NEWS

စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်းနစ်နာကြေးပေးဖို့ အလုပ်သမားတွေ လိုလားနေ

CoverLogo
1.7K Views

စက်မှုဇုန်တွေကစက်ရုံတွေဟာ စက်ရုံပိတ်သိမ်းဖို့တွေရှိနေတယ်လို့  သတင်းတွေထွက်ပေါ်လာတာနဲ့အတူ  အလုပ်သမားတွေဟာလည်း  စက်ရုံပိတ်သိမ်းလာပါက  အလုပ်သမားတွေရရှိရမဲ့ ခံစားခွင့်တွေနဲ့ပတ်သက်လို့ မေးမြန်းစုံးစမ်းမှုတွေရှိလာတယ်လို့  အလုပ်သမားသမဂ္ဂတစ်ခုမှ သိရပါတယ်။  

“ စက်ရုံပိတ်တဲ့အကြောင်းတွေ ပိတ်ဖို့ရှိနေတယ်ဆိုတာတွေကို  ကျွန်မတို့ဆီကိုဆက်သွယ်လာတယ်။ စက်ရုံပိတ်လာရင်  အလုပ်သမားတွေအနေနဲ့ ဘာတွေရနိုင်မလဲ။ ဘာတွေသိထားရမလဲဆိုတဲ့အကြောင်းအရာ တွေကိုမေးလာကြတယ်။ လေ့လာကြတယ်။  အခုလိုကြိုတင်ခွင့်ပြုချက်မယူဘဲပိတ်တာတွေကတော့  အလုပ်သမားတွေရဲ့အခွင့်အရေးတွေကိုချိုးဖောက်တဲ့အပြင်  အလုပ်သမားတွေကိုအခြားနည်းနဲ့အဓမ္မလုပ် ယူတယ်လို့မြင်တယ်။

ပြည်တွင်း စက်ရုံ အလုပ်ရုံတွေမှာ အထူးသဖြင့်စက်မှုဇုန် လုပ်ငန်းတွေမှာ စက်ရုံ အပြီးပိတ်တာ ယာယီပိတ်တာနဲ့ လုပ်သားအင်အား လျှော့ချတာတွေ အပြင် စက်ရုံယာယီပိတ်သိမ်းအကြောင်းပြကာ နေ့စားသမားတွေကိုခေါ်ယူလည်ပတ်နေတာမျိုးတွေလဲ ရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်ရုံတွေယာယီပိတ်တယ် အခြားနေ့စားတွေခေါ်လည်ပတ်တယ်ဆိုတာတွေကလည်း လုံး၀မဖြစ်သင့်ဘူး။  အလုပ်သမားတွေအတွက်လည်း အဆင်မပြေသလို ကျွန်မတို့နိုင်ငံကလည်းတိုး တက်မှာမဟုတ်ဘူး” လို့  အလုပ်သမားတစ်ဦးကဆိုပါတယ်။  

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ရုံအလုပ်ရုံတွေအနေနဲ့ အော်ဒါနည်းပါးမှု အခြေခံအဆောက်အဦ၊ လျှပ်စစ် ၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ ကုန်ကျစရိတ်ကြီးမြင့်မှု တွေကြုံတွေ့လာရပြီး နောက်ဆက်တွဲအနေနဲ့ အမြဲတမ်း အလုပ်သမားတွေ အစား နေ့စားအလုပ်သမားတွေနဲ့သာ လုပ်ငန်းဆက်လက်လည်ပတ်ကာ ကုန်ကျစရိတ်လျှော့ချလာကြတာပါ။

ယခုလတ်တလောကာလတွေမှာ  အလုပ်သမားထောင်ချီလည်ပတ်နေတဲ့  စက်ရုံတွေဟာ  ရုတ်တစ်ရက်စက်ရုံတွေကပိတ်နေကြသလို ထပ်မံပြီးပိတ်သိမ်းမယ်ဆိုတဲ့စက်ရုံတွေရဲ့ အသံတွေကလည်းထွက်နေတာကြောင့် အလုပ်သမားတွေအနေနဲ့စက်ရုံပိတ်သိမ်းလာပါက ရရှိရမဲ့အကျိုးခံစားခွင့်တွေနဲ့  သိထားနားလည်ထားရမဲ့အကြောင်းအရာတွေကို  လေ့လာမှုတွေပြုလုပ်လာကြတာပဲဖြစ်ပါတယ်။

“ အလုပ်သမားတွေအားလုံးက  သူတို့ရဲ့အလုပ်တွေရပ်ကုန်ဖို့ စက်ရုံတွေပိတ်စေဖို့အတွက် ဘယ်သူမှဆန္ဒပြတောင်းဆိုတာမရှိကြပါဘူး။ သူတို့ရဲ့စက်ရုံပိတ်ပါစေဆိုတဲ့ရည်ရွယ်ချက်တော့မရှိဘူး။ စက်ရုံတွေက သူတို့အလိုလိုပိတ်တယ်။ အကြောင်းမကြားဘဲပိတ်ကြတာတွေရှိတယ်။ အဲ့ဒီအချိန်မှာ ၀န်ထမ်းတစ်ယောက်အနေနဲ့ပြောရရင်တော့  အခက်အခဲကတော့အများကြီးပေါ့။ စက်ရုံတွေ၃ရုံ၄ရုံလောက်ကလည်းပိတ်နေကြပြီ။ ခုချိန်မှာအလုပ်လက်မဲ့ဖြစ်လို့ အခြားစက်ရုံမှာအလုပ်သွားလျှောက်မယ်ဆိုရင်လည်း ဘယ်စက်ရုံကမှခေါ်တာမရှိဘူး။ အဲလိုအခြေအနေမျိုးမှာဆိုရင် ကျွန်မတို့အလုပ်သမားတွေက ရန်ကုန်မြို့ကြီးမှာတောင်ဆက်နေဖို့တောင် အဆောင်ခတွေစားစရိတ်တွေအခက်အခဲတွေဖြစ်မယ်”လို့  အလုပ်သမားငါးထောင်ကျော်ရှိတဲ့စက်ရုံမှာ  ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။  

လူငါးထောင်ကျော်ခန့်ဖြင့်လည်ပတ်နေတဲ့စက်ရုံမှာ အော်ဒါမရရှိ၍သော်လည်းကောင်း  အလုပ်ရှင်အလုပ်သမားအဆင်မပြေမှုကြောင့်သော်လည်းလကောင်း  စက်ရုံသာပိတ်သွားမယ်ဆိုပါက လူ၅ထောင်ကျော်နဲ့အတူ မှီခိုမိသားစုတွေပါ ဒုက္ခရောက်သွားမှာဖြစ်တာကြောင့်   အလုပ်သမားတွေ အားလုံးက   စက်ရုံတွေမပိတ်စေချင်သလို  ပိတ်စေလိုတဲ့ရည်ရွယ်ချက်ဖြင့် တောင်းဆိုမှုတွေပြုလုပ်တာမဟုတ် ဘဲ  အလုပ်သမားရဲ့ အခြေခံရသင့်ရထိုက်တဲ့အခွင့်အရေးအတွက်ကိုသာ  တောင်းဆိုနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။  

ယခုနောက်ပိုင်းမှာ  စက်ရုံတွေကလူဟောင်းတွေကို  ယာယီရပ်နားကာ နေ့စား၀န်ထမ်းများခန့်အပ်ပြီး လည်ပတ် လုပ်ကိုင်မှုတွေပြုလုပ်လာကြတာကြောင့် ၀န်ထမ်းဟောင်းတွေအတွက်အလုပ်သစ်ရှာမရသလို  ၀န်ထမ်းသစ်ခေါ်ယူတဲ့စက်ရုံတွေလည်းမရှိတာကြောင့် မိမိတို့စက်ရုံက ပြန်လည်ခေါ်ယူမှုကိုသာ စောင့်ဆိုင်းရမှုတွေဟာ ဆုံးရှုံးသွားတဲ့အလုပ်သမားရဲ့အခွင့်အရေးနဲ့အတူလူ့အ ခွင့်အရေးကို ပါ သိရှိစေလိုတယ်လို့လည်း  အလုပ်သမား သမဂ္ဂ တစ်ခု မှ ခေါင်းဆောင်ကဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026