#ပေးစာ
TV အထည်ချုပ်စက်ရုံကပါ။ ရွှေပြည်သာ သံလမ်း ရွှေဗဟိုပတ်လမ်း မှာ ရှိပါတယ်။ စက်ရုံက TV အထည်ချုပ် စက်ရုံပါ။ ကျွန်မတို့က ရုံနံပါတ် ၂ ကပါ။
ဒီကနေ့(အောက်တိုဘာ ၂၂ ရက်) စက်ရုံထဲ ရေတွေဝင်နေပါတယ်။ အလုပ်သမားတွေက အန္တရာယ်ရှိလို့ နေအိမ် ကို ပြန်ရဖို့ ပြောတာကို စက်ရုံမှူးက ခွင့်မပြုလို့ပါရှင့်။
အလုပ်သမားတွေက ရေကြီး လို့ အရေးကြီးအခြေနေဖြစ်နေလို့ တောင်းဆိုနေတာပါ ။
စက်ရုံမှုးနဲ့ HR က မပြန်ခိုင်းဘဲ ငြင်းနေတာပါ။ လျှပ်စစ်လိုင်းတွေနဲ့ အန္တရာယ်များလွန်းတယ်ပါရှင့် ။
HRက ပြောပါသေးတယ် ၊ ပြန်မယ်ဆိုရင်ရတယ် ၊ ရက်မှန်ကြေး ဖြုတ်မယ်လို့ ပြောပါတယ်ရှင့်။
ရက်မှန်ကြေးဆိုတာလည်း ပုံသေမပေးပါဘူး ။ တလ ၁သောင်း ၊ နှစ်လပေါင်း ၂သောင်း အဲ့လိုပါ ။
ရက်ပျက် တာနဲ့ ၁ ကျပ်မှ မရတော့ပါဘူး။ တခြား စက်ရုံတွေမှာ သီးခြား ထောက်ပံ့ကြေးပေးပါသေးတယ်။ ဒီစက်ရုံမှာ အဲလိုလည်း မပေး ပါဘူး။
အလုပ်လည်း လုပ်မရ၊ ပြန်လို့လည်း မရနဲ့ စက်ရုံထဲတင် ဒုက္ခရောက်နေလို့ပါ ရှင့်။
#အချက်အလက်- DICA ရဲ့ အချက်အလက်အရ စက်ရုံကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ တည်တောင်ထား ပါတယ်။ လက်ရှိ စက်ရုံမှာတော့ CLIQUE အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။
#MyanmarLabourNews