NEWS

စက်ရုံဖယ်ရီ အရှိန်လွန်ဝင်တိုက်ပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သား ၁ ဦးနှင့်ဒဏ်ရာရ ၃ ဦးအတွက်နစ်နာကြေးရရှိရေးဆောင်ရွက်နေ

CoverLogo
330 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီမြို့ရှိ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီး အလုပ်သွားရန်စောင့်နေတဲ့ မြန်မာလုပ်သား ၄ ဦးကို လာကြိုတဲ့ စက်ရုံဖယ်ရီယာဥ် အရှိန်လွန်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်​ပြီးအလုပ်သမား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တဲ့ အမှုအတွက် နစ်နာကြေးရရှိရန်ကူညီဆောင်ရွက်ပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် နံနက်၆နာရီခွဲခန့်မှာဘန်ဝ၊ ဒယ်အိုးရုံမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား(၄ )ဦးမှာ အလုပ်သွားရန်ကားစောင့်နေစဥ်မှာ အလုပ်သမားလာကြိုသည့်မှန်လုံကားအကြီးမှ စက်ချို့ယွင်းကာ အရှိန်မထိန်းနိုင်းဘဲဝင်တိုက်ခဲ့တာဖြစ်ပြီး အလုပ်သမားတစ်ဦးသေဆုံးကာ ၃ ဦးမှာဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်ပါတယ်။
 
အဆိုပါယာဥ်တိုက်မှုမှာနစ်နာသူလေးဦးအနက် ကိုစိုးလင်းဦးမှာ (PHYATHAI)ဆေးရုံကြီးသို့ ရောက်ရှိချိန်သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ၃ဦးထဲမှ ကိုနွေးထွန်းသည် ခါးရိုးကျိုးသွားခဲ့ပြီး(MEMORIAL HOSPITAL)ဆေးရုံသို့ ဆေးကုသမှုခံယူနေကာကိုချစ်လင်းထိုက် သည် ခါးရိုးထိသွားခဲ့ပြီး (LAEN CHABANG HOSPITAL)ဆေးရုံတွင်ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ကိုညိမ်းထွန်းမှာ လက်ကျိုးသွားခဲ့သည့်အတွက် ချွန်ပူလီဆေးရုံမှာဆေးကုသမှူခံယူပြီး သက်သာလာသည့်အတွက် ဆေးရုံမှဆင်းလာပြီဖြစ်ကြောင်းသိရပါတယ်။
 
"သေဆုံးသွားတဲ့လူက ကားထော်လဘော်၊ ပကန်၊အသက်အာမခံကြေးသုံးခုရပါတယ်။ကျန်တဲ့ထိခိုက်မိတဲ့လူတွေကတော့ဆေးကုသမှုခံယူနေရပြီးဘတ်ဆယ်သိန်းနဲ့ညီတဲ့ မပိုတဲ့ဆေးဝါးကုသမှုရတယ်ပေါ့။ပြီးတော့ပျောက်ဆုံးသွားမှသူ့ရဲ့ထိုက်သင့်တဲ့နစ်နာကြေးလျော်ကြေးအပိုင်းကိုတစ်ကန့်ပြန်သွားရမှာပေါ့”လို့လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းက Myanmar Labour News ကိုပြောပါတယ်။
 
အဆိုပါယာဥ်တိုက်မှုအတွင်းသေဆုံးသွားသော ကိုစိုးလင်းဦးရဲ့ နာရေးကို အောက်တိုဘာ ၁၆ ရက်ညနေမှာ WAG အဖွဲ့မှကူညီဆောင်ရွက်ပေးခဲ့ပြီး နစ်နာကြေးများရရှိရေးအတွက် မိခင်ဖြစ်သူကိုမြန်မာပြည်မှခေါ်ယူထားကြောင်း WAG အဖွဲ့မှသိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026