NEWS

ငလျင်ဒဏ်သင့် အာမခံ လုပ်သားများ စက်တင်ဘာ ၆ ရက် နောက်ဆုံးထားပြီး အကျိုးခံစားခွင့်လျှောက်ထားဖို့ကြေညာ

CoverLogo
284 Views
 
ငလျင်ဒဏ်သင့်ဒေသရှိ အာမခံအလုပ်သမားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ကို စက်တင်ဘာလ ၆ ရက် နောက်ဆုံးထားလျှောက် ထား ဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ကအသိပေးကြေညာထားပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးပုဒ်မ ၁၀၃(ခ )အရ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ခံစားခဲ့ရတဲ့ ဒေသတွေက လူမှုဖူလုံရေး အာမခံ ထည့်၀င်ထားတဲ့ လုပ်သား တွေကို သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ထုတ်ပေးမှာ ဖြစ်ပါတယ်။
 
ငလျင်ဒဏ်သိသာစွာ ခံစားရတဲ့ နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်းက ငလျင်ဒဏ်သင့် အာမခံအလုပ်သမားတွေကို လုပ်ခလစာဝင်ငွေရဲ့ ၄၀ရာခိုင်နူန်း နဲ့ ညီမျှတဲ့ငွေပမာဏ ကို ထုတ်ပေးမယ်လို့ မေလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၄၀ရာခိုင်နှုန်း ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ရက်က နေပြည်တော်ရှိ အာမခံ လုပ်သား ၁၁၀၀၀ ကျော် အတွက် အကျိုးခံစားခွင့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းထုတ်ပေးခဲ့တယ်လို့ လူမှုဖူလုံရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒါကြောင့် ငလျင်ဘေးကျရောက်တဲ့ ဒေသ တွေက အာမခံ လုပ်သားတွေ အနေနဲ့ သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာ ကို စက်တင်ဘာ ၆ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးတွေကို ပေးပို့လျှောက်ထားဖို့အသိပေးထားပါတယ်။
 

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025