NEWS

စက်ရုံတွင်းကိုယ်ထိလက်ရောက်ကျူးလွန်ခံနေရတဲ့အပြင် ကာအိ‌န္ဒြေ ပျက်ပြားသည် အထိရိုင်းပြစွာဆဲဆိုခိုင်းစေနေတာတွေရပ်တန့်ပေးဖို့ Nadia Pacific Apparel စက်ရုံမှအလုပ်သမားများလိုလားနေ

CoverLogo
8K Views

"စက်ရုံကတော်တော်မိုက်မိုက်ရိုင်းရိုင်းကိုအုပ်ချုပ်နေတာ မန်နေဂျာတွေ၊ အောစူပါ လီဒါတွေကမိန်းကလေးတွေကိုအထည်ချုပ်တာမရကောင်းလားဆိုပြီးရင်ဘတ်ကိုရိုက်တယ်၊ နားထင်ကိုထိုးတယ်၊ခေါင်းခေါက်တယ်၊ လိမ်ဆွဲတယ်၊ ထုရိုက်တယ်ကိုယ်ထိလက် ရောက်ကိုကျူးလွန်နေတာ"လို့ အလုပ်သမားတဦးကပြောပါတယ်။

မန်မေဂျာ၊ စူပါ၊ အောစူပါ၊ လီဒါ များမှစက်ရုံတွင်းမှာအလုပ်သမားများကိုကိုယ်ထိလက်ရောက်ကျူးလွန်နေတဲ့အပြင် အလုပ်သမားအမျိုးသမီးငယ်တွေကို အိ‌န္ဒြေပျက်ပြားသည်အထိညစ်ငြမ်းစွာအော်ဟစ်ဆဲဆိုနေတာတွေကိုအမြန်ဆုံးရပ်တန့်ပေးဖို့ Nadia Pacific Apparel အထည်ချုပ်စက်ရုံမှအလုပ်သမားတွေလိုလားနေကြတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ Nadia Pacific Apparel အထည်ချုပ်စက်ရုံဟာ ဦးထွန်ညိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်မှာလုပ်သားဦးရေ ၁၀၀၀ နဲ့လုပ်ကိုင်နေတာဖြစ်ပြီး တရုတ်လူမျိုးပိုင်ဆိုင်တဲ့စက်ရုံတခုလဲ ဖြစ်ပါတယ်။

ဒါ့အပြင်စက်ရုံဖက်ကစံချိန်များ မတရားတောင်းပြီး စံချိန်မရလျှင်အောစူပါမှLineထိပ်မှ‌နေပြီးအလုပ်သမားမိန်းခလေးများကိုမကြားဝံ့မနာသာစကားလုံးများနှင့် ခိုင်းနှိုင်းပြီးအမြဲကြမ်းတမ်းစွာအော်ဆဲမှုများပြု လုပ်ခြင်း၊စက်ချုပ်မန်နေဂျာမှအလုပ်သမားမိန်းကလေးများကို ကိုခြေထောက်နဲ့ကန်ခြင်းများပြုလုပ်တယ်လို့အလုပ်သမားတွေကပြောပါတယ်။

"စက်မကောင်းလို့စက်ပြင်ခေါ်ရင်လည်းစက်ပြင်နဲပေးစားတယ်၊ နားမခံနိုင်တဲ့စကားလုံးအသုံအနှုန်းတွေနဲ့ပြောဆိုပြီးမိန်းခလေးတွေကို အိ‌န္ဒြေသိက္ခာမရှိတော့အောင်ပြောဆိုပြီးအိမ်မှာနေတဲ့မိဘတွေပါထိခိုက်ပြီး "နင်တို့ကလူကမွေးတာလားခွေးကမွေးတာလား" ဆိုပြီးပြောတယ်၊ အလုပ်ထဲသွားရတာငရဲကျသလိုခံစား‌နေရသလိုပါပဲ၊ သူတို့‌ပြောဆိုတာကိုပြန်‌ပြောရင်လည်းကိုယ်ရိက္ခာနဲ့ကိုယ်အလုပ်ထွက်လို့လည်းလီဒါက‌ပြောထားတယ်"လို့Nadia Pacific Apparel အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးကပြောပါတယ်။

စက်ရုံဟာအပေါ်ထပ်အောက်ထပ်ရှိပြီးစက်လိုင်းအများအပြားနဲ့လုပ်ကိုင်နေတဲ့စက်ရုံတခုဖြစ်ပြီးလက်ရှိကျူးလွန်ခံနေရတဲ့အလုပ်သမားတွေအနေနဲ့စူပါ၊ လီဒါမှအလုပ်သမားကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းမပြုလုပ်ရန်၊ စူပါ လီဒါများမှရိုင်းစိုင်းစွာဆဲဆိုခြင်း၊ ကြမ်းတမ်းစွာပြောဆိုနေခြင်း၊ မိန်းခလေးများကာအိ‌န္ဒြေသိက္ခာ မရှိအောင်ပြောနေခြင်းများမပြုလုပ်ရန်၊ အလုပ်သမားများအနေနှင့် ဥပဒေခံစားခွင့်များရရှိရန်တို့ကိုလိုလားနေကြပါတယ်။

Nadia Pacific Apparel Garment အထည်ချုပ်စက်ရုံဟာ FAIR WEAR အမှတ်တံဆိပ်အထည်တွေထုတ်လုပ်ဖြန့်ချီနေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026