NEWS

စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို

CoverLogo
453 Views
 
 
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ပုလဲလမ်း မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ်စက်ရုံကပါ။
 
အလုပ်သမား ၉၀၀ ကျော် ရှိပြီး စက်လိုင်း ၁၇ လိုင်းရှိပါတယ်။ ယခင် Honor Apparel အထည်ချုပ် စက်ရုံနေရာတွင် ပြန်လည်ဖွင့်လှစ်ထားသည့် စက်ရုံဖြစ်ပြီး ချုပ်လုပ်သည့် အမှတ်တံဆိပ်များမှာ Japan Brands ဖြစ်တဲ့ Rafinat ကို ချုပ်လုပ်ပါတယ်။
 
CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ် စက်ရုံသည် အလုပ်သမား (၉၀၀) ကျော်ဖြင့် လည်ပတ်နေသည်မှာ (၁) နှစ်မပြည့်သေးပါဘူး။
 
ယခင်က Honor Apparel အထည်ချုပ် စက်ရုံအဟောင်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲက ဖွင့်လိုက်ပိတ်လိုက်နှင့် ပြန်လည်ဖွင့်လွင့်တာ သုံးကြိမ်ရှိပြီးဖြစ်ပါတယ်။
 
ယခုအခါ အမည်ပြောင်းပြီး CHI MEI INTERNATIONAL COMPANY LIMITED အထည်ချုပ် အမည်ဖြင့် ဖွင့်လှစ်ထားတာပါ။ စက်ရုံလူဟောင်းတွေကို အလုပ်မခေါ်ပါဘူး။ လက်ရှိပြန်ဖွင့်လှစ်လုပ်ကိုင်နေသည့် စက်ရုံမှာ ၂၀၂၄ ခုနှစ်၊ ၁၀ လပိုင်းမှ စပြီးပြန်ဖွင့်ပြီးလုပ်ကိုင်တာ (၁) နှစ်မပြည့်သေးပါဘူး။ အလုပ်ချိန်က မနက် ၈း၀၀ နာရီ ၊ ညနေ ၆း၃၀ ထိကို အချိန်ပို ၂ နာရီ ဖြစ်ပါသည်။ စနေနေ့တွေဆို ည ၁၂ နာရီထိ ခေါ်သည့် စက်ရုံဖြစ်ပါတယ်။
 
လုပ်ခလစာအနေဖြင့် ဒေးကြေး ၄၈၀၀ + ထောက်ပံ့ကြေး ၂၀၀၀ ကျပ် + စက်ရုံမုန့်ဖိုး ၄၂၀၀ ကျပ် ဒေးကြေး ၁၁,၀၀၀ကျပ်၊ ရက်မှန်ကြေး စက်လိုင်း ၅၀,၀၀၀ ကျပ်၊ အခြားစက်ရှင်းများကို ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၁၂၀၀ ကျပ်၊ အချိန်ပိုမုန့်းဖိုး ၈၀၀ ကျပ်၊ နောက်ပြီး လစာအိတ်တွင်မပါပဲ အပြင်ဘက်မှ သက်သက်ထပ်ပေးသည်က ဂရိတ်ကြေးပါရှိပါသေးတယ်။
 
ဂရိတ်ကြေးများကို A+၁၂၀,၀၀၀, A ၉၀,၀၀၀, B, C အဆင့်လိုက်တွက်ချက် ပေးပြီး အလုပ်တစ်ရက်ပျက်တာနှင့် A+, A, B, C အဆင့်ချပါတယ်။
 
လုပ်ခလစာကို ပေးရာတွင် စက်ရုံဘက်မှ အလုပ်သမားများကို အမျိုးမျိုးတိုင်ဖြင့်ပေးထားပါတယ်။ ဒေးကြေး ၄၈၀၀ + ထောက်ပံ့ကြေး ၂၀၀၀ ကျပ် + စက်ရုံမုန့်ဖိုး ၄၂၀၀ ကျပ် ဒေးကြေး ၁၁၀၀၀ ကျပ်ကို ပြည့်အောင်ဖြည့်ပေးထားတယ်။ အချိန်ပိုကြေးဆိုလည်း တစ်နာရီ ၂၀၀၀ ကျပ်ကို တစ်နာရီ ၁၂၀၀ ကျပ် + အချိန်ပို မုန့်ဖိုး ၈၀၀ ကျပ်ဆိုပြီးခွဲပြီးပေးထားတယ်။ လစာကို နေရာစုံ ထောင့်စုံက ဖြတ်တောက်လို့ရအောင် အမျိုးမျိုး ပေးထားပါတယ်။ ဂရိတ်ကြေးဆိုလည်း လစာစလစ်မှာမပါဘူး သီသန့်ပေးပါတယ်။မည်သို့ပင်ဆိုစေကာမူ ဒါသည် အလုပ်သမားများ ပုံမှန်လစာထုတ်တိုင်းရသည့် လုပ်ခလစာ ဖြစ်ပါတယ်။
 
ယခု ၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း အော်ဒါမရလို့ဆိုပြီး အလုပ်သမားတွေကို အလုပ်ခေတ္တပိတ်မည်ပြောပါသည်။ ဒေးကြေးအနေဖြင့် ၅၈၀၀ ကျပ်ပဲပေးမယ်။ ကျန်သည်များကို မပေးဘူးဆိုပြီး မန်နေဂျာမှ ခေါ်ပြောပါတယ်။
 
စက်လိုင်း ၁၇ လိုင်းရှိပါတယ်။ လက်ရှိ လိုင်း (၃) လိုင်းလောက်နှင့် အခြားအားသားစက်ရှင်တွေကို ပိတ်နေပါတယ်။ အလုပ်သမားတွေကို နားတဲ့အခါမှာ ဂရိတ် ငယ်သမားတွေကို လက်ရှိ နားခိုင်းထားပါတယ်။ အလုပ်သမားများအနေဖြင့် အလုပ်မလုပ်နိုင်တာ မဟုတ်ပါဘူး။ အလုပ်သမားတွေအနေနဲ့ ကျန်းမာရေး သာရေး၊ နာရေးရှိလို့ အလုပ်နားလျှင် ခွင့်ယူလျှင် စက်ရုံဘက်ကပေးထားသည့် ရက်မှန်ကြေး၊ ဒေးကြေး၊ ဂရိတ်ကြေး အကုန်ဖြတ်တာဖြစ်ပါတယ်။ အခုက အလုပ်ရှင်မှ အလုပ်မပေးနိုင်တာ ဖြစ်ပါတယ်။ အလုပ်ရှင် အနေဖြင့် အလုပ်မပေးနိုင် လျှင် ညှိနှိုင်းဖို့တော့လိုပါတယ်။
စက်ရုံဘက်ကအလုပ်မပေးနိုင်တာကိုကျတော့ ပေးသလောက်ယူဆိုတာတော့ ဒါကမဖြစ်သင့်ပါဘူး။ လုပ်လို့ ရလို့လုပ်နေတာဖြစ်ပါတယ်။
 
စက်ရုံဘက်မှ သူတို့ပေးချင်သလောက်ပဲ ပေးမည်ဆိုတာကိုလက်ခံလို့မရပါဘူး။ အလုပ်ပိတ်တဲ့ ကာလမှ ဘယ်ချိန်ပြန်ဖွင့်မလဲမသိပါဘူး။ ပြောသံကြားနေတာက သူတို့က ယခင်အတိုင်းပဲ ခေတ္တပိတ် မယ်ဆိုပြီး အလုပ်သမားတွေကို လျော့ချပြီး အပြီးပိတ်မယ်လို့လည်း ကြားတယ်။ အမျိုးမျိုးအသံတွေ ကြားနေရတာ။ အခြားစက်ရုံ အလုပ်လျှောက်လုပ်ဖို့ကလည်း မလွယ်ပါဘူး၊ သူတို့ပေးတဲ့ ဒေးကြေး ၅၈၀၀ ကျပ်နဲ့ အလုပ်သမားတွေ ရပ်တည်လို့မရပါဘူး။ ဒါကြောင့် အလုပ်ရှင်မှ အလုပ်မပေးနိုင်တာဖြစ်တဲ့အတွက် ဒေးကြေး ၁၁၀၀၀ ကျပ်၊ ရက်မှန်ကြေး၊ ဂရိတ်ကြေးတို့ကို ပိတ်ရက်များအတွက် ရှင်းပေးစေလိုပါတယ်။
 
အလုပ်သမားတောင်းဆိုချက်များမှာ-
၁။ စက်ရုံခေတ္တပိတ်ပါက ဒေးကြေး ၁၁၀၀၀ ကျပ်၊ ရက်မှန်ကြေး၊ ဂရိတ်ကြေးဖြင့် တွက်ချက်ပေးရန်။
၂။ အလုပ်ခေတ္တပိတ်သည်ဖြစ်စေ သတ်မှတ်ရက်နှင့် အတိအကျ ကြေညာစာကပ်ပေးရန်။
၃။ အပြီးပိတ်မည်ဆိုပါက အလုပ်သမားဥပဒေနှင့် အညီဆောင်ရွက်ပေးရန်။
၄။ ဂရိတ်ကြေးများကို တစ်ရက်ပျက်တာနှင့် ဂရိတ်မချရန်။
 
CHI MEI INTERNATIONAL COMPANY LIMITED အလုပ်သမားများ

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026