်းချခြင်းတွေမပြုလုပ်တော့ဘူးလို့ သိရပါတယ်။

အခုလိုဆီစျေးမြင့်တက်လာတဲ့အပြင် ဆိုင်ကယ်တွေကို ဆီဆိုင်ကြီးတွေက 
ဆီရောင်းချမှုတွေမပြုလုပ်တာကြောင့် သုံးဘီးကယ်ရီသမားများဟာ အပြင်ဆီရှာဝယ်ယူနေရတာပါ။

အပြင်ဆိုင်လေးတွေမှာလည်း ဆီပြတ်လပ်မှုကြောင့် ရောင်းသူရှားပါးလာပြီး ရေသန့်ဘူးတစ်ဘူးလျှင် ၂၅၀၀မှ ၂၈၀၀ ကျပ်အထိ ပေးဝယ်ယူနေရတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်း ဆိုင်ကယ်ကယ်ရီသမားများထံမှ သိရပါတယ်။

ဒီနေ့သြဂုတ်လ ၁၃ ရက်မှာ စက်သုံးဆီ 92 တစ်လီတာဈေးဟာ ၂၃၂၀ ကျပ်နဲ့ 95 တစ်လီတာကို ၂၃၉၀ ကျပ် ရောက်ရှိသွားပြီဖြစ်ပြီး ဆီဆိုင်တွေမှာ ဆီနှစ်မျိုးလုံးမရှိတာ၊ 95 ဆီပြတ်နေတာ၊ 92 ဆီ ရောင်းချဖို့မရှိတာ တွေ ကြုံနေရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စက်သုံးဆီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃ ဘီလီယံ တင်သွင်းမှုကို လျှော့ချမည်ဟု ပြောဆိုပြီးနောက်စက်သုံးဆီစျေးဟာ  သြဂုတ် ၈ ရက်နေ့ကစလို့ ဆက်တိုက်ဆိုသလိုတက်လာရာမှာ ယခုရက်ပိုင်းအတွင်း တစ်လီတာကို ကျပ် ၂၃၀၀ကျော်ထိမြင့်တက်လာတာပါ။

ဒါ့အပြင် ဆီသင်္ဘော အချို့ဝင်လာပြီဖြစ်သော်လည်း ငွေပေးချေနိုင်ရန် လိုအပ်တဲ့​ဒေါ်လာကို စစ်ကောင်စီက အလုံအလောက်ရောင်းချပေးခြင်းမရှိတာကြောင့် ဒေါ်လာ အလုံအလောက်မရှိတဲ့ပြဿနာမှတစ်ဆင့် ခုလိုဖြစ်နေပေါ်နေတာ ဖြစ်တယ်လို့ စက် သုံးဆီအရောင်းအဝယ်လုပ်ငန်းရှင်များ​က သုံးသပ်ပြောဆိုနေကြပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026