NEWS

စက်ရုံပိတ်သိမ်းစဥ်ပေးရမယ့်နစ်နာကြေးအပြည့်မပေးလို့ ကျိုစိန့်အထည်ချုပ်မှအလုပ်သမား ၂၀၀၀ နီးပါးအခက်တွေ့နေ

CoverLogo
2.2K Views

စက်ရုံပိတ်သိမ်းစဥ်ပေးရမယ့် နစ်နာကြေးအပြည့်အဝမရရှိတဲ့အတွက်ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှု့ဇုန်မှာလုပ်ကိုင်နေတဲ့ကျုံစိန့်အထည်ချုပ်စက်ရုံကအလုပ်သမား ၂၀၀၀ နီးပါးအခက်တွေ့နေရတယ်လို့သိရပါတယ်။

ကျုံစိန့်စက်ရုံဟာအော်ဒါပါးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့၂၀၂၁ ခုနှစ် ၁၁ လပိုင်းကနေ ယခုနှစ် ၁လပိုင်းအကုန်အထိယာယီပိတ်သိမ်းခဲ့တာဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"ကျတော်တို့ကိုခုထောက်ပံ့ကြေးဆိုပြီးလေးသောင်းပဲပေးတယ် ပြီးတော့စက်ရုံမပိတ်ခင်က လုပ်သက်၆လမပြည့်တဲ့သူတွေဆီကလဲပြန်တောင်းသွားတယ် အလုပ်သမားတွေကလဲအလုပ်ပြုတ်မှာစိုးလို့သာ လတ်မှတ်ထိုးပြီးယူထားလိုက်ရတာမကျေနပ်ကြဘူး"လို့အဆိုပါစက်ရုံမှအလုပ်သမားတဦးကMLNကိုပြောပါတယ်။

အလုပ်ဝင်တဲ့အချိန်ကချုပ်ဆိုခဲ့တဲ့အလုပ်ရှင်အလုပ်သမားစာချုပ်ပါအချက်အလက်အတိုင်းရရှိရမယ့်နစ်နာကြေးမှာတစ်လစာ ၁၄၀၀၀၀ ဖြစ်တဲ့အတွက်အခုလို ၄၀၀၀၀ ကျပ်သာပေးတဲ့အတွက်အလုပ်သမားတွေဖက်က စား၊ ဝတ်နေရေးအတွက် အခက်ကြုံနေကြရတာလို့သိရပါတယ်။

"ခုကစက်ရုံဖက်ကလူလည်ကျမှာ ကျတော်တို့ကိုမောင်းမယ် အော်ဒါတွေတိုးချုပ်ခိုင်းတယ် ပြီးတော့အော်ဒါပါးတယ်ဆိုပြီးအဲ့လိုပဲပိတ်ပစ်မှာ"လို့ကျုံစိန့်စက်ရုံအလုပ်သမားတဦးကဆိုပါတယ်။

စက်ရုံတွေဖက်ကအလုပ်သမားတွေအပေါ်အလုပ်ချိန်တွေတိုးခိုင်းထားပေမယ့် စက်ရုံဖက်ကအလုပ်သမားတွေအပေါ်ရသင့်ရထိုက်တဲ့လုပ်ခလစာ၊ နစ်နာကြေးမပေးတာတွေရှိနေတဲ့အပြင်မကြာခဏဆိုသလိုအော်ဒါမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့စက်ရုံပိတ်သိမ်းမှာကိုလည်းအလုပ်သမားတွေဖက်ကစိုးရိမ်နေရတယ်လို့ဆိုပါတယ်။

"သူတို့ပေးတော့အလုပ်ပြုတ်မှာစိုးရိမ်တာနဲ့လတ်မှတ်ထိုးပေးလိုက်ရပေမယ့် ကျတော်တို့ကိုစာချုပ်မှာပါတဲ့အတိုင်းသူတို့ဖက်ကအပြည့်ပေးစေချင်တယ်"လို့စက်ရုံပိတ်သိမ်းစဥ်ကာလအတွက်နစ်နာကြေးအပြည့်အဝမရခဲ့တဲ့အဆိုပါစက်ရုံအလုပ်သမားတဦးကပြောပါတယ်။

ကျုံစိန့်စက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံတစ်ခုဖြစ်ပြီး H&M အမှတ်တံဆိပ်သိုးမွှေးအနွေးထည်တွေကိုအဓိကချုပ်နေတာဖြစ်ပြီးဥရောပနိုင်ငံတွေကိုဖြန့်ချီနေတာဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026