ထိုင်းနိုင်ငံကငါးဖမ်းပိုက်လုပ်တဲ့စစ်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာလုပ်သားတွေဟာစက်ရုံဖက်ကအလုပ်သမားအခွင့်အရေးချိုးဖောက်ခဲ့တဲ့အတွက်စက်ရုံရှေ့မှာညအိပ်ဆန္ဒပြကြတယ်လို့သိရပါတယ်။
အလုပ်ရှင်အလုပ်သမား သဘောတူညီထားတဲ့ အချက်၁၀ ချက်ကို အလုပ်ရှင်ဘက်မှ ပြန်လည်ချိုးဖောက်သည့်အတွက် ထိုင်းနိုင်ငံ ခေါ်ကဲန်မြို့ ငါးဖမ်းပိုက်စက်ရုံမှာအလုပ်သမားအခွင့်ရေးချိုးဖောက်ခံရသောမြန်မာလုပ်သား(၁)ထောင်ကျော် ဒုတိယအကြိမ်ညဘက်အိပ်ပြီး ဆန္ဒပြတောင်းဆိုနေကြပါတာဖြစ်တယ်လို့ထိုင်းရောက်မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။
''ပထမအကြိမ် ပြသာနာဖြစ်စဥ်က စက်ရုံဘက်မှ တောင်းဆိုချက်တွေ လိုက်လျောပေးမယ်ဆိုပြီး
ကတိပေးခဲ့ပါတယ် တကယ်တမ်းလုပ်ငန်းခွင်ဝင် တော့ စက်ရုံဘက်မှ ပေးထားသော ကတိတွေကို
ချိုးဖောက်ခဲ့ပါတယ်'' လို့ ကိုယ်တိုင်ပါဝင်သူ မြန်မာလုပ်သားကိုသားကြီးက AAC ကိုပြောခဲ့တယ်လို့သိရပါတယ်။