NEWS

စက်ရုံအလုပ်သမားနှစ်ဦး အချိန်ပိုညလုံးပေါက်ဆင်းရန်ငြင်းဆိုရာမှ ထိုးကြိတ်ခံရမှုဖြစ်ပွား

CoverLogo
1.2K Views

ဒီကနေ့မေလ ၂၂ရက်ညနေပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ဟန်ဂျင်း (7) လို့လူသိများတဲ့ Xinda Home စက်ရုံက Super ဟာ အချိန်ပိုဆင်းရန်ငြင်းဆိုတဲ့ အလုပ်သမား ၂ ဦးကို ကိုယ်ထိလက်ရောက်ထိုးကြိတ်မှူ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

"စခန်းမှာအမှူသွားဖွင့်တော့ တရားရုံးတိုက်ရိုက်လျှောက်ခိုင်းထားတယ်။ မနက်ဖြန်တရားရုံးသွားမယ်။ အလုပ်သမားတစ်ယောက်က လူကွယ်ရာဘက်ကိုဆွဲခေါ်ပြီးမှထိုးတာ။ လှမ်းမြင်နေရလို့ အကုန်ပြေးပြီး ကျန်တစ်ယောက်ကလည်းသူ့အဖော်ထိုးခံရလို့ လိုက်တားတာ သူ့ကိုပါမျက်နှာထိုးတယ်။ပထမတစ်ယောက်ကတော့ကျောကိုထိုးခံရတာ နောက်တစ်ယောက်ကတော့မျက်နှာတွေ။ စက်ရုံကအရင်ဆေးထည့်ပေးပြီးမှ ဆေးရုံရောက်တာ" လို့ အဆိုပါအလုပ်သမားကို ကူညီပေးနေသူကဆိုပါတယ်။

အခုလိုကိုယ်ထိလက်ရောက်ရိုက်နှက်မှုဖြစ်ရခြင်းရဲ့အဓိက အကြောင်းရင်းကတော့ OT တွေ ညလုံးပေါက်ခေါ်နေတာကို ဆင်းဖို့ငြင်းဆန်တဲ့အတွက် ထိုးကြိတ်မှူဖြစ်ပွါးတယ်လို့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတစ်ဦးဟာ ဆယ်ချက်ခန့်ထိုး​ ကြိတ်ခံရလို့ ကျောမှာဒဏ်ရာရပြီး  ဝိုင်းဆွဲတဲ့ အလုပ်သမားရဲ့မျက်နှာကို ၃ချက်ထိုးခံခဲ့ရတယ်လို့ အထိုးခံရတဲ့အလုပ်သမား​များကပြောပါတယ်။

အဆိုပါစက်ရုံဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှအလုပ်သမားဆန္ဒပြမှူဖြစ်ပွါးခဲ့ပြီး ပြေလည်ကာစပဲ ရှိသေးတယ်လို့သိရပြီး အလုပ်သမားတွေကိုည၁၂နာရီနောက်ပိုင်းအထိနဲ့ ညလုံးပေါက်အချိန်ပိုခေါ်ယူမှုရှိတာကြောင့် အလုပ်သမားကပင်ပန်းလို့မဆင်းနိုင်ကြောင်းငြင်းဆန်ရာမှဖြစ်ပွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ Super ဟိန်းမင်းထွန်း ကိုအမှုဖွင့်နိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews 
Photo-STUM


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026