NEWS

စက်မှုဇုန်များတွင် တစ်ရက်လျှင် လေးနာရီသာ လျှစ်စစ်မီးရရှိ၊ စက်ရုံဂိုဒေါင် ငှားရမ်း၊ ဝယ်ယူတာတွေလျော့ကျလာဟုဆို

CoverLogo
238 Views

စက်မှုဇုန်များတွင် လျှပ်စစ်မီးယခင်အတိုင်း တစ်ရက် ကို လေးနာရီပြန်လည် ရရှိပြီ ဖြစ်တယ်လို စက်ရုံတွေထံ က သိရပါတယ်။

လျှပ်စစ်မီး လုံလောက်မှု မရှိတဲ့ အတွက် မေလ ၁၉ ရက်က စပြီး စက်မှုဇုန်များ ရှိ စက်ရုံတွေ ကို တစ်ရက်လျှင် လျှပ်စစ်မီး ၂နာရီသာ ပေး‌ခဲ့ကာ ယခုဇွန်လ ပထမအပတ်မှာ လေးနာရီပြန်လည် ပေးတာ ဖြစ်တယ်လိုဆိုပါတယ်။

"သုံးရက်လေးရက်ရှိပြီ  တစ်ရက်ကို လေးနာရီ  မီးပြန်ပေးတာ ဒါပေမယ့် ပေးတဲ့ အချိန်မှာလဲ ပြတ်တာလည်းရှိတယ် စက်ရုံတစ်ရုံ လည်ပတ်ဖို့က လေးနာရီ မီးရတာ နဲ့ ဘယ်လိုမှ အဆင်မ‌ပြေဘူး ကျန်တဲ့ အချိန် မီးစက်နဲ့ လည်ပတ်ရတာ စက်ရုံငှားခ ဒီဇယ်ဖိုးတွေ ကုန်ကြမ်းတွေဈေးမြင့်တာတွေ ‌အလုပ်သမားစရိတ်တွေနဲ့  ကုန်ကျစရိတ်တွေ က အရမ်းများလာတော့  လုပ်ငန်းလည်ပတ်ဖို့ ရေရှည် ရပ်တည်ဖိုကို အတော်ခက်လာတယ် "လို လှိုင်သာယာစက်မှုဇုန် ၃ရှိ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

အခုလိုလျှပ်စစ်မီး လုံလောက်စွာ မရခြင်းနဲ့ အခြားအကြောင်းရာတွေကြောင့် စက်ရုံ အချို ပိတ်သိမ်းတာတွေ များပြီး ရန်ကုန်တိုင်းရှိစက်မှုဇုန် များ က စက်ရုံ၊ဂိုဒေါင် ငှားရမ်း ဝယ်ယူ မှုတွေ ပါ လျော့ကျလာတယ်လို အိမ်ခြံမြေနဲ့စက်ရုံ၊ဂိုဒေါင် အကျိူးဆောင်လုပ်သူတွေထံက သိရပါတယ်။

" စက်ရုံ၊ ဂိုဒေါင် ငှားရမ်းတာတွေ ရောင်းဝယ် တာတွေ က ကိုဗစ်ကာလ မှာ အေးသွားတယ် ဒါပေမယ့် အခုနှစ်ပိုင်း တွေမှာ ပိုပြီး အေးသွားတယ် အဓိက ကတော့ လျှပ်စစ်မီး လုံလောက်အောင်မရတာ နဲ့ အများကြီးသက်ဆိုင်တယ် စက်ရုံငှားထားတဲ့သူတွေလဲ နှစ်ထပ်မတိုးတော့ဘဲ ပြန်အပ်ကျတာ များလာတယ်""လိုအိမ်ခြံမြေနဲ့စက်ရုံ၊ဂိုဒေါင် အကျိူးဆောင်လုပ်သူတစ်ဦးကပြောပါတယ်။

ယခုလိုလျှပ်စစ်မီး လုံလောက်အောင် မရရှိရှိတဲ့ အတွက် ကုန်ထုတ် လုပ်ရာမှာ ကုန်ကျစရိတ်ပိုများ လာတဲ့ အတွက် စားသုံးသူ ပြည်သူတွေ အနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ခံနေရတယ်လို့ သိရပါတယ်။


Related posts

Cover
Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ
Nov 22, 2024
Cover
လျှံဖ Lianfa အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုလုပ်ကိုင်ပေးရသည့်အပြင် အောလင်းဆင်းခိုင်း
Nov 20, 2024
Cover
အာဏာသိမ်း စစ်ကောင်စီကို ILO ပုဒ်မ ၃၃ ဖြင့်အရေးယူရန် အလုပ်သမားအစုအဖွဲ့တွေ ကြိုးပမ်း
Nov 20, 2024
Cover
လုပ်ငန်းခွင်အတွင်း ဥပဒေချိုးဖောက်မှုများကို ဝန်ကြီး ဌာနနှင့် အလုပ်ရှင်ပူးပေါင်းပြီး ဟန်ပြစစ်ဆေးမှုသာ လုပ်ဆောင်ခဲ့
Nov 20, 2024
Cover
မသန့်ရှင်းသည့်ရေများကို အလုပ်သမားများ သောက်သုံးနေရ
Nov 18, 2024
Cover
BOGART LINGERIE (yangon)တွင်အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး မပြည့်မီပါက အလုပ်ချိန်မတိုင်ခင်ကြိုတင်ခိုင်းစေနေ
Nov 16, 2024
Cover
က​လေးလုပ်သားများခိုင်းစေနေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေ
Nov 16, 2024
Cover
မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်နှင့် မိသားစု​တွေအတွက်   ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်တဲ့  ဗီဇာထုတ်ပေးမယ်လို့ တရုတ်သံရုံးကြေညာ
Nov 16, 2024