NEWS

စက်မှုကုန်ထုတ်ဏ္ဍတွင် ကလေးလုပ်သားခိုင်းစေမှု ပိုများလာ

CoverLogo
682 Views
 
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်မှုကုန်ထုတ်ဏ္ဍမှာ ကလေးလုပ်သားပပျောက်ရေး ဦးစားပေးလုပ်ဆောင်နေတယ်လို့ ပြောဆိုပေမယ့် လက်တွေ့မှာတော့ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေ ဥပဒေမဲ့ ခိုင်းစေခံရတာတွေဟာ ပိုများလာနေတာဖြစ်ပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ (၂၈) ရက်မှာ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)ကို ကနဦး စီမံချက်နယ်မြေ (၅)ခုအနေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကို သတ်မှတ်ခဲ့ပြီး ဦးစားပေး နယ်ပယ် (၂)ခုဖြစ်တဲ့ စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်ရေး ချမှတ်ထားတဲ့ ရည်မှန်းချက် (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပါတယ်။
 
ဒီအခြေအနေဟာ စက်မှုကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကွာဟမှုတွေ ရှိနေတာကို အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေက ထောက်ပြပြောဆိုထားပါတယ်။
 
"ကလေးလုပ်သားတွေကို အထည်ချုပ်ကဏ္ဍမှာ အများအပြားသုံးလာတာ ဘာဖြစ်လို့လဲဆို‌တော့ ဒီကဏ္ဍမှာ အလုပ်သမားတွေရှားပါးလာတယ် ဘာကြောင့်လဲဆိုတော့ စစ်မှုထမ်း ဥပဒေကြောင့် အလုပ်လုပ်ကိုင်ရတဲ့ အရွယ်တွေက စစ်မှုမထမ်းချင်တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားတွေအသီးသီးထွက်ပြီး အလုပ်သွားလုပ်တဲ့ အခါမှာ ပြည်တွင်းလုပ်သားတွေ လျော့သွားတယ် ကလေးလုပ်သားတွေကလည်း အခုအခြေအနေအရ ကျောင်း မတက်ရဘဲ စီးပွားရေးအခြေအနေတွေကြောင့် လူငယ်လူရွယ်လုပ်သားတွေ လုပ်ငန်းခွင်ထဲရောက်သွားတယ် အလုပ်ရှင်တွေကလည်း လုပ်သားရှားပါးမှုကြောင့် ကလေးတွေကို ခိုင်းတယ် စက်ရုံ အလုပ်သမား ၃၀၀ ကျော်မှာ ၁၅၀ ကျော်က လူငယ်လုပ်သားခိုင်းနေတာတွေရှိတယ်။"လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM မှ အလုပ်သမားအရေးဆောင်ရွက်သူက ပြောဆိုထားပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်နေပြီး ရရှိတဲ့အခကြေးငွေနည်းလွန်းတာ ၊ ပဋိပက္ခတွေ၊ အကြွေးနွံနစ်လာတာတွေ နဲ့ မျှော်လင့်ချက် ကင်းမဲ့လာတာ တွေကြောင့် အရွယ်ရောက် အလုပ်သမားတွေ ဟာ ပြည်ပအလုပ်အကိုင်တွေကို မဖြစ်မနေရွေး ချယ်လာရပြီး အသက်မပြည့်သေးတဲ့ လူငယ် လူရွယ်တွေဟာ ပြည်တွင်းက ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး စတာတွေနဲ့ အောက်ခြေအလုပ်အကိုင်တွေဆီ တွန်းပို့ခံနေရတာလည်းဖြစ်ပါတယ်။
 
ပြည်တွင်းက စက်ရုံတွေမှာ ကလေးလုပ်သားတွေကို လူကြီးလုပ်သားတွေနည်းတူ ခိုင်းစေနေတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိကြပါဘူး။
 
Myanmar Labour News က ရရှိတဲ့ သတင်းအချက်လက်တွေအရ အသက်မပြည့်သေးတဲ့ အလုပ်သမားတွေအတွက် လုပ်ငန်းရှင်တွေဘက်က ထည့်သွင်းစဉ်းစားပေးတာ၊ ဖြေလျှော့ပေးတာ မရှိတာကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။
 
“အလုပ်ထဲမှာ အသက်မပြည့်သေးတဲ့ (၁၄)နှစ်၊ (၁၅) နှစ်၊ (၁၆) နှစ် ကလေးတွေ စုစုပေါင်း (၅၀) ကျော်လောက် ရှိပါတယ်။ ကလေးတွေကို အလုပ်ခန့်တာကိုလည်း ဆရာဝန်ထောက်ခံစာလည်း မတောင်းပါဘူး။ လူကြီး အလုပ်သမားတွေတန်းတူ အလုပ်လုပ်ခိုင်းတာပါ”လို့ Mai Yi Bei Garment Manufacturing Co.Ltd က အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
ကလေးလုပ်သားပပျောက်ရေးအတွက် အမျိုးသားအဆင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကိုလည်း မူလရည်မှန်းချက် (၆) ရပ်အပေါ်အခြေခံပြီး စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနဲ့ ကူးသန်း‌ ရောင်းဝယ်ရေး ကဏ္ဍတွေအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှာ ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026