NEWS

စက်ရုံ အလုပ်ရုံတွေမှာ ကလေးလုပ်သားစေခိုင်းမှု မြင့်တက်နေပြီး လုပ်ခလစာခေါင်းပုံဖြတ်ခံနေရ

CoverLogo
315 Views

ရန်ကုန်မြို့ကစက်ရုံအလုပ်ရုံတွေဟာ အသက်မပြည့်သေးတဲ့   ကလေးလုပ်သားခေါ်ယူစေခိုင်းမှုတွေပိုမိုမြင့် တက်လာသလို လုပ်အားခခေါင်းပုံဖြတ်တာမျိုးလည်း ပိုမိုပြုလုပ်လာတယ်လို့ အလုပ်သမားအရေးလေ့လောစောင့်ကြည့်သူတွေထံက သိရပါတယ်။

"ကလေးလုပ်သားကအရင်ကတည်းတော့ရှိတယ်။ ခုကတော့ပိုဆိုးလာတာပေါ့။ အလုပ်အကိုင်ရှားတာရော ကုန် ဈေးနှုန်းမြင့်တက်လာတော့  ၀င်ငွေနဲ့ကမမျှတတော့ကလေးတွေကပါလုပ်ငန်းခွင်ထဲရောက်လာကြရတယ်။ လစာနည်းတာလည်းသိသိနဲ့လုပ်တယ်။ အလုပ်ရရင်ပြီးရော၀င်ငွေရရင်ပြီးရောဆိုပြီး လုပ်ကြတယ်။ လုပ်ငန်းရှင် တွေကဒီအခြေအနေတွေကိုကောင်းကောင်းသိပါတယ်။ ဒီအပေါ်မှာအလုပ်သမားတွေကိုလုပ်အားခခေါင်းပုံဖြတ်လာ ကြတယ်"လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။ 

စက်ရုံအချို့ဟာ လုပ်သားရှားပါးမှုကြောင့် အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေကိုခေါ်ယူစေခိုင်းတာရှိသလို အချို့စက်ရုံအနေနဲ့ကတော့ အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေကို လုပ်ခနည်းနည်းပေးကာ နေ့စားခေါ်ယူစေခိုင်းတာတွေအဖြစ်သုံးတာလည်းဖြစ်သလို အချို့စက်ရုံတွေကလည်းသုံးနှစ်တာကာလအတွင်း လုပ်သားလိုအပ်ချက်ပြည့်မီဖို့အတွက် ကလေးလုပ်သားတွေကိုခေါ်ယူခိုင်းစေတာတွေရှိလာပြီး အလုပ်လုပ်ချိန်ကို အသက်ပြည့်မီသူများနဲ့အချိန်တူခိုင်းစေပြီး လုပ်ခလစာကိုတော့တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်သာပေးကာ အခြားသောခံစားခွင့်တွေဆုံးရှုံးနေရခြင်းနဲ့ နေ့စားအဖြစ်သာခိုင်းစေခံရတာကြောင့် ပိတ်ရက်မရရှိခြင်း၊ ဆုကြေးနဲ့ကျွမ်းကျင်ကြေး လုပ်သက်ကြေးစတဲ့ ခံစားခွင်ံတွေဆုံးရှုံးရတဲ့အပြင် အချိန်ပိုကြေးတွေလည်းမရဘဲ ခေါင်းပုံဖြတ်ခံနေရတာတွေရှိနေတယ်လို့ သိရပါတယ်။ 

အမှတ် (၂၂)ရပ်ကွက်၊ ညောင်ရမ်းလမ်း၊ ရွှေပေါက္ကံက ကော်စေ့စက်ရုံမှာ  ၀င်ရောက်လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေအနက်  အသက် ၁၈ နှစ် မပြည့်သေးတဲ့  ကလေးလုပ်သား အများအပြားက  ပိုမို၀င်ရောက် အလုပ် လုပ်ကိုင်လျှက်ရှိ တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံက ကလေးလုပ်သမားတွေဟာဆိုရင် တနေ့အလုပ်ချိန် ၈ နာရီထက်ပိုခိုင်းခံရပေမဲ့ အချိန်ပို ကြေး မပေးဘူးလို့လဲသိရပြီး ပုံမှန်အလုပ်ချိန် မနက် ၆၊ ည ၆ နေ့စဉ်အလုပ် လုပ်ရပြီး လုပ်ခလစာ ၁၆၀၀၀၀ ကျပ်ဖြင်ံ့နေ့စဉ် မတရားဖိအားပေးစေခိုင်းခြင်းခံနေရတယ်လို့ သိရပါတယ်။ 

အဆိူပါကော်စေ့စက်ရုံမှာ အလုပ်သမား ၂၀ ရှိပြီး အသက်မပြည့်သေးတဲ့ကလေးလုပ်သားက ၁၅ဦးပါ၀င်တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံမှာကလေးလုပ်သားတွေ၀င်ရောက်လုပ်ကိုင်နေရခြင်းမှာလည်း  လက်ရှိမှာ အထွေထွေအကြပ်အတည်းကြောင့် အသက်မပြည့်သေးသူတွေအနေနဲ့လည်း လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေရတာဖြစ်ပြီး အသက်မပြည့်သေးတာကို အခွင့်ကောင်းယူပြီး လုပ်ခချိုးနှိမ်မှုတွေရှိနေတာဖြစ်တယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးလိုက်ပြီးနောက်မှာ လုပ်ငန်းခွင်အတွင်းသို့၀င်ရောက်သွားတဲ့  ကလေးလုပ်သားဦးရေဟာလည်း ပိုမိုမြင့်တက်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကလည်း မကြာခင်ကထုတ်ပြန်ခဲ့ပါသေးတယ်။

 


Related posts

Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ
Sep 01, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို
Aug 31, 2025
Cover
Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်
Aug 31, 2025
Cover
အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်
Aug 30, 2025
Cover
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်
Aug 30, 2025
Cover
PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ
Aug 30, 2025