NEWS

စက်ရုံလုပ်သားများ လုပ်ငန်းခွင်စွန့်ပြီး ပြည်ပထွက်ရန် ကြိုးပမ်းလာ

CoverLogo
390 Views

ရန်ကုန်မြိုမှာရှိတဲ့ စက်မှုဇုန်နဲ့ စက်ရုံအလုပ်ရုံ၊ ဆိုင်နဲ့ အခြားအလုပ်ဌာန တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ သက်ြန်ကာလပိတ်ရက်တွေအပြီးမှာ မိမိလုပ်ငန်းခွင်သို့ ဝင်ရောက်မှုမရှိတော့ဘဲ လုပ်ငန်းခွင်စွန့်လွှတ်မှုတွေရှိလာတယ်လို့ သိရပါတယ်။ 

"လုပ်ငန်းခွင်စွန့်လွှတ်မှုတွေကရှိလာတယ်။ တစ်ချို့က စက်ရုံတွေမှာမလုပ်တော့ဘဲ ပြည်ပထွက်လုပ်ဖို့စိတ်ကူးတာ။ ဒီမှာကလုပ်ခလစာလည်းမတိုးဘူး။ တစ်နေ့မှ ၄၈၀၀ ဆိုတော့ မလုပ်ချင်ကြတော့ဘူး။အဲ့တော့နိုင်ငံခြားထွက်ဖို့ပဲပြင်ဆင်လာကြတာ" လို့ ပြည်တွင်းအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

ပိတ်ရက် အပြီး လုပ်ငန်းခွင်ကို ပြန်လည်၀င်ရောက်လာသူတွေလည်းရှိပေမဲ့ လုပ်ခမလောက်ငှတာကြောင့် အလုပ်ပြောင်းဖို့ ၊ ပြည်ပထွက်ဖို့ စီစဥ်နေသူတွေလည်းရှိနေတာပါ။စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိိုင်ရှားပါးမှုနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ပြည်တွင်းကအလုပ်သမားတွေဟာ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်မှုတွေ သိသိသာသာမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီ ၁၀ရက်နေ့က စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ အသက်၁၈နှစ်ပြည့်ပြီးတိုင်းစစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်တွင်းကလူငယ်အများစုဟာ ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာလာကြတာဖြစ်သလို ပြည်တွင်းကစက်ရုံ အလုပ်ရုံအလုပ်သမားတွေကပါ ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာဖို့ရွေးချယ်လာကြတာပဲဖြစ်ပါတယ်။

"ခုလိုတွေပြန်မလာမှာစိုးလို့ဆိုပြိး သင်္ကြန်ပြန်တက်တဲ့သူတွေကို တနေ့ ၃၀၀၀ ပိုပေးမယ်ဆိုပြီး ၁၀ရက်စာ ၃၀၀၀၀ နဲ့ မျှားပါတယ် အလုပ်ကိစ္စနဲ့ဖြစ်စေ၊အလည်အပတ်အနေနဲ့ဖြစ်စေပြည်ပနိုင်ငံတွေကိုထွက်ခွာလိုသူတွေပိုများလာပါတယ်။ တချို့ကြတော့ အစောကြီးထဲက အစီအစဥ်ရှိပြိီးသားသူတွေက ၃၀၀၀၀ လည်းမက်မနေဘဲ တကယ်ပြန်မလာကြဘူး" လို့ တစ်ခုကအလုပ်သမားတစ်ဦးက ဆိုပါတယ်။

ယခုနှစ်သင်္ကြန်ကာကာလပိတ်ရက်တွေမှာ နေရပ်သို့ပြန်သွားကြတဲ့အလုပ်သမားတွေဟာ စက်ရုံတစ်ရုံလျှင်အလုပ်သမား၁၀ ဦးနှုန်းဖြင့်စစ်မှုထမ်းပေးရမယ်ဆိုတဲ့ သတင်းထွက်ပေါ် လာတာတွေကြောင့်လည်း အလုပ်သမားတွေဟာ ဆက်လက်လုပ်ကိုင်လိုစိတ်မရဲဝံ့တော့တာဖြစ်သလို အုပ်ထိန်းသူမိဘများကလည်း ဆက်လက်လုပ်ကိုင် စေလိုခြင်းမရှိဘဲ မိမိတို့မျက်စိရှေ့ မှောက်သာ ထားရှိကာကွယ်လိုတာကြောင့် လုပ်ငန်းခွင်ဝင်ရောက်လာခြင်းမရှိတာလို့ သိရပါတယ်။

"အန်တီကတော့သားကိုပြန်မလွှတ်တော့ဘူး။ မျက်စိရှေ့ထားမယ်။ ငတ်လည်းအတူတူငတ်မယ်။ ယာလုပ်ငန်းနဲ့ပဲဆက်လုပ်မယ်။ သားကရန်ကုန်ကစာအုပ်စက်ရုံမှာလုပ်တာ ၃နှစ်ရှိပြီ။ အရင်ကတော့လစာကောင်းတယ် ခုနောက်အချိန်ပိုမရှိလို့တဲ့ လစာအရမ်းနည်းတယ်။ မထူးတော့ဘူးကွယ်ကိုယ့်မျက်စိရှေ့ထားတော့မယ်"လို့ မုံရွာမြို့ ယင်းမာပင်ခရိုင်မှ ကျေးရွာတစ်ရွာဒေသခံတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေစတင်ကျင့်သုံးစဥ်အခါမှာပဲ နိုင်ငံခြားသံရုံးတွေမှာအလည်အပတ်ဗီဇာအတွက်တန်းစီစောင့်ဆိုင်းသူများပြားလွန်းတာကြောင့် စည်းကမ်းထိန်းသိမ်းကြပ်မတ်တာတွေ နဲ့လုပ်ငန်းစဉ်ကန့်သတ်ချက်တွေပါ လုပ်ဆောင်ခဲ့ရပါတယ်။

ခုသက်ြန်ကာလပြီးနောက်မှာလည်း ပြည်ပနိုင်ငံတွေကိုအလည်အပတ်ခရီးအဖြစ်ရက်ရှည်သွားရောက်သူတွေများပြားနေတာ​ဖြစ်သလို လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မဂ်လာဒုံမြို့နယ်က စက်မှုဇုန်တွေကအလုပ်သမားတွေအနက် အထည်ချုပ်လုပ်ငန်းအမျိုးစားတွေက အမျိုးသားအလုပ်သမားတွေဟာ လုပ်ငန်းစွန့်ခွာမှုတွေပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026