NEWS

စက်ရုံအလုပ်ရုံများမှ  အလုပ်သမားကိုယ်ရေးအချက်အလက်များကို ယခုလကုန်နောက်ဆုံးထားပေးဖို့ အလည ညွှန်ကြား

CoverLogo
810 Views

လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန်​တွေက  စက်ရုံ အလုပ်ရုံ တွေ မှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်စာရင်းတွေကို ဩဂုတ်လ ၃၀ ရက် မှာ နောက်ဆုံးထား ပေးပို့ဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 


အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ စက်မှုဇုန် ကော်မတီ တွေနဲ့ စက်ရုံ အလုပ်ရုံ တွေကို ပေးပို့တဲ့ အကြောင်းကြားစာမှာတော့ သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းရာကောက်ယူရေး လုပ်ငန်း ဆောင်ရွက် ရာမှာ အဆင်ပြေစေဖို့ အတွက် စက်ရုံ အလုပ်ရုံ တွေ မှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ အချက်အလက် စာရင်းတွေကို စက်ရုံ တစ်ခုချင်း အလိုက် ပေးပို့ဖို့ ညွှန်ကြားထားပါတယ်။ 


"" စက်ရုံမှာ ရှိတဲ့ အလုပ်သမား တွေရဲ့ စာရင်း ခဏခဏ ပေးနေရတာ အရင်လည်း စက်ရုံ တွေ မှာ UIDကတ်(စမတ်ကတ်)ရိုက် တုန်းကလည်း သူတို့ဆီမှာ အချက်အလက်တွေရှိတာပဲ အခုသန်းခေါင် စာရင်း အတွက် ဆိုပြီး ထပ်ကောက်တယ် တကယ်ပဲ ရွေးကောက်ပွဲ လုပ်မလို့ သန်းခေါင်းစာရင်းအတွက် ကောက်တာဆိုရင်တော့ ဘာမှ မဖြစ်ပေမယ့် စစ်မှုထမ်း အတွက် လူငယ်တွေ စာရင်း ကောက်သလို ဖြစ်နေမှာ ကိုလည်း အလုပ်သမားတွေက ကြောက်လန့်နေကြတယ်""လို့ ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မှ အလုပ်သမားတစ်ဦးကပြောပါတယ်။ 


စစ်မှုထမ်းဥပဒေ အရဆိုကာ အမျိုးသားတွေ ကို အသက်၁၈နှစ် မှ ၃၅နှစ် အထိ၊ အမျိုးသမီးတွေကို အသက်၁၈နှစ်မှ ၂၇ နှစ် အထိ စစ်မှုထမ်း ဖို့ သတ်မှတ်ထားပြီး  တနိုင်ငံလုံး အတိုင်းအတာနဲ့  စစ်မှုထမ်းဖို့ လူငယ်တွေကို အပတ်စဉ် အလိုက် ခေါ်ယူလျက်ရှိရာမှာလက်ရှိမှာ အပတ်စဉ် လေး အထိအမျိုးသားတွေကို  ခေါ်ယူပြီး ဖြစ်ကာ အပတ်စဉ်  ၅ မှ စပြီး အမျိုးသမီးတွေကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။ 


  "" ကျွန်မ တို့ လမ်းထဲ မှာတော့ စစ်မှုထမ်းဖို့  အမျိုးသမီးတွေကို စာရင်းတွေလိုက်ကောက်ပြီးပြီ  တစ်ချို့ ကလေးမလေးတွေ အလုပ်သာ လုပ်နေရတာ ဘယ်တော့ လာခေါ်မလဲ စိုးရိမ်နေကြရတာ ပြည်ပ ထွက်ဖို့ကျတော့လည်း တစ်ခုပြီး တစ်ခုပိတ် ထား တော့  မလွယ်ကူတော့ဘူးလေ အဲ့တော့ လည်း စားဝတ်နေရေး အရ ပြည်တွင်းက စက်ရုံ အလုပ်ရုံ တွေ မှာ အလုပ် လုပ်ပြီး ပဲ အခြေနေကြည့်နေရတာပေါ့""လို့ လှိုင်သာယာမြို့နယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။ 


လတ်တလောမှာလည်း အသက် ၃၅ နှစ်မှ ၆၅နှစ်ကြား အမျိုးသားတွေ ကို ရပ်ကျေးအဆင့် ပြည်သူ့စစ် ဖွဲ့ ဖို့ စစ်သင်တန်းတတ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတဲ့ အတွက် ပြည်သူ​တွ စိုးရိမ်ပူပန်​နေကြပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026